သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ဂျီရီးယား အစိုးရနဲ့ Boko Haram အပစ်ရပ် သဘောတူ


 နိုင်ဂျီးရီးယား ကာကွယ်ရေးဦးစီးချုပ် Alex Badeh
နိုင်ဂျီးရီးယား ကာကွယ်ရေးဦးစီးချုပ် Alex Badeh

အစ္စလာမ် စစ်သွေးကြွအဖွဲ့ ဘိုကို ဟာရမ်းနဲ့ နိုင်ဂျီးရီးယားအစိုးရတို့အကြား အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရရှိသွားပြီ ဖြစ်ပါတယ်။ ဘိုကို ဟာရန် အဖွဲ့နဲ့ အစိုးရအကြား ရရှိလိုက်တဲ့ အဲ့ဒီ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ကို ရှေ့တန်း စစ်မျက်နှာမှာရှိတဲ့ စစ်တပ် အရာရှိတွေအားလုံး လိုက်နာကြဖို့ နိုင်ဂျီးရီးယား ကာကွယ်ရေးဦးစီးချုပ် Alex Badeh က ဒီကနေ့ပဲ အမိန့်ကြေငြာချက် ထုတ်ပြန်လိုက်ပါတယ်။

အစ္စလာမ်မစ် စစ်သွေးကြွ အဖွဲ့ ဘိုကိုဟာရန်တို့က လွန်ခဲ့တဲ့ ၆ လလောက်က ဖမ်းဆီးသွားတဲ့ မိန်းကလေး ၂၀၀ ကျော်ကို ပြန်လွှတ်ပေးဖို့ နဲ့ ထောင်ပေါင်း များစွာ သေကြေခဲ့ရတဲ့ သွေးထွက်သံယို သူပုန်ထမှုတွေကနေ အပစ်အခတ် ရပ်ဆဲရေး ညှိနှိုင်းဖို့ အတွက် နိုင်ဂျီးရီးယား အစိုးရနဲ့ ဆွေးနွေးနေပါတယ်။

နိုင်ဂျီးရီးယားအစိုးရနဲ့ ဘိုကို ဟာရန်အဖွဲ့အကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိထားပြီးဖြစ်တယ်လို့ ဘိုကို ဟာရမ်းအဖွဲ့ရဲ့ အတွင်းရေးမှူးချုပ် လို့ သူ့ကိုယ်သူ ပြောဆိုထားတဲ့ Danladi Ahmadu က ဗွီအိုအေ အသံလွှင့်ဌာနကို ပြောဆိုအပြီး မကြာခင်မှာပဲ ကာကွယ်ရေးဦးစီးချုပ်ရဲ့ ကြေငြာချက် ထွက်လာတာပါ။

ချဒ်နဲ့ ကင်မရွန်း နိုင်ငံတို့က အဆင့်မြင့် အရာရှိကြီးတွေရဲ့ အကူအညီ နဲ့ ဆွေးနွေးမှုတွေ ကို ဆော်ဒီအာရေးဗီးယား နိုင်ငံမှာ ကျင်းပနေတယ်လို့ နိုင်ဂျီးရီးယား သမ္မတ Goodluck Jonathan ရဲ့ အကြံပေးတဦးနဲ့ ဘိုကိုဟာရန်တို့ရဲ့ အတွင်းရေးမှူး Danladi Ahmadu က ဗွီအိုအေကို ကြာသပတေးနေ့ က ပြောပါတယ်။

ဘိုကိုဟာရန်တို့က ဧပြီလ ၁၄ ရက်နေ့မှာ နိုင်ငံ အရှေ့မြောက်ပိုင်း က ဝေးလံခေါင်သီတဲ့ အရပ် Chibok ရွာ အလယ်တန်းကျောင်းတခုကို ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး မိန်းကလေးငယ် ၂၇၀ တို့ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာပါ။ မိန်းကလေးငယ် ၅၇ ယောက်တို့ကတော့ ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။

XS
SM
MD
LG