သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်သည်မပေါ်တဲ့ လေရှီးမြို့နယ်ပေါက်ကွဲမှု ကျောင်းသားတဦး သေဆုံး


စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးခရိုင် လေရှီးမြို့နယ် မိုလ်နွေးကျေးရွာ ဗုံးပေါက်ကွဲမှုကြောင့် ၁၀တန်းကျောင်းသားတဦး သေဆုံး ( မေလ ၄ ရက်) ဓါတ်ပုံ- Kuki Youth Network)
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးခရိုင် လေရှီးမြို့နယ် မိုလ်နွေးကျေးရွာ ဗုံးပေါက်ကွဲမှုကြောင့် ၁၀တန်းကျောင်းသားတဦး သေဆုံး ( မေလ ၄ ရက်) ဓါတ်ပုံ- Kuki Youth Network)

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးခရိုင်၊ လေရှီးမြို့နယ် (တမူးမြို့နယ်စပ်) မိုလ်နွေးကျေးရွာ မှာ အမည်မသိသူေတွေထောင်ထားတဲ့ဗုံးကြောင့် ၁၀တန်းကျောင်းသားတယောက် သေဆုံးပြီး၊ တဦးကတော့ဒဏ်ရာရတဲ့အတွက် တမူးဆေးရုံကြီးကို ပို့ ပြီးကုသမူခံယူနေရပါတယ်။ ဗွီအိုအေ သတင်းထောက် မအေးမာကသတင်းပေးပို့ထားပါတယ်။

မကြာခဏဆိုသလို ပေါက်ကွဲမူတွေဖြစ်နေတဲ့ အိန္ဒယ-မြန်မာနယ်စပ် လေရှီးမြို့နယ် ထဲမှာ မေလ ၄ ရက်နေ့ကပေါက်ကွဲမူဖြစ်ခဲ့တာကြောင့် ၁၀တန်းကျောင်းသားတဦးသေဆုံးခဲ့ကြောင်း ကူူကီးလူငယ်များအဖွဲ့ရဲ့အကြံပေး ဦးထန်ခိုဆေးကပြောပါတယ်။

“မောင်ဆေးမင်လင် ၁၀တန်းကျောင်သားတယောက်က ပွဲချင်းပြီးဆုံးသွားတယ်။ ကြည့်လို့မရအောင်ကို ဆိုးပါတယ်ဗျာ။ လက်တဖက်လည်း ပြတ်သွားတယ်။ လက်တောင် မှာရှာလို့မတွေ့ပါဘူး။ မောင်ဆေးဂိုလင် က ဘယ်ဘက်လက်မောင်းမှာ ဗုံးစတွေထိသွားတယ်။ အခု တမူးဆေးရုံမှာပါ။”

တမူးပြည်သူလွတ်တော်ကိုယ်စားလှယ်တဦးလာရောက်ကြည့်ရူခဲ့ပြီး တခြားတာဝန်ရှိသူတွေတော့ မလာရောက်သေးဘူးလို့ ဆိုပါတယ်။ ဒီအတွက် ဒီလို ပေါက်ကွဲမူတွေဖြစ်တိုင်း အရပ်သားတွေ ထိခိုက်မူတွေရှိခဲ့ကြောင်း၊ သေဆုံးသူတွေ အတွက် တာဝန်ယူပေးတာတွေ မရှိခဲ့တာကြောင့် လက်ရှိ အစိုးရအနေနဲ့ အခုထိခိုက် သေဆုံးဒဏ်ရာရမှု တွေနဲ့ ပတ်သက်လို့တာဝန်ယူပေးဖို့ ကူကီးလူငယ်အဖွဲ့က တောင်းဆိုထားတယ်လို့လည်း ဆက်ပြောပြပါတယ်။

“ကျနော်တို့ ကအခုလို အရပ်သားတွေ ခနခနထိခိုက်နစ်နာတဲ့ကိစ္စမှာ ဘယ်တုန်းကမှ လက်သည်မပေါ်တဲ့အတွက် အစိုးရအနေနဲ့ ဒီလက်သည်တရားခံကို အမြန်ဆုံးဖော်ထုတ်ပေးဖို့ တောင်းဆိုတယ်။ အခုသေသွားတဲ့ကလေးတွေအတွက် ဘယ်သူက တာဝန်ယူမှာလဲ။ ဘယ်သူက နစ်နာကြေးလျော်ကြေးပေးမှာလဲ။ အစိုး၇အနေနဲ့ မနစ်နာအောင်ဆောင်ရွက်ပေးဖို့ တောင်းဆိုတယ်။ ဒဏ်ရာရတဲ့ကလေးတွေအတွက် ဘယ်သူကဆေးကုသစရိတ် တာဝန်ယူပေးမှာလဲ။ သူကမိဘမဲ့ကလေးဖြစ်နေတယ်။ ဒီအတွက်ဆေးကုသစရိတ် တာဝန်ယူပေးဖို့ ကျနော်တို့တောင်းဆိုထားပါတယ်။”

အန္ဒိယ-မြန်မာနယ်စပ ်တမူးမြို့နယ်အတွင်းမှာ ဗုံးပေါက်ကွဲမူတွေ ဖြစ်လေ့ရှိတဲ့အတွက် အရပ်သားတွေအနေနဲ့ လုံခြုံ မှု မရှိတဲ့အပြင် စိုးရိမ်ကြောက်လန့် စွာနဲ့ နေထိုင်နေရကြောင်း ပြောပြခဲ့သလို့ပြီးခဲ့တဲ့နှစ်တွေတုန်းကလည်း အလားတူပေါက်ကွဲမူတွေ ဖြစ်ပွားခဲ့တယ်လို့ လည်းဆိုပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့တမူးမြို့နယ်အာဏာပိုင်တွေကို ဆက်သွယ်မေးမြန်းဖို့ကြိူးစားခဲ့ပေမဲ့ ဆက်သွယ်လို့မရခဲ့ပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG