သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နစ်မြုပ်နေတဲ့ အောင်စိုးမိုးကျော်အမြန်ရေယာဉ် မဆယ်ယူနိုင်သေး


မိချောင်းတွင်းကျေးရွာနား နစ်မြုပ်သွားသည့် ရေယာဉ် မှ ပျောက်ဆုံးသူများကို ရှာဖွေနေဆဲ
မိချောင်းတွင်းကျေးရွာနား နစ်မြုပ်သွားသည့် ရေယာဉ် မှ ပျောက်ဆုံးသူများကို ရှာဖွေနေဆဲ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်ကနေ မုံရွှာမြို့ကို ထွက်ခွာလာတဲ့ အောင်စိုးမိုးကျော် အမြန်ရေယာဉ်နစ်မြုပ်ခဲ့တာကြောင့် တဝက်နီးပါး ပျောက်ဆုံးနေဆဲဖြစ်သလို အောက်တိုဘာလက ၁၅ရက်နေ့ က၁၈ရက်နေ့ထိ အလောင်း ၄၀ လောက်ဆယ်ယူနိုင်ခဲ့တယ်လို့စစ်ကိုင်းတိုင်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဦးစီးဌာနက ပြောပါတယ်။ ဒါပေမယ့် နစ်မြုပ်နေတဲ့ရေယာဉ်ကိုတော့ အောက်တိုဘာလ ၁၈ ရက်နေ့ညထိ အပြိးသတ် ဆယ်ယူတာမျိးတွေ မလုပ်နိုင်သေးဘူလို့ဆိုပါတယ်။ နစ်မြုပ်ရေယာဉ်နဲ့ လူပျောက်ဆုံးမူ နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့စစ်ကိုင်းတိုင်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဦးစီးဌာနက ညွန်ကြားရေးမှူးဦးစ ဝီလီဖရန့်ကို မအေးအေးမာက ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ သင်္ဘောနှစ်မြုပ်မှုနဲ့ ပက်သက်ပြီး ရေယာဉ်နစ်မြုပ်သွားတာ ဒီနေ့ ဆယ်လို့ ရသွားပြီလားရှင့်။

ဖြေ။ ။ကျနော်တို့ သဘောၤ စက်ခန်းအထိတော့ ပေါ်ပြီခင်ဗျ။ ကျန်တဲ့အပိုင်းတွေပေါ်ဖို့ လုပ်ရမယ်ခင်ဗျ။ ဆက်လုပ်အုန်းမှာပါ အဲဒီလောက်ပဲ ရပါသေးတယ် ဟုတ်ကဲ့။

မေး။ ။ ဆိုတော့ အလောင်းတွေရော ဒီနေ့ထပ်တွေ့သေးလားရှင့်။

ဖြေ။ ။ဒီနေ့ ထပ်တွေ့ပါတယ် အခုအားလုံးပေါင်းတော့ အလောင်း ၄၀ ရှိပါပြီခင်ဗျ။ အစအဆုံးလေ မနေ့ကတော့ ၃၃ လောင်းပါခင်ဗျာ။ ဒီနေ့ကတော့ ၈ လောင်းရပါတယ်ခင်ဗျ။

မေး။ ။ ဆိုတော့ ၄၁ လောင်းပေါ့နော်

ဖြေ။ ။ ဟုတ်ကဲ့ အလောင်း ၄၀ ကျော်ပေါ့နော်။

မေး။ ။ သင်္ဘောထဲကပဲ ထွက်လာတာလား တခြားနေရာကတွေ့တာလား။

ဖြေ။ ။ သင်္ဘောထဲကထွက်တာကတော့ ၂ လောင်းခင်ဗျ ။ ကျန်တဲ့အလောင်းတွေကတော့ အောက်ဘက်ရောက်ပြီးတော့မှ ပြန်ပြီးအပေါ်တက်လာတာပါခင်ဗျ။

မေး။ ။ အခုပျောက်ဆုံးစာရင်းကော အတိအကျသိပြီလားရှင့်။

ဖြေ။ ။ ပျောက်ဆုံးစာရင်းတော့ ကျနော်တို့ ပြုစုထားတာပေါ့နော်။ အသက်ရှင်တဲ့သူတွေ သူတို့နဲ့ အတူတူစီးလို့ ပါလာတဲ့သူတွေကိုမေးထားတာရယ်၊ မိဘဆွေမျိုးတွေရယ် ဆက်သွယ်တာတွေရယ်။ ကျနော်တို့ ပျောက်ဆုံးစာရင်းအစမှာတော့ ၈၀ ရှိပါတယ်ခင်ဗျ။ လောလောဆယ်တော့အခု ၈၀ ထဲက အလောင်း ၄၀ ထွက်လာတဲ့ပုံစံမျိုးဖြစ်နေတာပေါ့နော်။ အဲဒီလိုဖြစ်မယ်လို့ထင်ပါတယ် ဟုတ်ကဲ့။

မေး။ ။အခုလောလောဆယ် ရေယာဉ်မောင်းတဲ့သူတွေဘာတွေကရော အသက်ရှင်လား သူတို့ကရော၊

ဖြေ။ ။ရေယာဉ်မောင်းတဲ့ ရေယာဉ်ပိုင်ရှင်က မရှိဘူးပေါ့ ၊ သင်္ဘောထဲမှာလည်း မပါလောက်ဘူးလို့ ကျနော်တို့ ယူဆထားပါတယ်။ ရေယာဉ်လုပ်သား ၄ ယောက်ကိုတော့ ကျနော်တို့ ထိန်းသိမ်းထားပါတယ်။

မေး။ ။သူတို့ပြောကြားချက်အရဆိုရင် ရေယာဉ်ပေါ်မှာ ဘယ်လောက်များပါသလဲရှင့်။

ဖြေ။ ။ အခုဆိုရင် အသက်ရှင်တာကလည်း ၁၅၉ ယောက်ပေါ့နော် ရေယာဉ်လုပ်သား ၄ ယောက်အပါ။ နောက်ပြီး သေဆုံးတာရော အလောင်းအရဆိုရင် ကျနော်တို့က ၂၀၀ ကျော်ပြီဆိုတော့လေ၊ ကျနော်ထင်တယ် ၂၅၀ အဲဒီလောက်ဝန်းကျင်မှာ ရှိမယ်နဲ့တူတယ်ခင်ဗျ။

မေး။ ။ ရေယာဉ်ကလူတွေရောမပြောဘူးလား။ သူတို့လက်မှတ်၊ ခရီးစဉ်ဘယ်လောက်ကိုဖြတ်လာတယ်ဆိုတာ

ဖြေ။ ။ ဟုတ်ကဲ့ သူတို့ ဂိတ်ထွက်တွေအရဆိုရင်တော့ သူတို့ ရဲ့ Maximum တင်လို့ရတဲ့ အတိုင်းအတာအထိလည်းပါတာပေါ့လေ ဒါက လက်မှတ်ဖြတ်တဲ့ အနေအထားနဲ့ဆိုရင်။ ဒါပေမယ့် လက်မှတ်မဖြတ်ပဲနဲ့ တင်တာတွေလည်း အများကြီးပါလာတာလည်းဖြစ်ပါတယ်။

မေး။ ။ ဒီအသက်ဘေးကနေ လွတ်လာတဲ့လူတွေပြောတဲ့အရပေါ့ သူတို့ ၃၀၀ ရာကျော်လောက်ပါတယ်လို့ ပြောနေတယ် အဲဒါရောဖြစ်နိုင်သလားရှင့်။

ဖြေ။ ။ဟုတ်ကဲ့ ကျနော်တို့ ခန့်မှန်းတာလည်း ၃၀၀ နီးပါးဆိုတော့ သူတို့က ကိုယ်တိုင်ကြုံတယ်ဆိုတော့ ပြောလို့တော့မရဘူး။ သေချာတာ ၁ ခုက တင်ရမယ့်လူထက်များတာရယ် ၊ နောက် Weight ပါတာရယ်ပေါ့နော် ဆိုင်ကယ်တို့ တခြားweight တွေလည်းပါတယ်ပေါ့နော် ဆိုတော့ နည်းနည်း weight ကတော့ များတာတော့ သေချာပါတယ်။

မေး။ ။ ဟုတ်ကဲ့ ကျေးဇူးအများကြီးတင်ပါတယ်။

စစ်ကိုင်းတိုင်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဦးစီးဌာနက ညွန်ကြားရေးမှူးဦးစ ဝီလီဖရန့်ကို မအေးအေးမာက ဆက်သွယ်မေးမြန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG