သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကရင္ျပည္နယ္ေန႔ အႀကိဳေန႔မွာ ဘားအံၿမိဳ႕မွာ ေပါက္ကြဲမႈျဖစ္


၆၇ ႀကိမ္ေျမာက္ ကရင္ျပည္နယ္ေန႔အခမ္းအနား။ (ႏို၀င္ဘာလ ၇ ရက္၊ ၂၀၂၂) (Photo: CJ/KIC)

[[Zawgyi/Unicode]]

ဒီကေန႔ ႏိုဝင္ဘာလ ၇ ရက္ေန႔က်ေရာက္တဲ့ (၆၇) ႏွစ္ေျမာက္ ကရင္ျပည္နယ္ေန႔ အခမ္းအနားက်င္းပဖို႔ စစ္ေကာင္စီဘက္က ဘားအံၿမိဳ႕မွာ ျပင္ဆင္ေနခ်ိန္မွာပဲ၊ ျပည္နယ္ေန႔ အႀကိဳပြဲက်င္းပတဲ့ တနဂၤေႏြေန႔က ေပါက္ကြဲမႈတခ်ိဳ႕ ျဖစ္ပြားခဲ့တာေၾကာင့္ ျမန္မာစစ္တပ္နဲ႔ နယ္ျခားေစာင့္တပ္ေတြ လုံၿခဳံေရးတင္းၾကပ္ထားပါတယ္။ ေဒသခံေတြလည္း လုံၿခဳံေရး စိုးရိမ္ၿပီး မသြားလာရဲၾကဘူးလို႔ ၿမိဳ႕ခံေတြကေျပာပါတယ္။ ကရင္ျပည္နယ္ေန႔ အခမ္းအနားေတြ အရင္တုန္းကလို စည္ကားမႈ မရွိတဲ့အေၾကာင္း ဗြီအိုေအသတင္းေထာက္ မေအးေအးမာ သတင္းေပးပို႔ထားပါတယ္။

စစ္ေကာင္စီဘက္က တာ၀န္ရွိတဲ့ လူႀကီးေတြလာျပီး ျပည္နယ္ေန႔ က်င္းပဖို႔စီစဥ္ထားတာေႀကာင့္ လုံၿခဳံေရးတင္းၾကပ္ထားတာပါ။ ျပည္နယ္ေန႔အႀကိဳပဲြက်င္းပတဲ့တနဂၤေႏြေန႔ကေတာ့ ျပည္နယ္လ၀က ႐ုံးအနီးနဲ့ ယဥ္ေက်းမႈျပတိုက္အနီးေနရာ ၂ ခုမွာ လူထိခိုက္မူမရွိတဲ့ ေပါက္က႕ဲြမူတြျဖစ္ခဲ့တယ္လို႔ ေဒသခံတဦးကေျပာျပပါတယ္။

"မေန႔ကေပါက္ကဲြတာေတာ့ရွိတယ္။ ဗံုးေပါက္ကဲြမူ႔ျဖစ္ပြားတယ္။ ဒဏ္ရာရတာမရွိဘူး။ လူႀကီးပိုင္းေတြလာတာေတာ့ သိတယ္။ စည္ကားတာေတာ့မရွိဘူး။ လူေတြကမသြားႀကဘူး။ မႏွစ္တုန္းကလည္း ကရင္ျပည္နယ္ေန႔လုပ္တာကို မသြားႀကဘူး။ ဒီႏွစ္လည္း သြားတဲ့လူ သိတ္မရွိႀကဘူး။ ဘားအံကေတာ့ မႀကာမႀကာဗံုးေပါက္တာေတြ ရိွတယ္။ ၿမိဳ႔ထဲေတြမွာလည္းရွိတယ္။"

67th Kayin Statehood day ceremony in Pa'an township (Nov. 7th, 2022)
67th Kayin Statehood day ceremony in Pa'an township (Nov. 7th, 2022)

ဒီအေသးစားေပါက္ကဲြမူ႔ေတြကေတာ့ ဘယ္အဖဲြ ့အစည္းေတြရဲ ့လက္ခ်က္ဆိုတာ မသိရေသးေႀကာင္း စစ္ေကာင္စီဘက္ကေတာ့ ဖြင့္ပဲြကိုအျမန္အဆန္ပဲဖြင့္သြားတယ္လို႔ ျပည္သူ့ကာကြယ္ေရးအဖဲြ႔ကေခါင္း ေဆာင္တဦးျဖစ္တဲ့ ကိုေစာမြန္ကလည္း ေျပာပါတယ္။

"ျပည္နယ္အခမ္းအနားလုပ္တဲ့အနီးအနား ယဥ္ေက်းမူ႔ျပတိုက္အနီးမွာ ဗံုးႏွစ္ႀကိမ္ေပါက္တယ္။ အဲဒါေတာ့ ဘယ္သူ႔လက္ခ်က္ရယ္လို ့အတိအက်မထုတ္ျပန္ေသးဘူး။ ဖြင့္ပဲြကေတာ့ ရေအာင္ေတာ့ဖြင့္သြားတယ္။ အက်ဥ္းခ်ံဳးေလာက္ပဲဖြင့္သြားပါတယ္။ ဖြင့္ပဲြကိုေတာ စစ္တပ္ကုိေထာက္ခံတဲ့အသိုင္းအ၀ိုင္းေလာက္ပဲလာတယ္။
က်န္တာကေတာ့ အေထြအထူး စည္ကားတာမရွိဘူး။ အျမဲတမ္းစည္းကားခဲ့တဲ့ ျပည္နယ္ေန႔အခမ္းအနားကေတာ့ ဒီေန႔ေတာ့ ေျခာက္ေျခာက္ကပ္ကပ္နဲ႔ပဲ။"

တနဂၤေႏြေန႔ကေပါက္ကဲြမူ႔ျဖစ္ပြားခဲ့တဲ့ ေနရာေတြဟာ စစ္တပ္နဲ႔ရဲေတြ ေနရာယူထားတဲ့ ေနရာေတြျဖစ္သလို၊ စစ္ေကာင္စီဘက္က ပိတ္ဆို႔ထာားတဲ့ေနရာေတြျဖစ္တယ္လုိ႔လည္း ေဒသခံေတြကေျပာပါတယ္။ ျပည္နယ္ေန႔ကုိ စည္စည္ကားကားျဖစ္ေစဖို႔အတြက္ ၀န္ထမ္းေတြနဲ႔ မိသားစုေတြ သြားလာႏိုင္ေအာင္ စစ္ေကာင္စီဘက္က လံုျခံဳေရးေတြယူထားတယ္လို႔ ဆိုပါတယ္။

ျပည္နယ္ေန႔မွာ လူမ်ားမ်ားနဲ႔စည္ကားတာမ်ိဳး ျဖစ္ေစဖို႔အတြက္ စစ္တပ္၊ ရဲ အျပင္ ကရင္လက္နက္ကုိင္အဖဲြ႔ေတြျဖစ္တဲ့ ျငိ္မ္းခ်မ္းေရးေကာင္စီနဲ႔ ဒီမိုကေရစီကရင္အက်ိဳးျပဳတပ္မေတာ္ DKBA နဲ႔ နယ္ျခားေစာင့္တပ္ BGF ကိုပါ လံုျခံဳေရး ယူခိုင္းထားတယ္လို႔ ေဒသခံေတြကဆိုပါတယ္။

ကရင္ျပည္နယ္အတြင္းက လူငယ္တခ်ိဳ႔ကေတာ့ စစ္ေကာင္စီက်င္းပမယ့္ ျပည္နယ္ေန႔ကို ဆန္႔က်င္ကန့္ကြက္တဲ့အေနနဲ႔ ေပ်ာ္ပဲြရႊင္ပဲြမလုပ္ဖို႔ လွံဳ့ေဆာ္မူေတြလုပ္ႀကျပီး ျပည္နယ္ေန႔ မသြားၾကဖို႔လည္း ေဆာ္ၾသေနျကပါတယ္။

ျပည္နယ္ေန႔မက်င္းပခင္ကတည္းက ကရင္ျပည္နယ္အတြင္းမွာ မတည္ျငိမ္မူ႔ေတြျဖစ္ျပီး တိုက္ပဲြေတြ မႀကာခနျဖစ္ေနသလို စစ္ေကာင္စီဘက္ကလည္း ကရင္ျပည္နယ္အတြင္း ေလေႀကာင္းတိုက္ခိုက္မူ႔ေတြကို ဆက္တုိက္လုပ္ေနတာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[[Unicode]]

ဒီကနေ့ နိုဝင်ဘာလ ၇ ရက်နေ့ကျရောက်တဲ့ (၆၇) နှစ်မြောက် ကရင်ပြည်နယ်နေ့ အခမ်းအနားကျင်းပဖို့ စစ်ကောင်စီဘက်က ဘားအံမြို့မှာ ပြင်ဆင်နေချိန်မှာပဲ၊ ပြည်နယ်နေ့ အကြိုပွဲကျင်းပတဲ့ တနင်္ဂနွေနေ့က ပေါက်ကွဲမှုတချို့ ဖြစ်ပွားခဲ့တာကြောင့် မြန်မာစစ်တပ်နဲ့ နယ်ခြားစောင့်တပ်တွေ လုံခြုံရေးတင်းကြပ်ထားပါတယ်။ ဒေသခံတွေလည်း လုံခြုံရေး စိုးရိမ်ပြီး မသွားလာရဲကြဘူးလို့ မြို့ခံတွေကပြောပါတယ်။ ကရင်ပြည်နယ်နေ့ အခမ်းအနားတွေ အရင်တုန်းကလို စည်ကားမှု မရှိတဲ့အကြောင်း ဗွီအိုအေသတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။

စစ်ကောင်စီဘက်က တာဝန်ရှိတဲ့ လူကြီးတွေလာပြီး ပြည်နယ်နေ့ ကျင်းပဖို့စီစဉ်ထားတာကြောင့် လုံခြုံရေးတင်းကြပ်ထားတာပါ။ ပြည်နယ်နေ့အကြိုပွဲကျင်းပတဲ့တနင်္ဂနွေနေ့ကတော့ ပြည်နယ်လဝက ရုံးအနီးနဲ့ ယဉ်ကျေးမှုပြတိုက်အနီးနေရာ ၂ ခုမှာ လူထိခိုက်မူမရှိတဲ့ ပေါက်ကဲ့ွမူတွဖြစ်ခဲ့တယ်လို့ ဒေသခံတဦးကပြောပြပါတယ်။

"မနေ့ကပေါက်ကွဲတာတော့ရှိတယ်။ ဗုံးပေါက်ကွဲမူ့ဖြစ်ပွားတယ်။ ဒဏ်ရာရတာမရှိဘူး။ လူကြီးပိုင်းတွေလာတာတော့ သိတယ်။ စည်ကားတာတော့မရှိဘူး။ လူတွေကမသွားကြဘူး။ မနှစ်တုန်းကလည်း ကရင်ပြည်နယ်နေ့လုပ်တာကို မသွားကြဘူး။ ဒီနှစ်လည်း သွားတဲ့လူ သိတ်မရှိကြဘူး။ ဘားအံကတော့ မကြာမကြာဗုံးပေါက်တာတွေ ရှိတယ်။ မြို့ထဲတွေမှာလည်းရှိတယ်။"

