သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယ ပါကစ္စတန်နယ်စပ် ဗုံးခွဲမှု ၅၀ ကျော်သေဆုံး


ပါကစ္စတန်မှာ ဗုံးပေါက်ကွဲမှုအတွင်း သေဆုံးသွားသူတွေ ကျန်ရစ်သူမိသားစုဝင်တွေက ကွယ်လွန်သူတွေကို အတည်ပြုဖို့ လာရောက်စုရုံးကြည့်ရှုစဉ်။ (နိုဝင်ဘာ ၂၊ ၂၀၁၄)
ပါကစ္စတန်မှာ ဗုံးပေါက်ကွဲမှုအတွင်း သေဆုံးသွားသူတွေ ကျန်ရစ်သူမိသားစုဝင်တွေက ကွယ်လွန်သူတွေကို အတည်ပြုဖို့ လာရောက်စုရုံးကြည့်ရှုစဉ်။ (နိုဝင်ဘာ ၂၊ ၂၀၁၄)

ပါကစ္စတန်နိုင်ငံ၊ လာဟိုးက ဗုံးခွဲတိုက်ခိုက်မှုတခုအတွင်း အနည်းဆုံး ၅၅ ဦး သေဆုံးခဲ့ပြီး ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြပါတယ်။ အိန္ဒိယနိုင်ငံနဲ့ နယ်စပ် Wagah နယ်စပ်ဂိတ်အနီး ညနေခင်း အလံချအခမ်းအနား ကျင်းပရာမှာ တိုက်ခိုက်မှု ဖြစ်ခဲ့တာပါ။

အခမ်းအနားကိုတော့ နေမဝင်ခင်မှာ စတင်ခဲ့ပြီး အခမ်းအနားကို ကြည့်ရှုဖို့ နိုင်ငံခြားသားခရီးသွားတွေအပါအဝင် ရာပေါင်းများစွာသောသူတွေဟာ နှစ်နိုင်ငံနယ်စပ် တဘက်တချက်မှာ စုဝေးလေ့ရှိကြပါတယ်။

ဂျမတ် အယ်လ် အာရား ('Jamaat ul Ahrar') လို့ခေါ်တဲ့ ပါကစ္စတန် စစ်သွေးကြွအဖွဲ့တဖွဲ့ကတော့ အီးမေလ်ကနေတဆင့် သတင်းမီဒီယာဆီ ပေးပို့တဲ့ ကြေညာချက်ထဲမှာ အသေခံဗုံးခွဲ တိုက်ခိုက်မှုဟာ သူတို့လက်ချက်ဖြစ်တယ်လို့ ပြောဆိုခဲ့တာပါ။ မြောက်ပိုင်း ဝါဇီရစ်စတန် လူမျိုးစုဒေသမှာ သူပုန်တွေ အပေါ် အစိုးရရဲ့ တန်ပြန်စစ်ဆင်ရေးအတွင်း ပါကစ္စတန်စစ်တပ်ရဲ့ လက်ချက်ကြောင့် သေဆုံးမှုတွေအတွက် လက်စားချေတာဖြစ်တယ်လို့လည်း ကြေညာချက်မှာ ဖော်ပြခဲ့ပါတယ်။

ပန်ဂျပ်ပြည်နယ် ရဲမှူးချုပ် မူစတတ် စူကီရာ ကတော့ - အရပ်သားတွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်လိမ့်မယ်လို့ ဘယ်သူကမှ မမျှော်လင့်ခဲ့တဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။ တနင်္ဂနွေနေ့က အကြမ်းဖက်တိုက်ခိုက်မှုဟာဆိုရင် ၁၉၅၉ ခုနှစ်ကတည်းက စတင်ကျင်းပခဲ့တဲ့ အလံချအခမ်းအနားအနီးမှာ ပထမဆုံး အကြိမ် ဖြစ်ခဲ့တာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG