သုံးရလွယ်ကူစေသည့် Link များ

ဖမ်းဆီးခံကျောင်းသူတွေ ဗွီဒီယို နိုင်ဂျီးရီးယား ပြန်ပေးသမားတွေ ထုတ်ပြန်


Boko Haram အကြမ်းဖက်အဖွဲ့က ဖမ်းဆီးထားတဲ့ နိုင်ဂျီးရီးယားကျောင်းသူတွေထဲက ၁၀၀ ကျော်ကို ဗွီဒီယို ရိုက်ကူးပြသစဉ်။ (မေ ၁၂၊ ၂၀၁၄)
အစ္စလာမ် အစွန်းရောက် Boko Haram အဖွဲ့ ခေါင်းဆောင် နောက်ဆုံးထုတ်ပြန်လိုက်တဲ့ ဗွီဒီယိုထဲမှာ နိုင်ဂျီးရီးယားအစိုးရက ဖမ်းထားတဲ့ စစ်သွေးကြွတွေကို ပြန်လွှတ်ပေးမယ်ဆိုရင် အပြန်အလှန်အနေနဲ့ သူတို့ ဖမ်းဆီးထားတဲ့ ကျောင်းသူ မိန်းကလေး ၂၀၀ ကျော်ကို ပြန်လွှတ်ပေးမယ်လို့ ပြောလိုက်ပါတယ်။

ပြင်သစ် သတင်းအေဂျင်စီက ရရှိတဲ့ ၁၇ မိနစ်ကြာ ဗွီဒီယိုမှတ်တမ်းထဲမှာ Boko Haram အဖွဲ့ခေါင်းဆောင် Abubakar Shekau က မိနစ်အတော်ကြာ စကားပြောခဲ့ပြီး ဘယ်နေရာဆိုတာ သေချာမသိရတဲ့ လူသူအရောက်အပေါက်နည်းတောအရပ်မှာ ခေါင်းမြီးခြုံ Hijabs ခေါ် မီးခိုးနဲ့ အမည်းရောင်ဝတ်စုံ ၀တ်ထားတဲ့ မိန်းကလေးငယ် ၁၃၀ ခန့်ကို ပြသခဲ့ပါတယ်။
နိုင်ဂျီးရီးယားအစိုးရဖမ်းထားတဲ့ Boko Haram အဖွဲ့ဝင်တွေနဲ့ ကျောင်းသူတွေကို အလဲအလှယ်လုပ်ဖို့ ပြောနေတဲ့ အဖွဲ့ခေါင်းဆောင် Abubakar Shekau
နိုင်ဂျီးရီးယားအစိုးရဖမ်းထားတဲ့ Boko Haram အဖွဲ့ဝင်တွေနဲ့ ကျောင်းသူတွေကို အလဲအလှယ်လုပ်ဖို့ ပြောနေတဲ့ အဖွဲ့ခေါင်းဆောင် Abubakar Shekau

ဒီမိန်းကလေးငယ်တွေ အားလုံး အစ္စလာမ်ဘာသာကို ကူးပြောင်းခဲ့ပြီး လွတ်မြောက်သွားကြပြီ လို့လည်း Boko Haram အဖွဲ့ ခေါင်းဆောင် Abubakar Shekau က အခုလိုပြောပါတယ်။

အဲဒီ ကျောင်းသူလေးတွေ အစ္စလာမ်တရားစာရွတ်ဖတ်ရင်း ဆုတောင်းနေကြတဲ့ပုံကိုလည်း ပြသထားပါတယ်။
ဒီ မိန်းကလေးငယ်တွေထဲက သုံးယောက် စကားပြောထားတာကိုလည်း အဲဒီ ဗွီဒီယိုမှာတွေ့ရပါတယ်။ မိန်းကလေးငယ် နှစ်ယောက်က သူတို့ ခရစ်ယာန်ဘာသာကနေ အစ္စလာမ်ဘာသာကို ကူးပြောင်းခဲ့တဲ့အကြောင်း ပြောပါတယ်။

အစ္စလာမ် အစွန်းရောက် Boko Haram ကနေ ပြီးခဲ့တဲ့လက နိုင်ငံအရှေ့မြောက်ဘက်ရှိ Chibok မြို့ကျောင်းက ကျောင်းသူ အယောက် ၃၀၀ လောက်ကို ပြန်ပေးဆွဲခဲ့ပါတယ်။ ၅၃ ယောက်ကတော့ ပြန်လည် လွတ်မြောက်ခဲ့ပြီး ၂၇၆ ယောက် ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။ ဒီကျောင်းသူလေးတွေကို လူကုန်ကူးဈေးကွက်မှာ ရောင်းစားပစ်မယ်လို့ စစ်သွေးကြွတွေက ခြိမ်းခြောက်နေပါတယ်။

ဒီမိန်းကလေးငယ်တွေကို ပြန်လည် ရှာဖွေရာမှာ ကူညီတဲ့အနေနဲ့ အမေရိကန်နဲ့ တခြား နိုင်ငံအတော်များများက စစ်ရေးနဲ့ ထောက်လှမ်းရေး ကျွမ်းကျင်သူတွေကို နိုင်ဂျီးရီးယားနိုင်ငံကို စေလွှတ်ထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG