သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ရန္ကုန္ၿမိဳ႕ အေမရိကန္သံအမတ္ အိမ္အနီး ဗံုး ၂ လံုးေပါက္ကဲြ


Pyay Road Near Hlaing Campus

Zawgyi

ရန္ကုန္ၿမိဳ႕ အေမရိကန္သံအမတ္ အိမ္အနီး ဗံုး ၂ လံုးေပါက္ကဲြ

အဂၤါေန့ည ၉ နာရီ မိနစ္ ၄၀ အခ်ိန္မွာ ရန္ကုန္တုိင္းလွုိင္ၿမိဳ့နယ္ ျပည္လမ္းမႀကီးေပၚက အေမရိကန္သံအမတ္ႀကီး ေနအိမ္နဲ႔ မလွမ္းမကမ္းမွာ၊ ဗုံး ၂ လုံး ဆက္တုိက္ေပါက္ကဲြခဲ့ပါတယ္။ တမိနစ္ျခားၿပီး ဒုတိယတလုံး ေပါက္ကဲြခဲ့ပါတယ္။ ရန္ကုန္တကၠသိုလ္လွုိင္နယ္ေျမ၊ ေက်ာင္းလမ္းမွတ္တုိင္အနီး၊ ေရႊဟၤာသာကြန္ဒုိေရွ့ဖက္ လမ္းမႀကီးေပၚမွာ တလုံး ေပါက္ကဲြခဲ့ပါတယ္။ ေရႊဟၤာသာကြန္ဒုိနဲ့ မ်က္ႏွာျခင္းဆုိင္ အိမ္မွာေနတဲ့ မ်က္ျမင္သက္ေသတဦးလည္းျဖစ္တဲ့ ကုိဘုန္း၀င္းကုိ ကုိေဇာ္မုိးေက်ာ္က ဆက္သြယ္ၿပီး အေျခအေနတခ်ိဳ့ကုိ ေမးျမန္းထားပါတယ္။
-
ကိုေဇာ္မုိးေက်ာ္ ။ ။ ဟုတ္ကဲ့ပါ ကုိဘုန္း၀င္းတုိ့ အိမ္ေရွ့နားမွာ အဂၤါေန့ညတုန္းက ဗုံး ၂ လုံးေပါက္ ကဲြခဲ့ေၾကာင္းသိရပါတယ္။ ဘယ္လုိျဖစ္ခဲ့ပါသလဲ ဘာေတြေတြ့ျမင္ခဲ့ပါသလဲ နည္းနည္းေျပာျပ ေပးပါလားခင္ဗ်။

ကုိဘုန္း၀င္း ။ ။ ပထမအလုံးကေတာ့ ျပည္လမ္းလမ္းလည္ေခါင္မွာ ကဲြတာေပါ့။ က်ေနာ္တုိ့ၿခံေရွ့နဲ့ ေရႊဟၤာနဲ့ကြန္ဒုိနဲ့ၾကားထဲက လမ္းမႀကီးေပၚမွာ အလယ္ေခါင္မွာ ကဲြတယ္။ ဒုတိယတလုံးကေတာ့ ရန္ကုန္ၿမိဳ့ထဲကေန လာလုိ့ရွိရင္ ညာဖက္အျခမ္းေပါ့ေလ၊ မဂၤလာဒုံဘက္သြားရင္ ညာဖက္အျခမ္းမွာ ကဲြတယ္။ အမွတ္ ၅၄ ျပည္လမ္း အိမ္ေရွ့မွာ ကဲြတယ္ေပါ့၊ ဟုိဆုိင္းဘုတ္ေတြ ဘာေတြမွန္ေတြဘာေတြ ကဲြသြြားတယ္၊ ေရပုိက္ေတြဘာေတြ က်ိဳးသြားတယ္ေပါ့။ ေနာက္တတိယတလုံးက မလွမ္းမကမ္းမွာပဲ ဒုတိယတလုံးနဲ့ ေပ ၂၀ ေလာက္ဘဲေ၀းမယ္နဲ့ တူတယ္၊ အဲဒိမွာေတာ့ တတိယတလုံ ေတြ့တယ္၊ အဲဒါေတာ့ မကဲြေသးဘူးေပါ့။

ကိုေဇာ္မုိးေက်ာ္ ။ ။ ျပင္းအားဘယ္ေလာက္ရွိလဲခင္ဗ်ာ။ အသံ အေတာ္ေတာ္က်ယ္က်ယ္ ၾကားရပါလာခင္ဗ်။

ကုိဘုန္း၀င္း ။ ။ အသံကေတာ့ ေတာ္ေတာ္က်ယ္တယ္။ ပထမအလုံးထဲက တီဗြီဖြင့္ထားတာ ေတာင္ေတာ္ေတာ္ႀကီး က်ယ္က်ယ္ၾကားရတယ္။ ဒုတိယတလုံးက်ေတာ့ တီဗီြပိတ္လုိက္ၿပီးေတာ့ ဟုိအိမ္အျပင္ဘက္ ေရာက္သြားေတာ့ပုိၿပီးေတာ့ဟုိ ေတာ္ေတာ္ေလး ၾကားရတယ္၊ ၿပီးေတာ့ အသံလွုိင္းေတြဘာေတြေလ၊ တုန္ခါတာေတြဘာေတြ ၾကားရတယ္၊ ယမ္းေငြ့အနံေတြ ဘာေတြခ်က္ျခင္း ရတယ္။ ေဘးကအစအနေတြဘာေတြ လြင့္သြားတာေတာင္ က်ေနာ္တုိ့ ၾကားရတယ္ေပါ့ေလ။

ကိုေဇာ္မုိးေက်ာ္ ။ ။ ထိခုိက္ဒါဏ္ရာရရွိသူေရာ ရွိပါလားခင္ဗ်ာ။

ကုိဘုန္း၀င္း ။ ။ ဟုိ ထိခုိက္တာ လူကေတာ့မရွိဘူး။ ဘာျဖစ္လုိ့လဲဆုိေတာ့ ဂိတ္နဲ့ေပ ၃၀ ေလာက္ေ၀းတဲ့ေနရာမွာ ကဲြတာေပါ့ေနာ္။ က်ေနာ္တုိ့ အိမ္ရဲ့ဂိတ္ေစာင့္က ဂိတ္ကုိပိတ္ၿပီးေတာ့ သူကအတြင္းေရာက္တဲ့အခ်ိန္မွာ ကဲြတာဆုိေတာ့ သူကကံေကာင္းသြားတယ္ လြတ္သြားတယ္။

ကိုေဇာ္မုိးေက်ာ္ ။ ။ ေနာက္ၿပီးေတာ့ ဒီ ထိခုိက္ပ်က္စီးသြားတာေတြေရာ ရွိပါလားခင္ဗ်ာ။

ကုိဘုန္း၀င္း ။ ။ လမ္းမေပၚမွာေထာင္ထားတဲ့ေၾကာ္ျငာ ဆုိင္းဘုတ္ရွိတာေပါ့၊ အဲဒိဆုိင္းဘုတ္ ႀကီးေအာက္မွာ (ဒုတိယတလုံး) ကဲြတာဆုိေတာ့ အဲဒိဆုိင္းဘုတ္ရဲ့ မွန္ေတြဘာေတြက ကဲြက်သြားတာေပါ့ေလ။

ကိုေဇာ္မုိးေက်ာ္ ။။ ဟုတ္ကဲ့ တခုေလာက္ ေမးပါရေစခင္ဗ်။ ဘာရည္ရြယ္ခ်က္ေၾကာင့္ ဒီလုိေနရာမွာ ဗုံးခဲြမွဳေတြ လုပ္တယ္လုိ့ ထင္ပါသလဲခင္ဗ်ာ။ ဘယ္လုိ ျဖစ္ႏုိင္ေျခေတြ ရွိပါသလဲ။

