သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Boeing ကုမ္ပဏီက အာကာသယာဉ်ငယ် စမ်းသပ်လွှတ်တင်


[[Zawgyi/Unicode]]

Boeing ကုမ္ပဏီက ထုတ်လုပ်တဲ့ လူလိုက်ပါစီးနင်းနိုင်တဲ့ အာကာသာယာဉ်ငယ်ဟာ နိုင်ငံတကာ အာကာသစခန်းကို မနေ့က ထပ်မံ စမ်းသပ်လွှတ်တင်ခဲ့ပါတယ်။

အမေရိကန်ပြည်ထောင် Cape Canaveral အငူကနေ မနေ့က လွှတ်တင်လိုက်တဲ့ အခုတကြိမ်မှာလည်း လူအစစ်လိုက်ပါခြင်းမရှိဘဲ လူအရုပ်သာ လိုက်ပါသွားခဲ့တာဖြစ်ပါတယ်။ ဒါဟာ Boeing ကုမ္ပဏီက အာကာသစခန်းကို တတိယအကြိမ် မြောက် အာကာသယာဉ်ငယ် လွှတ်တင်ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂ ကြိမ်မှာတုန်းကတော့ ကွန်ပျူတာ နည်းပညာဆော့ဖ်ဝဲ နဲ့ စက်ပိုင်းဆိုင်ရာ ချို့ယွင်းချက်တွေကြောင့် အောင်မြင်မှုမရခဲ့ပါဘူး။

တကယ်လို့ ဒီ အာကာသာယာဉ်ငယ်သာ ဒီနေ့မှာ အာကာသာစခန်းကို ရောက်ခဲ့ပြီးတော့ အားလုံးအဆင်ပြေတယ်ဆိုရင် ၊ NASA အမေရိကန် အာကာသအေဂျင်စီက စမ်းသပ်ထားတဲ့ အာကာသယာဉ်မှူးတွေဟာ Boeing ကုမ္ပဏီက အခုနှစ်အကုန်မှာ ပထမဆုံးအကြိမ် အာကာသယာဉ်မှူးနဲ့ လွှတ်တင်မယ့် အာကာသယာဉ်မှာ လိုက်ပါသွားဖွယ်ရှိနိုင်ပါတယ်။

SpaceX ကုမ္ပဏီကတော့ NASA က အာကာသယာဉ်မှူးတွေနဲ့အတူ အာကာသထဲကို ပျံသန်းနေတာ ၂ နှစ် ရှိသွားပြီဖြစ်ပြီး၊ Boeing ကုမ္ပဏီကလည်း ဒါကို အမီလိုက်နိုင်ဖို့ ကျိုးပမ်းနေတာဖြစ်ပါတယ်ခင်ဗျာ။

တိုက်ရိုက် လင့်ခ်

============

[[Unicode]]






============

XS
SM
MD
LG