သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စနိုဒန်ကြောင့် လေယာဉ်ဆင်းခိုင်းမှု Austria ကို Bolivia ဝေဖန်


Vienna လေဆိပ်မှာ ဇူလိုင်လ ၃ ရက်နေ့က Bolivia သမ္မတ လိုက်ပါလာတဲ့ လေယာဉ် ဆင်းသက်ခဲ့ရစဉ်
Vienna လေဆိပ်မှာ ဇူလိုင်လ ၃ ရက်နေ့က Bolivia သမ္မတ လိုက်ပါလာတဲ့ လေယာဉ် ဆင်းသက်ခဲ့ရစဉ်
Bolivia သမ္မတ လိုက်ပါလာတဲ့ လေယာဉ်မှာ အမေရိကန်က အလိုရှိနေတဲ့ တရားခံပြေး အက်ဝပ် စနိုဒန် (Edward Snowden) ပါလာတယ်လို့ သံသယရှိတဲ့အတွက် လမ်းကြောင်းပြောင်းခဲ့တဲ့အပေါ် Austria နိုင်ငံကို Bolivia က ဝေဖန် ပြောဆိုလိုက်ပါတယ်။

Austria က အမေရိကန်နိုင်ငံရဲ့ ဖိအားကြောင့် သမ္မတ အီဗို မိုရဲလ်စ် (Evo Morales) ကို ပြန်ပေးဆွဲပြီးခဲ့တယ်လို့ ကုလသမဂ္ဂဆိုင်ရာ Bolivia နိုင်ငံ ကိုယ်စားလှယ်က စွပ်စွဲပြောဆိုလိုက်ပါတယ်။ Mr. Morales ဟာ Vienna မှာ ၁၂ နာရီကြာ ခဏရပ်နားပြီး ဗုဒ္ဒဟူးနေ့က Bolivia နိုင်ငံအပြန်မှာ Austria တာဝန်ရှိသူတွေက သူ့လေယာဉ်ကို ရှာဖွေခဲ့တာ ဖြစ်ပါတယ်။

Mr. Morales ဟာ မော်စကို ထိပ်သီး အစည်းအဝေးကနေ Bolivia နိုင်ငံကို အပြန် လမ်းမှာ အရင်လက ဟောင်ကောင်ကနေ ထွက်ပြေးပြီး မော်စကို နိုင်ငံတကာလေဆိပ်မှာ ရောက်နေချိန်နဲ့ တိုက်ဆိုင်ခဲ့ပြီး အခုဖြစ်ရပ် ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

ပြင်သစ်နဲ့ ပေါတူဂီတို့က သူတို့နိုင်ငံ လေပိုင်နက်တွေကို ဖြတ်သန်းခွင့်ပေးဖို့ ငြင်းဆန်ခံခဲ့ရပြီး နောက်ဆုံး Austria မှာ ဆင်းသက်ခဲ့တဲ့ အဲ့ဒီလေယာဉ်မှာ စနိုဒန် ကို တင်ဆောင်မလာဘူးလို့ တာဝန်ရှိသူတွေက ပြောဆိုပါတယ်။ တကယ်လို့ အက်ဝပ် စနိုဒန် ကသာ ခွင့်တောင်းမယ်ဆိုရင် ခိုလှုံခွင့်ပေးမယ်လို့ Bolivia သမ္မတ Mr. Morales က ပြောဆိုလိုက်ပါတယ်။

အမေရိကန်အစိုးရက အလိုရှိနေတဲ့ အက်ဝပ် စနိုဒန် ကို သယ်ဆောင်လာတယ်ဆိုတဲ့ မသင်္ကာဖွယ်ရာ သတင်းတွေကြောင့် Bolivia သမ္မတ Evo Morales ရဲ့ လေယာဉ် ထွက်ခွာအပြီး ၁၂ နာရီအကြာမှာ လေယာဉ်လမ်းကြောင်းပြောင်းပြီး Austria နိုင်ငံကို ရောက်ရှိသွားခဲ့တာ ဖြစ်ပါတယ်။

စနိုဒန်လိုက်လာတယ် ဆိုတဲ့သတင်းဟာ လုပ်ကြံမှု ဖြစ်တယ်လို့ Bolivia နိုင်ငံခြားရေး ဝန်ကြီး David Choquehuanca က ပြောပါတယ်။ အခုလို Austria နိုင်ငံမှာ လေယာဉ်ဆင်းလိုက်ရတဲ့အတွက် Bolivia ခေါင်းဆောင်ရဲ့ အသက်အန္တရာယ် ရှိစေတယ်လို့လည်း သူကပြောပါတယ်။
XS
SM
MD
LG