ကုိဘုန္း၀င္း ။ ။ အဲ က်ေနာ္ထင္တာေတာ့ သူတုိ့မွားဘဲလုပ္တာလား။ ဒါမွမဟုတ္ အေမရိကန္ သံအမတ္အိမ္ကလည္း က်ေနာ္တုိ့နဲ့ ၆ အိမ္ေလာက္ျခားမွာ ရွိတယ္ေလ။ သံအမတ္ႀကီး အိမ္ေရွ့ တည့္တည့္ေတာ့ မဟုတ္ဘူး။ သံအမွတ္ႀကီး အိမ္ေရွ့ကေန ဂိတ္ကေနထြက္ၿပီးေတာ့ အဲဒိကဲြတဲ့ေနရာကုိ ၾကည့္လုိက္ရင္ လွမ္းၿပီးေတာ့ ျမင္ရတယ္။ ဆုိေတာ့ အဲလုိမ်ိဳးပဲ သိေစ့ခ်င္လုိ့ လုပ္တာလား၊ အဲဒိကဲြတာနဲ့ေပ တရာ၊ တရာ့ငါးဆယ္အတြင္း ဆုိလုိ့ရွိရင္ ေတာ္ေတာ္ေလးနီးတဲ့ အပုိင္းမွာဆုိလုိ့ရွိရင္ေတာ့ အရပ္သားအိမ္ေတြႀကီးပဲ ရွိတယ္။ ဘယ္သူမွ အစုိးရအလုပ္လုပ္တဲ့ လူမရွိဘူး စီးပြားေရးအရလည္း အစိုးရနဲ့ဆက္စပ္ၿပီးေတာ့ ဖက္စပ္ေတြဘာေတြလုပ္တဲ့ လူေတြဘာေတြလည္း မရွိဘူး စဥ္းစားရေတာ့ ခက္တာေပါ့။

ကုိဘုန္း၀င္း ေျပာဆုိသြားတာပါ။

ဒီဗုံးေပါက္ကဲြမွုနဲ့ ပတ္သက္ၿပီးေတာ့ ဘယ္သူဘယ္၀ါရဲ့ လက္ခ်က္ျဖစ္တယ္ဆုိတာမ်ိဳး ထုတ္ေဖၚေျပာဆုိတာမ်ိဳး မရွိေသးပါဘူး။

ဗုံးေပါက္ကဲြမွုအၿပီး (၁၅) မိနစ္ေလာက္မွာ ရဲနဲ့လုံၿခုံေရးတာ၀န္ရွိသူေတြ ေရာက္လာတယ္လုိ့ကုိ ဘုန္း၀င္းက ေျပာပါတယ္။ ဒီဗုံးေပါက္ကဲြမွုနဲ့ ပတ္သက္ၿပီး လုံၿခုံေရးတာ၀န္ရွိသူေတြရဲ့ ေျပာဆုိခ်က္ေတြကုိ သိႏုိင္ဖုိ့အတြက္ လွုိင္ၿမိဳ့နယ္ရဲစခန္းကို တယ္လီဖုန္းနဲ့ ဆက္သြယ္ခဲ့ေပမယ့္၊ ဖုန္းေခၚလုိ့ မရခဲ့ပါဘူးခင္ဗ်ာ။

###

တိုက္႐ိုက္ လင့္ခ္


Unicode

ရန်ကုန်မြို့ အမေရိကန်သံအမတ် အိမ်အနီး ဗုံး ၂ လုံးပေါက်ကွဲ

အင်္ဂါနေ့ည ၉ နာရီ မိနစ် ၄၀ အချိန်မှာ ရန်ကုန်တိုင်းလှိုင်မြို့နယ် ပြည်လမ်းမကြီးပေါ်က အမေရိကန်သံအမတ်ကြီး နေအိမ်နဲ့ မလှမ်းမကမ်းမှာ၊ ဗုံး ၂ လုံး ဆက်တိုက်ပေါက်ကွဲခဲ့ပါတယ်။ တမိနစ်ခြားပြီး ဒုတိယတလုံး ပေါက်ကွဲခဲ့ပါတယ်။ ရန်ကုန်တက္ကသိုလ်လှိုင်နယ်မြေ၊ ကျောင်းလမ်းမှတ်တိုင်အနီး၊ ရွှေင်္ဟာသာကွန်ဒိုရှေ့ဖက် လမ်းမကြီးပေါ်မှာ တလုံး ပေါက်ကွဲခဲ့ပါတယ်။ ရွှေင်္ဟာသာကွန်ဒိုနဲ့ မျက်နှာခြင်းဆိုင် အိမ်မှာနေတဲ့ မျက်မြင်သက်သေတဦးလည်းဖြစ်တဲ့ ကိုဘုန်းဝင်းကို ကိုဇော်မိုးကျော်က ဆက်သွယ်ပြီး အခြေအနေတချို့ကို မေးမြန်းထားပါတယ်။
-
ကိုဇော်မိုးကျော် ။ ။ ဟုတ်ကဲ့ပါ ကိုဘုန်းဝင်းတို့ အိမ်ရှေ့နားမှာ အင်္ဂါနေ့ညတုန်းက ဗုံး ၂ လုံးပေါက် ကွဲခဲ့ကြောင်းသိရပါတယ်။ ဘယ်လိုဖြစ်ခဲ့ပါသလဲ ဘာတွေတွေ့မြင်ခဲ့ပါသလဲ နည်းနည်းပြောပြ ပေးပါလားခင်ဗျ။

ကိုဘုန်းဝင်း ။ ။ ပထမအလုံးကတော့ ပြည်လမ်းလမ်းလည်ခေါင်မှာ ကွဲတာပေါ့။ ကျနော်တို့ခြံရှေ့နဲ့ ရွှေင်္ဟာနဲ့ကွန်ဒိုနဲ့ကြားထဲက လမ်းမကြီးပေါ်မှာ အလယ်ခေါင်မှာ ကွဲတယ်။ ဒုတိယတလုံးကတော့ ရန်ကုန်မြို့ထဲကနေ လာလို့ရှိရင် ညာဖက်အခြမ်းပေါ့လေ၊ မင်္ဂလာဒုံဘက်သွားရင် ညာဖက်အခြမ်းမှာ ကွဲတယ်။ အမှတ် ၅၄ ပြည်လမ်း အိမ်ရှေ့မှာ ကွဲတယ်ပေါ့၊ ဟိုဆိုင်းဘုတ်တွေ ဘာတွေမှန်တွေဘာတွေ ကွဲသွားတယ်၊ ရေပိုက်တွေဘာတွေ ကျိုးသွားတယ်ပေါ့။ နောက်တတိယတလုံးက မလှမ်းမကမ်းမှာပဲ ဒုတိယတလုံးနဲ့ ပေ ၂၀ လောက်ဘဲဝေးမယ်နဲ့ တူတယ်၊ အဲဒိမှာတော့ တတိယတလုံ တွေ့တယ်၊ အဲဒါတော့ မကွဲသေးဘူးပေါ့။

ကိုဇော်မိုးကျော် ။ ။ ပြင်းအားဘယ်လောက်ရှိလဲခင်ဗျာ။ အသံ အတော်တော်ကျယ်ကျယ် ကြားရပါလာခင်ဗျ။

ကိုဘုန်းဝင်း ။ ။ အသံကတော့ တော်တော်ကျယ်တယ်။ ပထမအလုံးထဲက တီဗွီဖွင့်ထားတာ တောင်တော်တော်ကြီး ကျယ်ကျယ်ကြားရတယ်။ ဒုတိယတလုံးကျတော့ တီဗွီပိတ်လိုက်ပြီးတော့ ဟိုအိမ်အပြင်ဘက် ရောက်သွားတော့ပိုပြီးတော့ဟို တော်တော်လေး ကြားရတယ်၊ ပြီးတော့ အသံလှိုင်းတွေဘာတွေလေ၊ တုန်ခါတာတွေဘာတွေ ကြားရတယ်၊ ယမ်းငွေ့အနံတွေ ဘာတွေချက်ခြင်း ရတယ်။ ဘေးကအစအနတွေဘာတွေ လွင့်သွားတာတောင် ကျနော်တို့ ကြားရတယ်ပေါ့လေ။

ကိုဇော်မိုးကျော် ။ ။ ထိခိုက်ဒါဏ်ရာရရှိသူရော ရှိပါလားခင်ဗျာ။

ကိုဘုန်းဝင်း ။ ။ ဟို ထိခိုက်တာ လူကတော့မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဂိတ်နဲ့ပေ ၃၀ လောက်ဝေးတဲ့နေရာမှာ ကွဲတာပေါ့နော်။ ကျနော်တို့ အိမ်ရဲ့ဂိတ်စောင့်က ဂိတ်ကိုပိတ်ပြီးတော့ သူကအတွင်းရောက်တဲ့အချိန်မှာ ကွဲတာဆိုတော့ သူကကံကောင်းသွားတယ် လွတ်သွားတယ်။

ကိုဇော်မိုးကျော် ။ ။ နောက်ပြီးတော့ ဒီ ထိခိုက်ပျက်စီးသွားတာတွေရော ရှိပါလားခင်ဗျာ။

ကိုဘုန်းဝင်း ။ ။ လမ်းမပေါ်မှာထောင်ထားတဲ့ကြော်ငြာ ဆိုင်းဘုတ်ရှိတာပေါ့၊ အဲဒိဆိုင်းဘုတ် ကြီးအောက်မှာ (ဒုတိယတလုံး) ကွဲတာဆိုတော့ အဲဒိဆိုင်းဘုတ်ရဲ့ မှန်တွေဘာတွေက ကွဲကျသွားတာပေါ့လေ။

ကိုဇော်မိုးကျော် ။။ ဟုတ်ကဲ့ တခုလောက် မေးပါရစေခင်ဗျ။ ဘာရည်ရွယ်ချက်ကြောင့် ဒီလိုနေရာမှာ ဗုံးခွဲမှုတွေ လုပ်တယ်လို့ ထင်ပါသလဲခင်ဗျာ။ ဘယ်လို ဖြစ်နိုင်ခြေတွေ ရှိပါသလဲ။

ကိုဘုန်းဝင်း ။ ။ အဲ ကျနော်ထင်တာတော့ သူတို့မှားဘဲလုပ်တာလား။ ဒါမှမဟုတ် အမေရိကန် သံအမတ်အိမ်ကလည်း ကျနော်တို့နဲ့ ၆ အိမ်လောက်ခြားမှာ ရှိတယ်လေ။ သံအမတ်ကြီး အိမ်ရှေ့ တည့်တည့်တော့ မဟုတ်ဘူး။ သံအမှတ်ကြီး အိမ်ရှေ့ကနေ ဂိတ်ကနေထွက်ပြီးတော့ အဲဒိကွဲတဲ့နေရာကို ကြည့်လိုက်ရင် လှမ်းပြီးတော့ မြင်ရတယ်။ ဆိုတော့ အဲလိုမျိုးပဲ သိစေ့ချင်လို့ လုပ်တာလား၊ အဲဒိကွဲတာနဲ့ပေ တရာ၊ တရာ့ငါးဆယ်အတွင်း ဆိုလို့ရှိရင် တော်တော်လေးနီးတဲ့ အပိုင်းမှာဆိုလို့ရှိရင်တော့ အရပ်သားအိမ်တွေကြီးပဲ ရှိတယ်။ ဘယ်သူမှ အစိုးရအလုပ်လုပ်တဲ့ လူမရှိဘူး စီးပွားရေးအရလည်း အစိုးရနဲ့ဆက်စပ်ပြီးတော့ ဖက်စပ်တွေဘာတွေလုပ်တဲ့ လူတွေဘာတွေလည်း မရှိဘူး စဉ်းစားရတော့ ခက်တာပေါ့။

ကိုဘုန်းဝင်း ပြောဆိုသွားတာပါ။

ဒီဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီးတော့ ဘယ်သူဘယ်ဝါရဲ့ လက်ချက်ဖြစ်တယ်ဆိုတာမျိုး ထုတ်ဖေါ်ပြောဆိုတာမျိုး မရှိသေးပါဘူး။

ဗုံးပေါက်ကွဲမှုအပြီး (၁၅) မိနစ်လောက်မှာ ရဲနဲ့လုံခြုံရေးတာဝန်ရှိသူတွေ ရောက်လာတယ်လို့ကို ဘုန်းဝင်းက ပြောပါတယ်။ ဒီဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး လုံခြုံရေးတာဝန်ရှိသူတွေရဲ့ ပြောဆိုချက်တွေကို သိနိုင်ဖို့အတွက် လှိုင်မြို့နယ်ရဲစခန်းကို တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့်၊ ဖုန်းခေါ်လို့ မရခဲ့ပါဘူးခင်ဗျာ။

XS
SM
MD
LG