သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗြိတိန်ကိုဝင်ဖို့ ကြိုးပမ်းသူ ၃၀ ကျော် အင်္ဂလိပ် ရေလက်ကြားမှာ လှေမှောက်သေဆုံး


 ရွှေ့ပြောင်းဝင်ရောက်လာသူတွေကို ကယ်တင်လာစဉ်
ရွှေ့ပြောင်းဝင်ရောက်လာသူတွေကို ကယ်တင်လာစဉ်

- - - [[ Zawgyi ]] - - -

ဗြိတိန်ကိုဝင်ဖို့ ကြိုးပမ်းသူ ၃၀ ကျော် အင်္ဂလိပ် ရေလက်ကြားမှာ လှေမှောက်သေဆုံး

အင်္ဂလိပ်ရေလက်ကြားမှာ ရွှေ့ပြောင်းဝင်ရောက်သူတွေ လိုက်ပါလာတဲ့ လှေတစင်း မတော်တဆ နစ်မြုပ်ရာက ၃၁ ယောက်ထက်မနည်း သေဆုံးခဲ့တဲ့အပေါ် ဝမ်းနည်းတုန်လှုပ်မိကြောင်း ဗြိတိန်ဝန်ကြီးချုပ်က ပြောလိုက်ပါတယ်။

“ရေလက်ကြားမှာ အသက်ဆုံးရှုံးမှုတွေ ကြုံခဲ့ရတဲ့အပေါ် ထိတ်လန့်တုန်လှုပ်မိသလို၊ အလွန်အမင်း စိတ်မကောင်းလည်း ဖြစ်ရပါတယ်။” လို့ ဝန်ကြီးချုပ် Boris Johnson ပြောသွားတာပါ။

ရေလက်ကြားကိုဖြတ်သန်းပြီး ပြင်သစ်နိုင်ငံကနေ ဗြိတိန်ကိုသွားဖို့ ကြိုးစားရင်း မတော်တဆ သေဆုံးရတဲ့ ဖြစ်ရပ်တွေထဲမှာ အဆိုးဆုံးလည်း ဖြစ်ခဲ့တဲ့ လုပ်ရပ်ဟာ အန္တရာယ်များလှတဲ့ လမ်းကြောင်းတခု အဖြစ်နဲ့လည်း ဝန်ကြီးချုပ်က ပြောဆိုသွားပါတယ်။

မကြာသေးခင် လတွေကစလို့ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုတွေကို ဗြိတိန်နဲ့ ပြင်သစ် အာဏာပိုင်တွေ နှိမ်နင်းလာရာက အင်္ဂလိပ်ရေလက်ကြားကနေ ဝင်ရောက်ဖို့ ကြိုးပမ်းမှုတွေလည်း တိုးလာနေတာပါ။

ရာဘာလှေတစင်းနဲ့ ရေလက်ကြားကို ဖြတ်ကူးဖို့ ကြိုးပမ်းရင်း ဗုဒ္ဓဟူးနေ့က သေဆုံးသူတွေထဲမှာ အမျိုးသမီး ၅ ဦးနဲ့ မိန်းကလေး ၁ ဦး အပါအဝင် ၃၁ ယောက် ရှိကြောင်း ပြင်သစ် ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။ အသက်မသေ လွတ်မြောက်လာသူ ၂ ဦး ရှိခဲ့ပေမဲ့ ပြင်းထန်တဲ့ အအေးဒဏ်ကြောင့် အသက်အန္တရာယ် စိုးရိမ်ရတယ်လို့လည်း ပြည်ထဲရေးဝန်ကြီး Gerald Darmanin ကပြောပါတယ်။ ရွှေ့ပြောင်းဝင်ရောက်သူတွေဟာ ဘယ်နိုင်ငံနဲ့ ဘယ်သူတွေဆိုတာ မသိရပေမဲ့ မသင်္ကာသူ လူမှောင်ခို ၄ ဦးကို ဖမ်းဆီးထားကြောင်းလည်း ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

- - - {{ Unicode }} - - -







XS
SM
MD
LG