အမေရိကန်ပြည်ထောင်စု၊ ဘော့စ်တွန်မြို့ မာရသွန်အပြေးပြိုင်ပွဲမှာ ဗုံးဖောက်ခွဲ မှုမှာ တာဝန်ရှိသူလို့ မသင်္ကာသူ နှစ်ဦးနဲ့ ရဲတပ်ဖွဲ့ဝင်တွေကြား ဘော့စ်တွန်မြို့ရဲ့ ဆင်ခြေဖုံး Watertown မှာ မနေ့ညက အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ ပါတယ်။ အဲဒီ ပစ်ခတ်မှုအတွင်း မသင်္ကာသူ တစ်ဦး သေဆုံးသွားပြီး ကျန်တစ်ဦး က လွတ်မြောက်နေဆဲ ဖြစ်ပါတယ်။ အခု အချိန်မှာ အာဏာပိုင်တွေက လွတ်မြောက်နေသူကို ဘော့စ်တွန်မြို့အနီး ဝန်းကျင်မှာ တစ်အိမ်တက်ဆင်း လိုက်လံ ရှာဖွေနေဆဲ ဖြစ်ပြီး မြို့ခံတွေ အနေနဲ့လည်း အိမ်ပြင်လုံးဝမထွက်ဖို့ အမိန့် ထုတ်ပြန်ထားပါတယ်။ ကျောင်းတွေ၊ စီးပွားရေးလုပ်ငန်းတွေနဲ့ အများပြည်သူသုံး ယာဉ်တွေကိုလည်း ပိတ်ထားလိုက်ပါတယ်။ လက်ရှိ ဘော့စ်တွန်မြို့မှာ ဖြစ်နေတဲ့ အခြေအနေတွေကို သိရှိရအောင် လို့ ဘော့စ်တွန်မြို့မှာ လောလောဆယ် ရှိနေကြတဲ့ မြန်မာနိုင်ငံသားတွေကို ဗွီအိုအေ ဝိုင်းတော်သား ကိုဇော်ဝင်းလှိုင်က ဆက်သွယ်မေးမြန်းတဲ့အခါမှာ မကြည်ဇင် လင်းသန့်က အခုလို စပြောပါတယ်။
ဖြေ။ ။ ကျမ အခု Brookline မြို့မှာ နေပါတယ်။
မေး။ ။ Brookline ဆိုတော့ ဘော့စတွန်မြို့ထဲ ရောက်လာပြီပေါ့။
ဖြေ။ ။ ဘော့စတွန်နဲ့ ၂ မိုင်လောက်ပဲ ဝေးပါတယ်။
မေး။ ။ ပြောပါအုံး။ အခု ညီမနေတဲ့နေရာမှာရော လက်ရှိအနေအထားတွေ ဘယ်လိုရှိလဲ။
ဖြေ။ ။ ဘယ်လိုရှိလဲဆိုတော့ အပြင်မထွက်ရဘူးလေ။ ဘော့စတွန်တစ်မြို့လုံး၊ ဘရော့ကလိုင်းတို့၊ ကင်းဘရစ်ချတို့၊ ဒီ ဘော့စ်တွန်နဲ့နီးတဲ့မြို့တွေက ဘယ်သူမှ အပြင်မထွက်ရဘူးဆိုတော့ ကျမတို့လည်း အပြင်မထွက်ရသေးပါဘူး။ အခု အင်တာနက်ပေါ်မှာပဲ သတင်းကြည့်နေပါတယ်။
မေး။` ။ အခု အပြင်မှာ သွားလာ လှုပ်ရှားမှုတွေရော ကြားရလား၊ ရဲတို့-စစ်တပ်တို့ ဘာတို့…
ဖြေ။ ။ မနက်တုန်းကတော့ ကျမ ၃ နာရီခွဲလောက်က နိုးလာတယ်။
ဘာလို့လဲဆိုတော့ ဟယ်လီကော့ပတာအသံတွေ အရမ်းကြားရတယ်လေ။ ကျမနေတဲ့အိမ်နားမှာ ဆေးရုံတွေ အများကြီးရှိတယ်။ အဲဒါ ဟယ်လီကော်ပတာ အသံ ကြားပြီးတော့ ရဲကားသံတွေလည်း အများကြီး ကြားရပါတယ်။ နောက်ပြီးတော့ ဒီနေ့မနက် နိုးလာတော့လည်း ရဲကားသံတွေ ကြားကြားနေပါတယ်။
မေး။ ။ အခု ဖြတ်သွား ဖြတ်လာရော ရှိသလား။
ဖြေ။ ။ မရှိပါဘူး။
မေး။ ။ အခု လောလောဆယ် သူတို့ ပစ်ကြ ခတ်ကြတာ ဘယ်နေရာလဲဆိုတာရော ညီမ သိလား။
ဖြေ။ ။ သူတို့ပြောတာတော့ Watertown ဆိုတဲ့ မြို့မှာ။ မြို့ဆိုတာက ဘော့စ်တွန်နဲ့ နီးတဲ့မြို့ပေါ့နော်။
မေး။ ။ ဟုတ်ပြီ။ အဲဒီနေရာနဲ့ ညီမတို့ အခုနေတဲ့နေရာနဲ့ ဘယ်လောက် လောက် ဝေးလဲ။
ဖြေ။ ။ ၁၅ မိနစ်လောက် ကားမောင်းသွားလို့ရှိရင် ရောက်ပါတယ်။
မေး။ ။ အခု ဒီလိုမျိုး ပစ်ကြ၊ ခတ်ကြတယ်၊ မနက်ကလည်း ညီမအိမ်ပတ်ဝန်းကျင်မှာ အစောကြီး ဟယ်လီကော်ပတာသံတွေ ကြားတယ်ဆိုတော့ ညီမ စိတ်ထဲမှာရော ဘယ်လိုနေတုန်း။ ဘယ်လို ထင်သွားတုန်း။
ဖြေ။ ။ ဘယ်လိုထင်သွားလဲဆိုတော့- နိုးလာတဲ့အခါကျတော့ တစ်ခုခုတော့ ဖြစ်တယ်ဆိုတာတော့ စိတ်ထဲမှာ ထင်တာပေါ့နော်။ ဒါပေမဲ့ မနက်စောစောကြီးဆိုတော့ သိပ်ပြီးတော့ ထပြီးတော့ သတင်းတွေ ဘာတွေလည်း မကြည့်တော့ပါဘူး။ ထကြည့်လို့ရှိရင် ပြန်အိပ်မပျော်မှာစိုးလို့- ဒီနေ့မနက်မှာတော့ သမီးနဲ့အလုပ်အတူတူလုပ်တဲ့ အမျိုးသမီးက သမီးကို ဖုန်းခေါ်တယ်။ ဒီနေ့ အလုပ်သွားလို့ မရဘူး-တဲ့။ လူတိုင်း အိမ်ထဲမှာပဲ နေရမယ်-တဲ့။ အဲဒီတော့မှ ထပြီးတော့မှ အင်တာနက်ပေါ်မှာ သတင်းတွေ ဘာတွေ ကြည့်ပြီးတော့မှပဲ သိရတာပေါ့။
မေး။ ။ စိတ်ထဲမှာရော ကြောက်မိလား။
ဖြေ။ ။ နည်းနည်းတော့ ကြောက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သိပ်ပြီးတော့ မဝေးဘူးလေ။ ခုနတုန်းက ရှာမတွေ့သေးဘူးဆိုပြီး သတင်းထဲမှာပါတဲ့အခါကျတော့ ဘယ်နေရာ ရောက်နေမှန်းလဲမသိဘူးဆိုတော့ နည်းနည်းတော့ ကြောက်တာပေါ့။
မေး။ ။ အခု သိရသလောက်ဆိုရင် - သူငယ်ချင်းတွေနဲ့ရော စကားပြောဖြစ်လား၊ တနင်္လာနေ့က စပြီးတော့ ဖြစ်ပြီးသွားကတည်းကပေါ့နော်။ ပြောကြဆိုကြတာတွေ ရှိလား။
