သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗိုလ်ကလေးတင့်အောင် ကွယ်လွန်


စွယ်စုံအနုပညာရှင် ဗိုလ်ကလေး တင့်အောင်
စွယ်စုံအနုပညာရှင် ဗိုလ်ကလေး တင့်အောင်

---- [ Zawgyi ] ---

ဗိုလ်ကလေးတင့်အောင် ကွယ်လွန်

မြန်မာနိုင်ငံရဲ့ ပြဇာတ်၊ ရုပ်ရှင်နဲ့ တေးသီချင်း ဂီတနယ်ပယ်မှာ ထင်ရှားကျော်ကြားတဲ့ ဗိုလ်ကလေး တင့်အောင်ဟာ အသက်(၁၀၀)ပြည့်ဖို့ လပိုင်းအလို၊ ဒီဇင်ဘာလ(၁၆)ရက် ည ၁၁ နာရီအချိန်မှာ လူကြီးရောဂါနဲ့ ကွယ်လွန် သွားပြီဖြစ်ပါတယ်။

ဗိုလ်ကလေး တင့်အောင်ကို ဧရာဝတီတိုင်း ဘိုကလေးမြို့မှာ ၁၉၂၂ ခု၊ ဇွန်လ(၃)ရက်နေ့မှာ မွေးဖွားခဲ့ပြီး မွေးချင်း ၆ ယောက်အနက် ဒုတိယမြောက် သားဖြစ်ပါတယ်။ ညီဖြစ်သူ ဂီတလုလင် မောင်ကိုကိုကတော့ စတုတ္ထမြောက်သား ဖြစ်ပါတယ်။

မြန်မာနိုင်ငံ လွတ်လပ်ရေး မရခင် ၁၉၄၀ ပြည့်လောက်မှာ သီချင်းတွေ စရေးခဲ့ပြီး ၊ ပြဇာတ်ဆရာ ဒဂုန်ဆရာတင်ထံမှာ သီချင်းရေး၊ ဇာတ်ညွှန်းရေး ဆရာအဖြစ် ဝင်ရောက် လုပ်ကိုင်ခဲ့ပါတယ်။ ပြဇာတ်နဲ့ ပတ်သက်လို့ သူ့ရဲ့ခံယူချက်ကို ၂၀၁၉ ခုနှစ်တုန်းက ကမာရွတ်-မီဒီယာရဲ့ Proud Myanmar အစီအစဉ်နဲ့ မေးမြန်းခန်းမှာ ဗိုလ်ကလေး တင့်အောင်က ခုလို ပြောသွားပါတယ်။

" ပြဇာတ်ဆိုတဲ့ ပညာဟာ လွယ်သလားလို့ မေးရင်၊ အင်မတန်ခက်တယ်။ စင်ပေါ်မှာ ပြောနေတဲ့ လူတယောက်ရဲ့အာရုံကို ပွဲကြည့်တဲ့သူ ထောင်သောင်းချီတဲ့လူတွေရဲ့ အာရုံက စင်ပေါ်ကလူဆီကို တယောက်ထဲ ပြုံပြီးရောက်တယ်။ အဲဒီလူတွေရဲ့ မျက်လုံး အာရုံဝင်စားမှုက ရှိနေပါလားဆိုတာ သိလိုက်တာနဲ့အမျှ တုန်လှုပ်သွားတာ။ ဒါ့ကြောင့် အနုပညာ ဆိုတာဟာ အင်မတန် နတ်ကြီးပါလားလို့ ပြောကြတယ်။ "

ဒီကနေ့အချိန်ထိ ဗိုလ်ကလေးတင့်အောင် ရေးသားခဲ့တဲ့ ပြဇာတ်ရှည် ၊ ပြဇာတ်တို၊ တစ်ခန်းရပ် ပြဇာတ်နဲ့ တေးသရုပ်ဖော် စုစုပေါင်း ၁၅၀ နီးပါး ရှိပါတယ်။ သူကိုယ်တိုင် ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားတွေက - "ငယ်ကျွမ်းဆွေ၊ နော်ကူးမ ၊ မြခြူသံ" တို့ ဖြစ်ပါတယ်။ သီချင်းတွေဖက်ကြည့်ရင် "ဂျင်မလေး ဂျမ်း၊ သက်ဆိုင်သူသို့ ၊ မျက်ဝန်းလဲ့ပြာပြာ ၊ လက်ပံပွင့်ကောက် အရောက်လာမယ်၊ ငယ်ကျွမ်းဆွေ" စတဲ့ သီချင်းတွေဟာ ထင်ရှားပါတယ်။ သီချင်းသံစဉ်တွေကိုတော့ ညီဖြစ်သူ ဂီတလုလင် မောင်ကိုကိုက ဖြည့်စွက်ပေးခဲ့တာပါ။

NLD အရပ်သား အစိုးရလက်ထက် ၂၀၁၇ ခုနှစ်ကျင်းပတဲ့ (၆၆) ကြိမ်မြောက် အကယ်ဒီပေးပွဲမှာ ပထမဆုံးအကြိမ်အဖြစ် သတ်မှတ်ချီးမြှင့်တဲ့ 'တသက်တာ ရုပ်ရှင်ထူးချွန်ဆု'ကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ပေးအပ်ခဲ့ပြီး၊ ဗိုလ်ကလေးတင့်အောင် လက်ခံ ရယူခဲ့ပါတယ်။ လူကြီးရောဂါနဲ့ နာမကျန်း ဖြစ်နေတဲ့ ဗိုလ်ကလေးတင့်အောင်ကို ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်းက စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် လာရောက်ဂါရဝပြုခဲ့ပါတယ်။

ဗိုလ်ကလေးတင့်အောင်ဟာ ကွယ်လွန်ချိန်မှာ သားသမီး ၄ ဦးနဲ့ မြေး ၅ ယောက် ကျန်ရစ်ခဲ့ပါတယ်။

ဗိုလ်ကလေးတင့်အောင်နှင့် ညီဖြစ်သူ ဂီတလုလင် မောင်ကိုကို
ဗိုလ်ကလေးတင့်အောင်နှင့် ညီဖြစ်သူ ဂီတလုလင် မောင်ကိုကို

--- { Unicode } ---








ဗိုလ်ကလေးတင့်အောင် ကွယ်လွန်
please wait

No media source currently available

0:00 0:01:42 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG