[[Zawgyi/Unicode]]
Boeing ကုမၸဏီက ထုတ္လုပ္တဲ့ လူလိုက္ပါစီးနင္းႏုိင္တဲ့ အာကာသာယာဥ္ငယ္ဟာ ႏုိင္ငံတကာ အာကာသစခန္းကို မေန႔က ထပ္မံ စမ္းသပ္လႊတ္တင္ခဲ့ပါတယ္။
အေမရိကန္ျပည္ေထာင္ Cape Canaveral အငူကေန မေန႔က လႊတ္တင္လိုက္တဲ့ အခုတႀကိမ္မွာလည္း လူအစစ္လိုက္ပါျခင္းမရွိဘဲ လူအရုပ္သာ လိုက္ပါသြားခဲ့တာျဖစ္ပါတယ္။ ဒါဟာ Boeing ကုမၸဏီက အာကာသစခန္းကို တတိယအႀကိမ္ ေျမာက္ အာကာသယာဥ္ငယ္ လႊတ္တင္ခဲ့တာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ၂ ႀကိမ္မွာတုန္းကေတာ့ ကြန္ပ်ဴတာ နည္းပညာေဆာ့ဖ္၀ဲ နဲ႔ စက္ပိုင္းဆုိင္ရာ ခ်ိဳ႕ယြင္းခ်က္ေတြေၾကာင့္ ေအာင္ျမင္မႈမရခဲ့ပါဘူး။
တကယ္လို႔ ဒီ အာကာသာယာဥ္ငယ္သာ ဒီေန႔မွာ အာကာသာစခန္းကို ေရာက္ခဲ့ၿပီးေတာ့ အားလုံးအဆင္ေျပတယ္ဆုိရင္ ၊ NASA အေမရိကန္ အာကာသေအဂ်င္စီက စမ္းသပ္ထားတဲ့ အာကာသယာဥ္မွဴးေတြဟာ Boeing ကုမၸဏီက အခုႏွစ္အကုန္မွာ ပထမဆုံးအႀကိမ္ အာကာသယာဥ္မွဴးနဲ႔ လႊတ္တင္မယ့္ အာကာသယာဥ္မွာ လိုက္ပါသြားဖြယ္ရွိႏုိင္ပါတယ္။
SpaceX ကုမၸဏီကေတာ့ NASA က အာကာသယာဥ္မွဴးေတြနဲ႔အတူ အာကာသထဲကို ပ်ံသန္းေနတာ ၂ ႏွစ္ ရွိသြားၿပီျဖစ္ၿပီး၊ Boeing ကုမၸဏီကလည္း ဒါကို အမီလိုက္ႏုိင္ဖို႔ က်ိဳးပမ္းေနတာျဖစ္ပါတယ္ခင္ဗ်ာ။
============
[[Unicode]]
Boeing ကုမ္ပဏီက အာကာသယာဉ်ငယ် စမ်းသပ်လွှတ်တင်
Boeing ကုမ္ပဏီက ထုတ်လုပ်တဲ့ လူလိုက်ပါစီးနင်းနိုင်တဲ့ အာကာသာယာဉ်ငယ်ဟာ နိုင်ငံတကာ အာကာသစခန်းကို မနေ့က ထပ်မံ စမ်းသပ်လွှတ်တင်ခဲ့ပါတယ်။
အမေရိကန်ပြည်ထောင် Cape Canaveral အငူကနေ မနေ့က လွှတ်တင်လိုက်တဲ့ အခုတကြိမ်မှာလည်း လူအစစ်လိုက်ပါခြင်းမရှိဘဲ လူအရုပ်သာ လိုက်ပါသွားခဲ့တာဖြစ်ပါတယ်။ ဒါဟာ Boeing ကုမ္ပဏီက အာကာသစခန်းကို တတိယအကြိမ် မြောက် အာကာသယာဉ်ငယ် လွှတ်တင်ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂ ကြိမ်မှာတုန်းကတော့ ကွန်ပျူတာ နည်းပညာဆော့ဖ်ဝဲ နဲ့ စက်ပိုင်းဆိုင်ရာ ချို့ယွင်းချက်တွေကြောင့် အောင်မြင်မှုမရခဲ့ပါဘူး။
တကယ်လို့ ဒီ အာကာသာယာဉ်ငယ်သာ ဒီနေ့မှာ အာကာသာစခန်းကို ရောက်ခဲ့ပြီးတော့ အားလုံးအဆင်ပြေတယ်ဆိုရင် ၊ NASA အမေရိကန် အာကာသအေဂျင်စီက စမ်းသပ်ထားတဲ့ အာကာသယာဉ်မှူးတွေဟာ Boeing ကုမ္ပဏီက အခုနှစ်အကုန်မှာ ပထမဆုံးအကြိမ် အာကာသယာဉ်မှူးနဲ့ လွှတ်တင်မယ့် အာကာသယာဉ်မှာ လိုက်ပါသွားဖွယ်ရှိနိုင်ပါတယ်။
SpaceX ကုမ္ပဏီကတော့ NASA က အာကာသယာဉ်မှူးတွေနဲ့အတူ အာကာသထဲကို ပျံသန်းနေတာ ၂ နှစ် ရှိသွားပြီဖြစ်ပြီး၊ Boeing ကုမ္ပဏီကလည်း ဒါကို အမီလိုက်နိုင်ဖို့ ကျိုးပမ်းနေတာဖြစ်ပါတယ်ခင်ဗျာ။
============