သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Nigeria အစွန်းရောက် လက်ချက် လူ ၁၅၀ သေဆုံး


စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုခံရတဲ့ နိုင်ဂျီးရီးယား။
စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုခံရတဲ့ နိုင်ဂျီးရီးယား။

နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းမှာ ဘိုကို ဟာရမ်းမ် စစ်သွေးကြွလို့ သံသယရှိသူတွေရဲ့ တိုက်ခိုက်မှုတွေကြောင့် လူပေါင်း ၁၅၀ ထက်မနည်း သေဆုံးသွားပါတယ်။ အဆိုးရွားဆုံးတိုက်ခိုက်မှုက Lake Chad အနီး Kukawa မြို့မှာ ဗုဒ္ဓဟူးညနေပိုင်းက တိုက်ခိုက်မှုဖြစ်ပြီးတော့ လူ ၉၇ ယောက် သေဆုံးတယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။

ရာမာဒန် ဥပုသ်နေ့အဆုံးမသတ်ခင် ဝတ်ပြုဆုတောင်းနေတဲ့ အမျိုးသားတွေကို သေနတ်သမားတွေက ဗလီတွေထဲဝင်ပစ်ပြီးတဲ့နောက် အိမ်တွေကိုတိုက်ခိုက်ပြီး စားသောက်ဖွယ်ရာပြင်ဆင်နေတဲ့ အမျိုးသမီး တွေကို ပစ်သတ်ကြတယ်လို့ မျက်မြင်တွေကပြောပါတယ်။

သီးခြားဖြစ်ရပ်တခုမှာတော့ Monguno မြို့နားက ရွာတရွာထဲကို အင်္ဂါနေ့နှောင်းပိုင်းမှာ စစ်သွေးကြွတွေဝင်ပြီး လူ ၄၈ ယောက်ကို သတ်ပစ်ခဲ့ပါတယ်။ အမျိုးသားတွေနဲ့ အမျိုးသမီးတွေ သီးခြားစီခွဲဖို့ သေနတ်သမားတွေက အမိန့်ပေးပြီးတဲ့နောက် အမျိုးသားတွေ ကို ပစ်သတ်တယ်လို့ မျက်မြင်တွေကပြောပါတယ်။

အဲဒီနှစ်မြို့စလုံးဟာ ဘိုကို ဟာရမ်းမ်အဖွဲ့ ခြောက်နှစ်တာ လက်နက်ကိုင် သောင်းကျန်းမှုရဲ့ အဓိကနေရာ Borno ပြည်နယ်မှာ ရှိပါ တယ်။ မေလ ၂၉ ရက်နေ့မှာ သမ္မတ Muhammadu Bhuhari အာဏာရလာကတည်းက ဒီ အစ္စလာမ်အစွန်းရောက်ဝါဒီအဖွဲ့က Borno ပြည်နယ်မှာ အကြမ်းဖက် တိုက်ခိုက်တာတွေ ပိုတိုးလာတာကို တွေ့ရပါတယ်။

XS
SM
MD
LG