ဒီအသေးစားပေါက်ကွဲမူ့တွေကတော့ ဘယ်အဖွဲ့အစည်းတွေရဲ့လက်ချက်ဆိုတာ မသိရသေးကြောင်း စစ်ကောင်စီဘက်ကတော့ ဖွင့်ပွဲကိုအမြန်အဆန်ပဲဖွင့်သွားတယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ကခေါင်း ဆောင်တဦးဖြစ်တဲ့ ကိုစောမွန်ကလည်း ပြောပါတယ်။

"ပြည်နယ်အခမ်းအနားလုပ်တဲ့အနီးအနား ယဉ်ကျေးမူ့ပြတိုက်အနီးမှာ ဗုံးနှစ်ကြိမ်ပေါက်တယ်။ အဲဒါတော့ ဘယ်သူ့လက်ချက်ရယ်လို့အတိအကျမထုတ်ပြန်သေးဘူး။ ဖွင့်ပွဲကတော့ ရအောင်တော့ဖွင့်သွားတယ်။ အကျဉ်းချုံးလောက်ပဲဖွင့်သွားပါတယ်။ ဖွင့်ပွဲကိုတော စစ်တပ်ကိုထောက်ခံတဲ့အသိုင်းအဝိုင်းလောက်ပဲလာတယ်။
ကျန်တာကတော့ အထွေအထူး စည်ကားတာမရှိဘူး။ အမြဲတမ်းစည်းကားခဲ့တဲ့ ပြည်နယ်နေ့အခမ်းအနားကတော့ ဒီနေ့တော့ ခြောက်ခြောက်ကပ်ကပ်နဲ့ပဲ။"

တနင်္ဂနွေနေ့ကပေါက်ကွဲမူ့ဖြစ်ပွားခဲ့တဲ့ နေရာတွေဟာ စစ်တပ်နဲ့ရဲတွေ နေရာယူထားတဲ့ နေရာတွေဖြစ်သလို၊ စစ်ကောင်စီဘက်က ပိတ်ဆို့ထာားတဲ့နေရာတွေဖြစ်တယ်လို့လည်း ဒေသခံတွေကပြောပါတယ်။ ပြည်နယ်နေ့ကို စည်စည်ကားကားဖြစ်စေဖို့အတွက် ဝန်ထမ်းတွေနဲ့ မိသားစုတွေ သွားလာနိုင်အောင် စစ်ကောင်စီဘက်က လုံခြုံရေးတွေယူထားတယ်လို့ ဆိုပါတယ်။

ပြည်နယ်နေ့မှာ လူများများနဲ့စည်ကားတာမျိုး ဖြစ်စေဖို့အတွက် စစ်တပ်၊ ရဲ အပြင် ကရင်လက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ငြိမ်းချမ်းရေးကောင်စီနဲ့ ဒီမိုကရေစီကရင်အကျိုးပြုတပ်မတော် DKBA နဲ့ နယ်ခြားစောင့်တပ် BGF ကိုပါ လုံခြုံရေး ယူခိုင်းထားတယ်လို့ ဒေသခံတွေကဆိုပါတယ်။

ကရင်ပြည်နယ်အတွင်းက လူငယ်တချို့ကတော့ စစ်ကောင်စီကျင်းပမယ့် ပြည်နယ်နေ့ကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ ပျော်ပွဲရွှင်ပွဲမလုပ်ဖို့ လှုံ့ဆော်မူတွေလုပ်ကြပြီး ပြည်နယ်နေ့ မသွားကြဖို့လည်း ဆော်သြနေကြပါတယ်။

ပြည်နယ်နေ့မကျင်းပခင်ကတည်းက ကရင်ပြည်နယ်အတွင်းမှာ မတည်ငြိမ်မူ့တွေဖြစ်ပြီး တိုက်ပွဲတွေ မကြာခနဖြစ်နေသလို စစ်ကောင်စီဘက်ကလည်း ကရင်ပြည်နယ်အတွင်း လေကြောင်းတိုက်ခိုက်မူ့တွေကို ဆက်တိုက်လုပ်နေတာဖြစ်ပါတယ်။

XS
SM
MD
LG