သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သြစတြေးလျ နိုင်ငံခြားရေး ၀န်ကြီး မြန်မာပြည် သွားမည်


သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး Bob Carr နဲ့ NLD ဥက္ကဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်တို့ ရန်ကုန်မှာ တွေ့ဆုံစဉ် (ဇွန် ၂၀၁၂)
သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ဘော့ ကား (Bob Carr) ဟာ July လ ၁၀ ရက်နဲ့ ၁၁ နေ့တွေမှာ မြန်မာနိုင်ငံကိုသွားမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာလုပ်နေတဲ့ ပြုပြင်ပြောင်းလဲရေး ကိစ္စတွေ၊ နိုင်ငံတကာ က မြန်မာနိုင်ငံ ပညာရေးနဲ့ လူ့အခွင့်အရေးအတွက် ပေးတဲ့ ကူညီထောက်ပံ့မှု ကိစ္စတွေ၊ ရခိုင်ပြည်နယ်က အခြေအနေတွေနဲ့ သြစတြေးလျ-မြန်မာ
နှစ်နိုင်ငံကြား စီးပွားရေးကိစ္စတွေကို နိုင်ငံခြားရေးဝန်ကြီး ဘော့ကားရဲ့ ခရီးစဉ်အတွင်းမှာ ဆွေးနွေးဖို့ရှိတယ်လို့ သြစတြေးလျ နိုင်ငံခြားရေးဌာနက ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

သူ့ရဲ့ နှစ်ရက်ခရီးစဉ်အတွင်းမှာ သမ္မတဦးသိန်းစိန် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အပြင် လူမှုအသိုင်းအဝိုင်းနဲ့ စီးပွားရေးအသိုင်းအဝိုင်းက ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံဖို့ စီစဉ်ထားတဲ့အကြောင်း ကြေညာချက်ထဲမှာ ပြောထားပါတယ်။

မြန်မာပြည်သူတွေရဲ့ ဘဝတွေ တိုးတက်ဖို့အတွက် သြစတြေးလျ နဲ့ မြန်မာ ကြားမှာ အနီးကပ် ပူးပေါင်းဆောင်ရွက်နေသလို ကျန်းမာရေး၊ ကုန်သွယ်ရေး၊ စီးပွားရေးစတဲ့ ကဏ္ဍတွေကနေ အကူအညီတွေ ပေးနေတယ်လို့ သြစတြေးလျ အစိုးရက ပြောပါတယ်။

၂၀၁၅ ခုနှစ် မတိုင်ခင်အထိ သြစတြေးလျနိုင်ငံက မြန်မာနိုင်ငံအတွက်
ထောက်ပံ့မှု အကူအညီကို နှစ်ဆတိုးပြီး သြစတြေးလျ ဒေါ်လာ သန်း ၁၀၀ အထိပေးသွားဖို့ရှိပြီး ဒီအကူအညီတွေကို ဝေးလံတဲ့ ဒေသတွေနဲ့ ဒေသန္တရက ကျန်းမာရေး၊ ပညာရေးပိုင်းမှာ အဓိက သုံးစွဲသွားမယ်လို့ဆိုပါတယ်။

ရခိုင်ပြည်နယ်ထဲက အိုးအိမ်စွန့်ခွာနေရသူတွေအတွက်လည်း သြစတြေးလျ ဒေါ်လာ ၅ ဒဿမ ၈ သန်း အကူအညီပေးဖို့ အာမခံထားပါတယ်။

ဒါ့အပြင် ပဋိပက္ခဖြစ်တဲ့နေရာတွေမှာ ငြိမ်းချမ်းရေးတည်ဆောက်ဖို့အတွက်နဲ့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးစင်တာအတွက် သြစတြေးလျား ဒေါ်လာ ၅ သန်း
ထောက်ပံ့ကူညီမယ်လို့ သြစတြေးလျားနိုင်ငံခြားရေးဌာနက ဒီကနေ့ ထုတ်ပြန် တဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG