သုံးရလွယ်ကူစေသည့် Link များ

ဖမ်းထားတဲ့ ကျောင်းသူ ၂၀၀ ကျော် Boko Haram ပြန်လွှတ်ပေးမည်


Boko Haram က ဖမ်းဆီးထားတဲ့ ကျောင်းသူတွေ။
Boko Haram က ဖမ်းဆီးထားတဲ့ ကျောင်းသူတွေ။

နိုင်ဂျီးရီးယားအစိုးရနဲ့ အစ္စလာမ်မစ် ဘိုကိုဟာရမ် စစ်သွေးကြွအဖွဲ့တို့ ကြားမှာ အပစ်အခတ်ရပ်စဲဖို့ အတွက် သဘောတူညီမှုရရှိခဲ့ကြပြီး၊ ဘိုကိုဟာရမ် အဖွဲ့ကလည်း ပြီးခဲ့တဲ့ ဧပြီလက ပြန်ပေးဆွဲခဲ့တဲ့ ကျောင်းသူ ၂၀၀ ကျော် ကို ပြန်လွှတ်ပေးဖို့ အတွက် သဘောတူခဲ့ကြပါတယ်။

နိုင်ဂျီးရီးယားစစ်တပ်ရဲ့ အကြီးအကဲ ဗိုလ်ချုပ်ကြီး Alex Badeh က အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ကို သောကြာနေ့ မှာ ကြေညာခဲ့ တာဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ဂျီးရီးယားစစ်တပ် အကြီးအကဲတွေ အားလုံးကိုလည်း ဒီသဘောတူညီချက် ကို လိုက်နာဖို့ အမိန့်ထုတ်လိုက်ပါတယ်။

ဘိုကိုဟာရမ်စစ်သွေးကြွတွေဘက်က ဒီကျောင်းသူတွေကို ပြန်လွှတ်ပေးဖို့ မူအားဖြင့် သဘောတူညီခဲ့တယ်လို့ နိုင်ဂျီးရီးယားသမ္မတရဲ့ ထိပ်တန်းအကြံပေး Hasan Tukur က ဗီအိုအေ Hausa ဌာနကို ပြောကြားခဲ့ပါတယ်။

အသေးစိတ်အချက်အလက်တွေကိုတော့ ဆက်လက်ညှိနှိုင်းရအုံးမှာဖြစ်ကြောင်း ၊ ဒါပေမဲ့လည်း ဘိုကိုဟာရမ်အဖွဲ့နဲ့ သဘောတူညီချက်အပေါ်မှာ သံသယမဖြစ်မိပါဘူးလို့ သူကပြောပါတယ်။

အဲဒီကျောင်းသူလေးတွေရဲ့ ကျန်းမာရေးအခြေအနေဟာ ကောင်းမွန်တယ်လို့ ဘိုကိုဟာရမ်အဖွဲ့က အစိုးရကို အာမခံခဲ့တယ်လို့ သူက ထပ်ပြောပါတယ်။ ဒါပေမဲ့ ဘိုကိုဟာရမ်အဖွဲ့နဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ အောင်မြင်ဖို့ကိစ္စကိုတော့ သူက သတိထားပြီး တုံ့ပြန်ပြောဆိုသွားပါတယ်။

XS
SM
MD
LG