သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး နုတ်ထွက်


Artist Emma Meehan applies final touches on a new waxwork of the Queen, in Blackpool, Britain.
Artist Emma Meehan applies final touches on a new waxwork of the Queen, in Blackpool, Britain.

ဗြိတိသျှနိုင်ငံခြားရေးဝန်ကြီး Boris Johnson ဟာ မကြာသေးခင် အချိန်ပိုင်းအတွင်းကဘဲ ရာထူးကနေ နုတ်ထွက်သွားခဲ့ပါတယ်။ ဝန်ကြီး Johnson ဘာကြောင့် အခုလို ရာထူးက ရုတ်တရက် နုတ်ထွက်သွားတယ်ဆိုတဲ့ အသေးစိတ် အချက်အလက်တွေတော့ ထွက်မလာသေးပါဘူး။

ဒါပေမယ့် Brexit လို့ခေါ်တဲ့ ဗြိတိန်နိုင်ငံ အီးယူအဖွဲ့ထဲက နုတ်ထွက်ရေးကိစ္စကို တာဝန်ခံ ညှိနှိုင်းဆွေးနွေးသူ David Davis ရာထူးက နုတ်ထွက်ပြီး နောက်တနေ့မှာ ဝန်ကြီး Johnson အခုလို ရာထူးက နုတ်ထွက်သွားတာပါ။

ဝန်ကြီးချုပ် Theresa May အနေနဲ့ ဗြိတိန် အီးယူက နုတ်ထွက်ရေး ဆွေးနွေးမှုတွေမှာ အလျော့ပေးမှုတွေ များလွန်းတာ၊ အီးယူထဲက နုတ်ထွက်ပြီး ဗြိတိန်အနေနဲ့ ကိုယ်ပိုင် သီးခြားလွတ်လပ်တဲ့ အသိုက်အဝန်းအခု ထူထောင်ရေး ဝန်ကြီးချုပ်ရဲ့ ရည်မှန်းချက်တွေဟာ စိတ်ကူးယဉ်သက်သက်သာဖြစ်ပြီး လက်တွေ့မဆန်ဘူးလို့ ဝန်ကြီး Davis က သူ့ရဲ့ နုတ်ထွက်စာထဲမှာ ဖော်ပြထားပါတယ်။

နိုင်ငံခြားရေးဝန်ကြီး Johnson ရဲ့ နုတ်ထွက်မှုဟာလည်း Brexit အပေါ် ဝန်ကြီးချုပ်နဲ့ သဘောထားကွဲလွဲမှုတွေကြောင့် ဖြစ်နိုင်တယ်ဆိုတဲ့ ခန့်မှန်း ပြောဆိုမှုတွေ ထွက်ပေါ်နေပါတယ်။

ဝန်ကြီးချုပ် May ရဲ့ အစီအစဉ်ကို အကြိတ်အနယ် ဆွေးနွေးကြပြီးတဲ့နောက် အစိုးရဝန်ကြီးအဖွဲ့က ဝန်ကြီးချုပ်ရဲ့ အစီအစဉ်ကို သောကြာနေ့က လက်ခံလိုက်ပြီ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG