သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Xinjiang ဘူတာ ဗုံးခွဲမှု အရေးယူဖို့ တရုတ်သမ္မတ ကတိပေး


ဗုံးခွဲတိုက်ခိုက်မှုနဲ့ ဓားခုတ်မှုဖြစ်ခဲ့တဲ့ Xinjiang ဘူတာပြန်ဖွင့်တဲ့နေ့ လုံခြုံရေးထူထပ်စွာချ။ (မေ ၁၊ ၂၀၁၄)
ဗုံးခွဲတိုက်ခိုက်မှုနဲ့ ဓားခုတ်မှုဖြစ်ခဲ့တဲ့ Xinjiang ဘူတာပြန်ဖွင့်တဲ့နေ့ လုံခြုံရေးထူထပ်စွာချ။ (မေ ၁၊ ၂၀၁၄)
တရုတ်နိုင်ငံ အနောက်ပိုင်း (Xinjiang ) ရှင်ကျန်းဒေသက ရထား
ဘူတာရုံတခုမှာ လူသေဆုံးရတဲ့ ဗုံးခွဲမှု နဲ့ ဓါးနဲ့ တိုက်ခိုက်မှုဖြစ်ပြီးနောက်မှာ
ပြတ်ပြတ်သားသား ကိုင်တွယ် အရေးယူ သွားမယ်လို့ တရုတ်သမ္မတ ရှီဂျင်ပင်းက
ကတိပေးခဲ့ပါတယ်၊ Urumqi မြို့ ရထားဘူတာရုံမှာ ဗုဒ္ဓဟူးနေ့တုန်းက
တိုက်ခိုက်သူတွေက ဗုံးတွေခွဲ လိုက်ပြီးတဲ့နောက် ခရီးသည်တွေကို ဓါးတွေနဲ့
လိုက်ခုတ်လို့ ၃ ယောက်သေဆုံးပြီး ၇၉ ယောက် ဒဏ်ရာရသွားတယ်လို့
တာဝန်ရှိသူတွေက ပြောပါတယ်။

ဒီကနေ့ ကြာသပတေးနေ့ထုတ် တရုတ်ပြည်သူ့နေ့စဉ် သတင်းထဲမှာ
တော့ သေဆုံးသူ ၃ ယောက်မှာ ၁ ယောက်က ဘေးမှာ
ရပ်ကြည့်နေသူဖြစ်ပြီး ၂ ယောက်က တိုက်ခိုက်သူတွေဖြစ်တယ်လို့
ဖော်ပြထားပါတယ်။ တိုက်ခိုက်သူတွေ ကိုယ့်ကိုကိုယ် အဆုံးစီရင်သွားကြတာလား ဆိုတာကိုတော့ ရှင်းရှင်လင်းလင်း ဖော်ပြခြင်း မရှိပါဘူး။

တရုတ်အစိုးရပိုင် ရှင်ဟွာသတင်းမှာတော့ မသင်္ကာသူ ၂ ယောက်ဟာ ဟိုးအရင်ထဲက ဘာသာရေးအစွန်းရောက်တွေဖြစ်တယ်လို့ဆိုပါတယ်၊ သမ္မတ ရှီဂျင်းပင် ရှင်ကျန်းဒေသဆီလာတဲ့ နေ့မှာပဲ တိုက်ခိုက်မှု ဖြစ်ခဲ့တာပါ၊ အစိုးရက
ခွဲထွက်ရေးသမားအဖြစ်သတ်မှတ်သူတွေအပေါ် နှိမ်နှင်းသွားမယ်လို့
ရှင်ကျန်းဒေသရောက်စဉ်မှာ သမ္မတက ကတိပေးခဲ့ပါတယ်။

သူ့အဆို သောင်းကျန်းနေတဲ့ အကြမ်းဖက်သမားတွေကို နှိမ်နှင်းနိုင် ဖို့ ပြတ်ပြတ်သားသား ဆောင်ရွက်သွားမယ် လို့ သမ္မတပြောတာကို ရှင်ဟွာသတင်းမှာ ကိုးကားဖော်ပြပါတယ်၊ မကြာခင်လတွေ အတွင်း တရုတ်နိုင်ငံမှာ ဆက်တိုက်ဖြစ်နေတဲ့ ရှုပ်ထွေးတဲ့ တိုက်ခိုက်မှုတွေဟာ မွတ်ဆလင် အများစုဖြစ်တဲ့ ဝီဂါတိုင်းရင်းသားတွေ လုပ်တာလို့ တရုတ်အစိုးရက အပြစ်တင်နေပါတယ်။

အစိုးရကို ဝေဖန်သူတွေ ကတော့ အစိုးရဟာ မွတ်ဆလင်တွေအပေါ် ကန့်သတ်ချက်တွေလုပ်နေပြီး ဟန်တရုတ်တွေ ကိုတော့ မူဝါဒအရ မျက်နှာသာပေးထားတယ်လို့ ဝေဖန်ကြပါတယ်၊ ရထား ဘူတာရုံကိုတော့ တင်းကြပ်တဲ့လုံခြုံရေးအောက်မှာ ဒီကနေ့ ပြန်ဖွင့်ခဲ့ပါတယ်။
XS
SM
MD
LG