သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NY မှာ တိုက်ခိုက်ဖို့ စနာရက်ဗ် ညီအကိုကြံစည်ခဲ့


ဘော်စတွန်ဗုံးခွဲမှု သံသယရှိသူညီအစ်ကို
ဘော်စတွန်ဗုံးခွဲမှု သံသယရှိသူညီအစ်ကို
ဘော်စတန်မာရသွန် ဗုံးခွဲမှုနဲ့ ပတ်သက်တဲ့ သံသယရှိသူတွေဟာ နယူးယောက်မြို့ကိုလည်း ပစ်မှတ်ထားခဲ့တာဖြစ်တယ်လို့ နယူးယောက်မြို့တော်ဝန်က ပြောလိုက်ပါတယ်။ အဲဒီလူတွေဟာ နယူးယောက်မြို့က Times Square ကို တိုက်ခိုက်ဖို့အတွက် ရည်မှန်းထားတာလို့ ပြောပါတယ်။

သံသယရှိသူ ၂ ယောက်ထဲက အသက်ရှင်လျှက်ဆက်ပြီး ကျန်ရှိနေတဲ့ ဂျော်ဟား ဆားနားယဗ် (Dzhokhar Tsarnaev) က သူနဲ့ သူအစ်ကို တမာလန် တို့ဟာ နယူးယောက်မြို့ကို ကားမောင်းသွားပြီး ၊ ဖေါက်ခွဲမှုတွေ ထပ်လုပ်ဖို့ စီစဉ်ထားတယ်လို့ စုံစမ်းစစ်ဆေးသူတွေကို ပြောခဲ့ကြောင်း နယူးယောက်မြို့တော်ဝန် Michael Bloomberg က ကြာသာပတေးနေ့မှာ ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ ဧပြီလ ၁၅ ရက်နေ့က ဘော်စတန်ဗုံးပေါက်ကွဲမှုဖြစ်ပြီး ရက်ပိုင်းအတွင်းမှာပဲ တာမာလန်သေဆုံးပြီး၊ ဂျော်ဟားလည်း ဖမ်းဆီးခံရတာကြောင့်၊ နယူးယောက်မြို့မှာ ဖောက်ခွဲမှုတွေ လုပ်မယ့်အစီအစဉ်ဟာ ပျက်သွားခဲ့တာဖြစ်ပါတယ်။

၂၀၀၁ ခုနှစ်တုန်းက အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုကြောင့် လူပေါင်း ၃ ထောင်လောက် သေဆုံးခဲ့တဲ့ နယူးယောက်မြို့ဟာ ပစ်မှတ်အဖြစ် ရှိနေတုန်းပဲလို့ သူက ပြောပါတယ်။ တချိန်တည်းမှာ ဆာနာယဗ်ညီအစ်ကို ၂ ယောက်ဟာ ဒီဗုံးခွဲတိုက်ခိုက်မှုကို လုပ်ခဲ့တာမဟုတ်ဘူးလို့ သူတို့ရဲ့ မိဘတွေက ရုရှားနိုင်ငံမှာ ပြောလိုက်ပြီး ၊ အမေရိကန် အာဏာပိုင်တွေဟာ တာမာလန်ကို မလိုအပ်ဘဲ သတ်ခဲ့တာဖြစ်တယ်လို့ အမေဖြစ်သူက စွပ်စွဲလိုက်ပါတယ်။
XS
SM
MD
LG