သုံးရလွယ်ကူစေသည့် Link များ

Boko Haram အကြမ်းဖက်အုပ်စု ကလေးငယ်တွေအသေခံအသုံးပြုမှုတိုး


နိုင်ဂျီးရီးယားနိုင်ငံက ဘိုကို ဟာရမ်းအဖွဲ့ဟာ အသေခံဗုံးခွဲ တိုက်ခိုက်ဖို့အတွက် ကလေးငယ်တွေကို သိသိသာသာ တိုးမြင့် အသုံးပြုလာနေတယ်လို့ UNICEF ကုလသမဂ္ဂကလေးငယ်များ ရံပုံငွေအဖွဲ့က ပြောပါတယ်။

ဘိုကို ဟာရမ်းအဖွဲ့ဟာ ၂၀၁၅ ခုနှစ်အတွင်း အသေခံ ဗုံးခွဲတိုက်ခိုက်ဖို့ ကလေးငယ် ၄၄ ဦးကို အသုံးပြုခဲ့တယ်လို့ အင်္ဂါနေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားတာကြောင့် ဒါဟာ မနှစ်က ၄ ဦးသာ အသုံးပြုခဲ့တာနဲ့ နှိုင်းယှဉ်လိုက်ရင် ၁၀ အထိ တိုးလာတာ ဖြစ်ပါတယ်။

ဘိုကို ဟာရမ်းအဖွဲ့က လွန်ခဲ့တဲ့ ၂ နှစ်အတွင်း ပြုလုပ်ခဲ့တဲ့ အသေခံဗုံးခွဲ တိုက်ခိုက်မှု ၅ ခုတိုင်းမှာ ၁ ခုဟာ ကလေးငယ်တွေက ပြုလုပ်ခဲ့တာ ဖြစ်ပြီး အဲဒီအထဲက ၇၅% ဟာ မိန်းကလေးငယ်လေးတွေ ဖြစ်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဖောက်ခွဲရေး ပစ္စည်းတွေ သယ်ဆောင်လာတယ်လို့ သူတို့ကိုယ် တခါတလေမှာ မသိကြတဲ့ ကလေးငယ်တွေကို အန္တရာယ်ပေးနိုင်တယ်လို့ ယူဆလေ့မရှိကြတဲ့ လူစည်ကားတဲ့ ဈေးတွေ၊ ဗလီတွေကို ဘိုကို ဟာရမ်း အကြမ်းဖက်အဖွဲ့က စေလွတ်ခဲ့တာ ဖြစ်ပါတယ်။

ဘိုကို ဟာရမ်းအဖွဲ့က နိုင်ဂျီးရီးယားနိုင်ငံမြောက်ပိုင်း Chibok ဒေသက မိန်းကလေးငယ်ပေါင်း ၂၇၆ ဦးကို ပြန်ပေးဆွဲခဲ့တဲ့ ၂ နှစ်ပြည့်တဲ့အချိန်မှာ UNICEF ကုလသမဂ္ဂ ကလေးငယ်များ ရံပုံငွေအဖွဲ့က ဒီအစီရင်ခံစာကို ထုတ်ပြန်တာ ဖြစ်ပြီး အဲဒီအထဲက ၂၁၉ ဦးဟာ ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။

XS
SM
MD
LG