သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Killer Mountain တက်ရင်း ပျောက်ဆုံးနေသူ ၂ ဦး ရုပ်အလောင်း ရှာတွေ့ပြီ


Tom Ballard (ဘယ်ဘက်) နဲ့ Daniele Nardi တို့ ပုံ
Tom Ballard (ဘယ်ဘက်) နဲ့ Daniele Nardi တို့ ပုံ

ပါကစ္စတန် နိုင်ငံက ကမ္ဘာ့အမြင့်ဆုံး တောင်တွေထဲက တခုကို တက်ဖို့ ကြိုးစားရင်း ပျောက်ဆုံးခဲ့တဲ့ ဗြိတိန်နဲ့ အီတလီ တောင်တက်သမား နှစ်ဦးရဲ့ ရုပ်အလောင်းကို ရှာဖွေ တွေ့ရှိပြီ ဖြစ်ကြောင်း တာဝန်ရှိသူတွေက စနေနေ့မှာ ပြောပါတယ်။

Tom Ballard နဲ့ Daniele Nardi တို့က ၈,၁၂၅ မီတာ မြင့်တဲ့ Killer Mountain လို့ ခေါ်တဲ့ Nanga Parbat တောင်ပေါ်ကို ပြီးခဲ့တဲ့ သီတင်း ၂ ပတ်တုန်းက တက်ဖို့ ကြိုးစားရင်း ရာသီဥတု ဆိုးရွားမှုနဲ့ ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။

ရှာဖွေတွေ့ရှိခဲ့တဲ့ ရုပ်အလောင်း နှစ်ခုကို အဝေးကြည့် မှန်ပြောင်း၊ နောက် အပေါ်စီးကနေ ရိုက်ယူထားတဲ့ ဓာတ်ပုံတွေနဲ့ စစ်ဆေးပြီး အသက် ၄၂ နှစ် အရွယ် Nardi နဲ့ အသက် ၃၀ အရွယ် Ballard တို့ ဖြစ်တယ်ဆိုတာကို အတည်ပြုခဲ့ပြီး ရှာဖွေမှုကို အဆုံးသတ်လိုက်ပြီ ဖြစ်ကြောင်း ပါကစ္စတန် ဆိုင်ရာ အီတလီ သံအမတ်ကြီးက စနေနေ့မှာ ပြောပါတယ်။

ရှာဖွေရေး အဖွဲ့ကို တောင်ပေါ်ရောက်နိုင်ဖို့ ပါကစ္စတန် စစ်တပ် ရဟတ်ယာဉ်တွေ အသုံးပြုခဲ့ပါတယ်။ အီတလီ နိုင်ငံသား Nardi ဟာ သူနဲ့ အတူ ခရီးသွားတဲ့ ဗြိတိန် တောင်တက်သမားနဲ့ အတူ သေဆုံးခဲ့ကြောင်း သူ့ရဲ့ Facebook မှာ မိသားစုက ရေးသားခဲ့ပါတယ်။

Nardi နဲ့ Ballard တို့က ဖေဖော်ဝါရီလ ၂၄ ရက်နေ့က သူတို့ရဲ့ တောင်ခြေ စခန်းနဲ့ နောက်ဆုံး ဆက်သွယ်ခဲ့တာ ဖြစ်ပြီး နောက်နေ့မှာ တောင်ပေါ် ဆက်တက်မယ်လို့ ပြောဆိုခဲ့တဲ့ အကြောင်း စီစဉ်သူတွေက ပြောပါတယ်။ Ballard ရဲ့ မိခင်ဖြစ်သူ Alison Hargreaves ဟာလည်း ပါကစ္စတန်က ကမ္ဘာ့ ဒုတိယ အမြင့်ဆုံးတောင် K2 ကို တက်ရောက်ဖို့ ကြိုးစားရင်း ကွယ်လွန်ခဲ့တာပါ။

Killer Mountain တက်ရင်း ပျောက်ဆုံးနေသူ ၂ ဦး ရုပ်အလောင်း ရှာတွေ့ပြီ
please wait

No media source currently available

0:00 0:00:38 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG