(Zawgyi / Unicode)
ဘိုလီးဗီးယားသမၼတ Evo Morales က ရာထူးက ႏုတ္ထြက္ေၾကာင္း တနဂၤေႏြေန႔ ႐ုပ္သံမိန္႔ခြန္းမွာ ေၾကညာသြားပါတယ္။ ၿပီးခဲ့တဲ့လက ေရြးေကာက္ပြဲေတြမွာ မသမာမႈေတြအေပၚ သီတင္းပတ္နဲ႔ခ်ီ ဆႏၵျပတာေတြ ေပၚေပါက္ခဲ့ၿပီးေနာက္ အခုလို ေၾကညာသြားတာပါ။
သမၼတ Morales မဲအနည္းငယ္နဲ႔ ကပ္ၿပီး အႏုိင္ရခဲ့တဲ့ ၿပီးခဲ့တဲ့ ေအာက္တိုဘာလ ၂၀ ရက္ေန႔ ေရြးေကာက္ပြဲ ရလဒ္ေတြအေပၚ အေမရိကႏုိင္ငံမ်ားအဖြဲ႔ OAS ရဲ႕ ေရတြက္မႈရလဒ္ ထုတ္ျပန္ခဲ့ၿပီးေနာက္ တနဂၤေႏြေန႔ အေစာပိုင္းမွာေတာ့ ေရြးေကာက္ပြဲသစ္ က်င္းပဖို႔ သမၼတက သေဘာတူခဲ့ပါတယ္။
OAS က ျပန္လည္ဆန္းစစ္တဲ့ ေဒသအားလံုးနီးပါးမွာ ေရြးေကာက္ပြဲ မသမာမႈေတြကို ေတြ႔ခဲ့ရတာပါ။ ဒါေပမယ့္လည္း နာရီပိုင္းအတြင္းမွာပဲ ဘိုလီးဗီးယား စစ္တပ္အႀကီးအကဲ ဗိုလ္ခ်ဳပ္ႀကီး Williams Kaliman က ေရြးေကာက္ပြဲသစ္ က်င္းပ႐ုံနဲ႔ မလံုေလာက္ဘူးလို႔ ေျပာဆိုခဲ့ပါတယ္။
ျပည္တြင္းပဋိပကၡ အေျခအေနေတြကို သံုးသပ္ၿပီးေနာက္မွာ ဘိုလီးဗီးယားႏုိင္ငံ ေကာင္းက်ိဳးကို ထိန္းထားႏုိင္ေရး ၿငိမ္းခ်မ္းတည္ၿငိမ္ေရးကို ထိန္းထားႏုိင္ဖို႔အတြက္ သမၼတရာထူးက ႏုတ္ထြက္ေပးဖို႔ ပန္ၾကားခဲ့တာလို႔လည္း စစ္တပ္အႀကီးအကဲ Kaliman က ေျပာပါတယ္။
စစ္တပ္အႀကီးအကဲ Kaliman နဲ႔ အေမရိကႏုိင္ငံမ်ားအဖြဲ႔ OAS ရဲ႕ ေၾကညာခ်က္ေတြေၾကာင့္ အႀကီးတန္း၀န္ႀကီး အေတာ္မ်ားမ်ားနဲ႔ အေျခခံဥပေဒခံု႐ုံး အႀကီးအကဲတို႔လည္း ရာထူးက ႏုတ္ထြက္သြားေစခဲ့ပါတယ္။
ဘိုလီးဗီးယားမွာ ေရြးေကာက္ပြဲသစ္ က်င္းပမယ့္အေပၚ အေမရိကန္ ျပည္ေထာင္စုကလည္း ႀကိဳဆိုလုိက္ပါတယ္။
-------------------------------
(Unicode)
ဘိုလီးဗီးယားသမ္မတ ရာထူးက နုတ်ထွက်
ဘိုလီးဗီးယားသမ္မတ Evo Morales က ရာထူးက နုတ်ထွက်ကြောင်း တနင်္ဂနွေနေ့ ရုပ်သံမိန့်ခွန်းမှာ ကြေညာသွားပါတယ်။ ပြီးခဲ့တဲ့လက ရွေးကောက်ပွဲတွေမှာ မသမာမှုတွေအပေါ် သီတင်းပတ်နဲ့ချီ ဆန္ဒပြတာတွေ ပေါ်ပေါက်ခဲ့ပြီးနောက် အခုလို ကြေညာသွားတာပါ။
သမ္မတ Morales မဲအနည်းငယ်နဲ့ ကပ်ပြီး အနိုင်ရခဲ့တဲ့ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၀ ရက်နေ့ ရွေးကောက်ပွဲ ရလဒ်တွေအပေါ် အမေရိကနိုင်ငံများအဖွဲ့ OAS ရဲ့ ရေတွက်မှုရလဒ် ထုတ်ပြန်ခဲ့ပြီးနောက် တနင်္ဂနွေနေ့ အစောပိုင်းမှာတော့ ရွေးကောက်ပွဲသစ် ကျင်းပဖို့ သမ္မတက သဘောတူခဲ့ပါတယ်။
OAS က ပြန်လည်ဆန်းစစ်တဲ့ ဒေသအားလုံးနီးပါးမှာ ရွေးကောက်ပွဲ မသမာမှုတွေကို တွေ့ခဲ့ရတာပါ။ ဒါပေမယ့်လည်း နာရီပိုင်းအတွင်းမှာပဲ ဘိုလီးဗီးယား စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး Williams Kaliman က ရွေးကောက်ပွဲသစ် ကျင်းပရုံနဲ့ မလုံလောက်ဘူးလို့ ပြောဆိုခဲ့ပါတယ်။
ပြည်တွင်းပဋိပက္ခ အခြေအနေတွေကို သုံးသပ်ပြီးနောက်မှာ ဘိုလီးဗီးယားနိုင်ငံ ကောင်းကျိုးကို ထိန်းထားနိုင်ရေး ငြိမ်းချမ်းတည်ငြိမ်ရေးကို ထိန်းထားနိုင်ဖို့အတွက် သမ္မတရာထူးက နုတ်ထွက်ပေးဖို့ ပန်ကြားခဲ့တာလို့လည်း စစ်တပ်အကြီးအကဲ Kaliman က ပြောပါတယ်။
စစ်တပ်အကြီးအကဲ Kaliman နဲ့ အမေရိကနိုင်ငံများအဖွဲ့ OAS ရဲ့ ကြေညာချက်တွေကြောင့် အကြီးတန်းဝန်ကြီး အတော်များများနဲ့ အခြေခံဥပဒေခုံရုံး အကြီးအကဲတို့လည်း ရာထူးက နုတ်ထွက်သွားစေခဲ့ပါတယ်။
ဘိုလီးဗီးယားမှာ ရွေးကောက်ပွဲသစ် ကျင်းပမယ့်အပေါ် အမေရိကန် ပြည်ထောင်စုကလည်း ကြိုဆိုလိုက်ပါတယ်။