သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗုဒ္ဓဂါယာဗုံးဖောက်ခွဲဖို့ ကြံစည်သူတွေ အိန္ဒိယအစိုးရ ဖမ်းဆီး


ဗုဒ္ဓဂါယာ
ဗုဒ္ဓဂါယာ

ဇန်နဝါရီလတုန်းက ဗုဒ္ဓဂါယာအနီးမှာ ဗုံးဖောက်ခွဲဖို့ ကြံစည်ခဲ့မှုနဲ့ ဆက်နွယ်နေသူ ၂ ဦးကို အိန္ဒိယ အာဏာပိုင်တွေက ဖမ်းဆီး အရေးယူလိုက်ပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်းမှာ ရိုဟင်ဂျာတွေဟာ မြန်မာနိုင်ငံအတွင်းက ရိုဟင်ဂျာတွေနဲ့ သွေးစည်း ညီညွတ်ကြောင်း ပြသတဲ့အနေနဲ့ရော၊ အိန္ဒိယအစိုးရကို ဆန့်ကျင်တဲ့အနေနဲ့ရော အဲဒီလို ဗုံးဖောက်ခွဲဖို့ စီစဉ်ခဲ့တာလို့ အိန္ဒိယ အမျိုးသား ထောက်လှမ်းရေးအဖွဲ့ NIA က ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၉ ရက်နေ့က တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမား ဟောကြားမယ့် တရားနာဖို့အတွက် လူအများ စုဝေးနေကြတဲ့အချိန် ဗုဒ္ဓဂါယာစေတီတော်အနီးက မီးဖိုချောင်တခုအတွင်း ပေါက်ကွဲမှုအရှိန် မပြင်းလှတဲ့ ဖောက်ခွဲရေးပစ္စည်းတခု တွေ့ရှိခဲ့တာကြောင့် လူတွေ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ထွက်ပြေးခဲ့ကြရပါတယ်။

အဲဒီဗုံးဟာ ဘုန်းတော်ကြီး ဒလိုင်းလားမားနဲ့ Bihar ပြည်နယ် အုပ်ချုပ်ရေးမှူးတို့ ဗုဒ္ဓဂါယာစေတီတော်ဝင်းထဲ ရောက်လာတဲ့အချိန်မှာ ပေါက်ကွဲဖို့အတွက် စီစဉ်ထားတာလို့ NIA က ပြောပါတယ်။

သူတို့ရဲ့ ရည်ရွယ်ချက်ဟာ မြန်မာအစိုးရကို ဆန့်ကျင် တိုက်ခိုက်နေတဲ့ ရိုဟင်ဂျာတွေနဲ့ သွေးစည်းညီညွတ်ကြောင်း ပြသဖို့၊ လူတွေ သေကြေ ပျက်စီးစေဖို့နဲ့ အိန္ဒိယအစိုးရကို စစ်ပွဲဆင်နွဲဖို့တို့အတွက်ဖြစ်ကြောင်း အိန္ဒိယထောက်လှမ်းရေးအဖွဲ့ NIA က ပြောပါတယ်။

Jamaat-ul-Mujahideen ဆိုတဲ့ ဘင်္ဂလားဒေ့ရှ်အခြေစိုက် အစ္စလာမ်မစ်အကြမ်းဖက်အဖွဲ့က ထိပ်တန်းခေါင်းဆောင် Mohammed Jahidul Islam နဲ့ Sheikh အပါအဝင် ဒီကိစ္စနဲ့ ဆက်နွယ်နေသူ ၇ ဦးကို NIA အဖွဲ့က ဖမ်းဆီးထားပြီး ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG