သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Boston တိုက်ခိုက်မှုအတွက် သံသယရှိသူတစ်ဦး အသေမိ


Boston မြို့တွင်း ဗုံးခွဲတိုက်ခိုက်သူများကို ရှာဖွေနေစဉ်။ (ဧပြီလ ၁၉၊ ၂၀၁၃။)
Boston မြို့တွင်း ဗုံးခွဲတိုက်ခိုက်သူများကို ရှာဖွေနေစဉ်။ (ဧပြီလ ၁၉၊ ၂၀၁၃။)
ဘော်စတွန်မာရသွန် အပြေးပြိုင်ပွဲမှာ ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ မသင်္ကာရသူ ၂ ယောက်နဲ့ ရဲတပ်ဖွဲ့ဝင်တွေအကြား ကြာသပတေးနေ့ည နှောင်းပိုင်းက အပြန် အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီး မသင်္ကာသူ တဦးသေဆုံးသွားပါတယ်။ ကျန် တယောက်ကကို မက်ဆာချူးဆက်ပြည်နယ် ရဲတပ်ဖွဲ့က ဘော်စတွန်မြို့ ဆင်ခြေဖုံး ဒေသတွေမှာ တအိမ်တက်ဆင်း လိုက်လံ ရှာဖွေနေပါတယ်။

အခု မသင်္ကာသူ ၂ ဦးဟာ ရုရှားနိုင်ငံ Chechen ဒေသက ဖြစ်ပြီး ညီအကိုတွေဖြစ်ပြီး သူတို့ဟာ Massachusette ပြည်နယ် Cambriged မြို့ မှာ နေကြတဲ့သူတွေ ဖြစ်တယ်လို့ အမေရိကန် သတင်းမီဒီယာတွေ မှာ ဖော်ပြနေကြပါတယ်။ အခု အပြင်မှာ လွတ်နေသူဟာ အသက် ၁၉ နှစ်အရွယ် Dzhorkhar Tsarnaev ဖြစ်ပြီး အသက် ၂၆ နှစ်အရွယ် အကိုဖြစ်သူ Tamerlan Tsarnaev ကတော့ ရဲနဲ့ ပစ်ခတ်စဉ် ရရှိခဲ့တဲ့ သေနတ်ဒဏ်ရာတွေနဲ့ ဆေးရုံ မှာ သေဆုံးသွားပြီ ဖြစ်ပါတယ်။

အခု လွတ်နေသေးတဲ့သူဟာ ဗုံးခွဲခဲ့သူ ၂ ဦးထဲက ဦးထုပ်အဖြူဆောင်းထားပြီး မသင်္ကာသူ အမှတ် ၂ လို့ အာဏာပိုင်တွေက အမည်ပေးထားတဲ့သူ ဖြစ်ပါတယ်။ အဲဒီလူဟာ လက်နက်ကိုင်ဆောင်ထားပြီး အန္တရာယ် ရှိတဲ့သူဖြစ်တယ်လို့ ဆိုပါ တယ်။ ဘော်စတွန်မြို့နဲ့ ၅ မိုင်လောက်ဝေးတဲ့ Watertown ဆင်ခြေဖုန်း အရပ်နဲ့ တခြား ဘော်စတွန်မြို့ အနီးဝန်းကျင်မှာ ရဲတပ်ဖွဲ့ဝင်တွေက လိုက်လံ ရှာဖွေနေကြတာပါ။

အခုချိန်မှာတော့ ဘော်စတွန် မြို့ခံတွေအနေနဲ့ အိမ်ထဲက အိမ်ပြင်မထွက်ကြဖို့ အာဏာပိုင်တွေက သတိပေးချက်ထုတ်ပြန်ထားပြီး တံခါး လာခေါက်ရင်လည်း ရဲတပ်ဖွဲ့ဝင်တွေကလွဲလို့ ဘယ်သူ့ကိုမှ တံခါး ဖွင့်မပေးဖို့ သတိပေးထားပါ တယ်။ ဘော်စတွန်မြို့က သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေ၊ ကျောင်းတွေ၊ တက္ကသိုလ်တွေနဲ့ စီးပွားရေးလုပ်ငန်းတချို့ကို အာဏာပိုင်တွေက ပိတ်ထား လိုက်ပြီး မြို့ထဲကို မော်တော်ယာဉ်တွေလည်း ဝင်ထွက်ခွင့် ပိတ်ပင်ထားပါတယ်။
ဘော့စ်တွန်မြို့ဗုံးဖောက်ခွဲမှုအဖြစ် သံသယရှိသူ အမှတ် (၂)၊ ယခု လွတ်မြောက်နေဆဲ Dzhorkhar Tsarnaev (၁၉ နှစ်။)
ဘော့စ်တွန်မြို့ဗုံးဖောက်ခွဲမှုအဖြစ် သံသယရှိသူ အမှတ် (၂)၊ ယခု လွတ်မြောက်နေဆဲ Dzhorkhar Tsarnaev (၁၉ နှစ်။)
XS
SM
MD
LG