သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မန္တလေးမြို့ စစ်ဌာနချုပ်အနီး လက်နက်ကြီးကျည်ပေါက်ကွဲ


မန္တလေးမြို့ စစ်ဌာနချုပ်အနီး လက်နက်ကြီးကျည်ပေါက်ကွဲ
ဓာတ်ပုံ- လူသားချင်းစာနာထောက်ထားရေးကွန်ရက်
မန္တလေးမြို့ စစ်ဌာနချုပ်အနီး လက်နက်ကြီးကျည်ပေါက်ကွဲ ဓာတ်ပုံ- လူသားချင်းစာနာထောက်ထားရေးကွန်ရက်

မန္တလေးနန်းတော်ရဲ့ တောင်ဘက် စိတ္တရမဟီရပ်ကွက်ထဲကို ဒီနေ့ တနလ်ာနေ့မနက် အစောပိုင်းမှာ လက်နက်ကြီးကျည်ဆံ ကျရောက် ပေါက်ကွဲခဲ့တာကြောင့် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်နချုပ်ရှိရာ မန္တလေးနန်းတော်ရဲ့ ပတ်ဝန်းကျင် မြို့နယ်တွေကို စစ်ကောင်စီက လုံခြုံရေး တင်းတင်းကြပ်ကြပ်ချထားလိုက်ပါတယ်။ ဒီအကြောင်း သတင်းပေးပို့ထားတာကို ကိုဝင်းခန့်မောင်က တင်ပြပေးမှာပါ။

မန္တလေးတိုင်း ၊ ချမ်းအေးသာစံမြို့နယ်၊ စိတ္တရမဟီ ရပ်ကွက်ထဲကို အောက်တိုဘာလ၂ ရက် မနက် ၄ နာရီလောက်မှာ လက်နက်ကြီးကျည်ဆံ ကျရောက် ပေါက်ကွဲခဲ့တာကြောင့် နှစ်ထပ်နေအိမ်တလုံး ပျက်စီးသွားပြီး ပတ်ဝန်းကျင်က အိမ်တချို့လည်း ဗုံးစ ထိမှန်ခဲ့ပါတယ်။ လူထိခိုက်တာ ရှိမရှိကိုတော့ လက်တလောမှာ မသိရသေးပါဘူး။ မန္တလေးနန်းတော် အနီးဝန်းကျင်မှာနေထိုင်တဲ့ ဒေသခံတဦးက အခုလိုပြောပါတယ်။

" ဘယ်ကနေ ဘယ်လိုမှန်းကို မသိသေးဘူးပေါ့ သို့လော၊ သို့လောတွေလည်း အသံကြားနေရတယ်။ သို့သော် ဖြစ်တာတော့ ဖြစ်ပြီပေါ့နော်၊ ဒါက ဒီနန်းတွင်း တလမ်းကျော်မှာ ဖြစ်တယ်၊ သို့သော် သူ့ရှေ့ဘက်မှာ စည်ပင်ရုံးဆိုတာရှိတယ်၊ အဲဒီတော့ စည်ပင်ရုံးလုပ်တာလား၊ နန်းတွင်းလုပ်တာလား နန်းတွင်းလုပ်ရင်း စည်ပင်ရုံးချော်ကျတာလား၊ ဘယ်လိုလဲ၊ နောက်တခါ ဒါဟာ ရှော့တိုက်ဒုံးနဲ့ ပစ်တာလား၊ ဒရုန်းနဲ့ချတာလား၊ ဒါမှမဟုတ် အတွင်းထဲက ပေါက်တာလား ဘာမှန်းကို definite က အတိအကျ မသိဘူးပေါ့နော်။"

ဒီကိစ္စနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့တယ် ဆိုတာကို စစ်ကောင်စီရော၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေကပါ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။ ဒါပေမဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မန္တလေးခရိုင် တပ်ရင်း (၃)ရဲ့ တပ်ရင်းမှူး ဗိုလ်နက္ခတ်ကတော့ ပေါက်ကွဲမှုဖြစ်ခဲ့တာ မှန်ကန်ကြောင်း ဗွီအိုအေကို ပြောပါတယ်။ ဒါပေမဲ့ သူ့အနေနဲ့ ဘယ်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့တယ်ဆိုတာ လက်တလော စစ်ရေးအခြေအနေအရ ပြောလို့မရနိုင်ကြောင်း ပြောပါတယ်။

" လက်နက်ကြီးကျတဲ့ ကိစ္စကတော့ ဟုတ်ပါတယ်ဗျ၊ ဒါပေမဲ့ စစ်ရေး လျှို့ဝှက်ချက် ဖြစ်တဲ့အတွက်ကြောင့်မို့ ထုတ်ပြောလို့တော့ မရပါဘူး၊ ဒါပေမဲ့ ကျနော်တို့ ဘက်ကတော့ အချိန်မရွေး စစ်ဆင်ရေးလုပ်နိုင်လို့ ရအောင်လို့ တော်လှန်ရေး ရဲဘော်တွေ အကုန်လုံးကတော့ ပြင်ဆင်ထားတဲ့ အခြေအနေမှာ ရှိပါတယ်။"

မန္တလေးမြို့ စစ်ဌာနချုပ်အနီး လက်နက်ကြီးကျည်ပေါက်ကွဲ ဓာတ်ပုံ- လူသားချင်းစာနာထောက်ထားရေးကွန်ရက်
မန္တလေးမြို့ စစ်ဌာနချုပ်အနီး လက်နက်ကြီးကျည်ပေါက်ကွဲ ဓာတ်ပုံ- လူသားချင်းစာနာထောက်ထားရေးကွန်ရက်

မြို့ပြစစ်ပွဲတွေ၊ မြို့ပြတိုက်ပွဲသေးလေးတွေ မကြာခဏလို ဖြစ်လာနိုင်တဲ့ အခြေအနေမျိုးတွေ ရှိလာနိုင်တယ်လို့ လက်နက်ကိုင် အဖွဲ့တချို့ကလည်း မကြာသေးခင်က ထုတ်ဖော်ပြောထားတာလည်း ရှိပါတယ်။ မန္တလေးတိုင်းထဲက ပြည်သူ့ကာကွယ်ရေး တပ်မတော်ရဲ့ တပ်ရင်း (၃)၊ တပ်ရင်း(၄)၊ တပ်ရင်း(၅)နဲ့ တပ်ရင်း(၆) ပေါင်းပြီး ရွှေပြည်စိုး စစ်ဆင်ရေးရဲ့ ဖွင့်ပွဲကို ဒီနေ့တနင်္လာနေ့ နေ့လည် ၁၁နာရီမှာ ပြုလုပ်ခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ လူမှုကွန်ရက် စာမျက်နှာတွေက သိထားကြောင်း ဖော်ပြခဲ့တာပါ။

မန္တလေးနန်းတော်နဲ့ အနီးပတ်ဝန်းကျင်မှာ အခုလို ကြီးကြီးမားမား ပေါက်ကွဲမှုဖြစ်ခဲ့တာကြောင့် စစ်ကောင်စီက အရပ်ဝတ် လုံခြုံရေးအင်အားကို တိုးမြှင့်ထားတယ်လို့ ဒေသခံတချို့ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG