သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘိုကိုဟာရမ် Chad ကိုဝင်တိုက်


Chad တည်နေရာ။
Chad တည်နေရာ။

စစ်သွေးကြွတွေအပေါ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ၄ နိုင်ငံထဲမှာ ချဒ်နိုင်ငံလည်း ပူးပေါင်းပါဝင်လာတဲ့အတွက် ချဒ်နိုင်ငံရဲ့ ရွာတရွာကို နိုင်ဂျီးရီးယားနိုင်ငံ အခြေစိုက် ဘိုကို ဟာရမ် စစ်သွေးကြွအဖွဲ့ကနေ ပထမဆုံးအကြိမ် ဝင်ရောက် တိုက်ခိုက်ခဲ့ ပါတယ်။ နွာဘွာရွာမှာ သောကြာနေ့အစောပိုင်းက တိုက်ခိုက်မှုအတွင်း ရွာသူကြီး အပါအဝင် အနည်းဆုံး လူ ၁၂ ဦး သေဆုံးသွားခဲ့တယ်လို့ ချဒ်အရာရှိတွေ က ပြောဆိုပါတယ်။ ဘိုကိုဟာရမ်း စစ်သွေးကြွတွေဟာ Lake Chad ရေကန်ကြီးကို စက်လှေ ၄ စင်းနဲ့ သောကြာနေ့ မနက်အစောပိုင်းက ဝင်ရောက်တိုက် ခိုက်ခဲ့တာဖြစ်ပြီး၊ ချဒ်အစိုးရတပ်ဖွဲ့ဝင်တွေက သူတို့ကို တွန်းလှန် တိုက်ခိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ချဒ်တပ်ဖွဲ့ဝင်တွေက စက်လှေအဆင်သင့် မရှိတာကြောင့် စစ်သွေးကြွတွေနောက်ကို မလိုက်နိုင်ခဲ့ပေမဲ့ ချဒ်ရဟတ်ယာဉ်တွေက - စစ်သွေးကြွတွေ မောင်းနှင်လာတဲ့ စက်လှေတွေကို လေကြောင်းကနေ ပစ်ခတ်ဖျက်ဆီးပစ်ခဲ့တယ်လို့ ချဒ်အစိုးရ တာဝန်ရှိသူတွေက ပြောဆိုခဲ့ပါတယ်။

ချဒ်နိုင်ငံရဲ့ Lake ပြည်နယ်အုပ်ချုပ်ရေးမှူးကလည်း ဒီတိုက်ခိုက်မှု အတွင်း သေဆုံးသွားသူတွေထဲမှာ ချဒ်အစိုးရတပ်ဖွဲ့ဝင် ၂ ဦး၊ အရပ်သား ၅ ဦးနဲ့ စစ်သွေးကြွ ၅ ဦး ပါဝင်တယ်လို့ ပြောဆိုခဲ့ပါတယ်။

နွာဘွာရွာမှာဆိုရင် နိုင်ဂျီးရီးယားနိုင်ငံမှာ ဘိုကိုဟာရမ်း စစ်သွေးကြွအဖွဲ့ရဲ့ အကြမ်းဖက်မှုတွေ ကနေ ထွက်ပြေးလာကြတဲ့ ဒုက္ခသည် ၂ ထောင်ကျော် ခိုလှုံနေတဲ့ ရွာလည်း ဖြစ်ပါယတ်။ နွာဘွာရွာက ဒုက္ခသည်စခန်း အကြီးအကဲကလည်း သောကြာနေ့က ဖြစ်ခဲ့တဲ့တိုက်ခိုက်မှုအတွင်းမှာ ဒုက္ခသည်တွေထဲက ထိခိုက်သေဆုံးသူ မရှိခဲ့ဘူးလို့ ဆိုပါတယ်။

ဒီဘိုကိုဟာရမ်းအဖွဲ့ဟာ ကမရွန်း နဲ့ နိုင်ဂျာနိုင်ငံတွေက မြို့တွေကို မကြာသေးခင်က အကြမ်းဖက်တိုက်ခိုက်မှုတွေ လုပ်ခဲ့အပြီး - ဒီနိုင်ငံတွေကလည်း အစ္စလာမ် အစွန်းရောက် စစ်သွေးကြွတွေကို ဆန့်ကျင်တဲ့ ဒေသတွင်း စစ်ဆင်းရေးမှာ ချဒ်နိုင်ငံနဲ့အတူ မကြာသေးခင်က ပူးပေါင်းလာကြတဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။

XS
SM
MD
LG