ဖြေ။ ။ ကျမ သူငယ်ချင်းတွေနဲ့ ဒီအကြောင်း ပြောဖြစ်ပါတယ်။ တချို့သူငယ်ချင်းတွေက အဲဒီ ဗုံးဖောက်ခွဲခံရတဲ့ နေရာနားမှာ အလုပ်လုပ်တာဆိုတော့။ သူတို့နဲ့ ပြောဖြစ်ပါတယ်။
မေး။ ။ အသိတွေထဲမှာရော ဒဏ်ရာ ရတဲ့သူတွေ ရှိလား။
ဖြေ။ ။ မရှိပါဘူး။
မေး။ ။ မနှစ်က ညီမ မာရသွန်ပြေးပွဲ ဝင်တယ်ကြားတယ်။ ဆိုတော့- မနှစ်က အတွေ့အကြုံလေးရော ပြောပါအုံး။
ဖြေ။ ။ မနှစ်က နံပါတ်နဲ့ပြေးတာ မဟုတ်ဘူးလေ။ လူတွေ ၅၀၀- ၆၀၀ လောက် က အစကတည်းကနေ ဝင်ပြီးတော့ ပြေးတာပေါ့နော်။ ဘာလို့လဲ ဆိုတော့ ဘော့စ်တွန် မာရသွန်က အရမ်းကို ပျော်စရာကောင်းပါတယ်။ ၂၆ မိုင်လုံးလုံး လူတွေက ကြည့်ပြီးတော့ အားပေးနေတာပေါ့။ ဘော့စ်တွန် မာရသွန်က အားပေးတဲ့သူတွေ အရမ်းများတယ်။
မေး။ ။ ဆိုတော့- ဘေးမှာ လူတွေ အရမ်းများတော့ ဘယ်သူရယ်၊ ဘယ်ဝါရယ်… လူဆိုးရယ်၊ လူကောင်းရယ်လို့တော့ ခွဲခြားဖို့ ခက်တာပေါ့နော်။ လူတွေက ကြိတ်ကြိတ်တိုးပဲလား။
ဖြေ။ ။ နေရာတိုင်းမှာတော့ ကြိတ်ကြိတ်တိုး မဟုတ်ပါဘူး။ ဘော့စ်တွန်မြို့ပြင်က ဆိုလို့ရှိရင်တော့ လူတွေ ရှိတယ်။ လူတွေကတော့ တလျှောက်လုံးရှိနေတယ်။ ဒါပေမဲ့ အရမ်းကိုလူမများဘူးပေါ့နော်။ ဒါပေမဲ့ မြို့ထဲမှာတော့ Finishline နားမှာတော့ လူတွေ အရမ်းများတယ်။ မနှစ်တုန်းကဆိုရင် ပီးသွားတဲ့အချိန်မှာ ညီမလေးကိုတောင် တော်တော်နဲ့ ရှာလို့မတွေ့ရဘူး။ လူတွေ အရမ်းများလို့။
တဆက်တည်းမှာပဲ အခုလောလောဆယ် ဘော့်စတွန်မြို့ကို ရောက်နေတဲ့ ဗွီအိုအေဝိုင်းတော်သားဟောင်း ဦးထွန်းအောင်ကို လက်ရှိဖြစ်ပေးနေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီးတော့ မေးမြန်းကြည့်တဲ့အခါမှာ သူက အခုလို စပြောပြပါတယ်။
ဖြေ။ ။ ကျနော် အခု ရောက်နေတာက နျူတန် ဆိုတာလေ။ နျူတန်ဆိုတာက အခု အခင်းဖြစ်နေတဲ့နေရာနဲ့ Watertown - လေ-အဲဒီမြို့နဲ့ တစ်မိုင်ခွဲပဲ ဝေး တယ်။ မနက်ကလေ သမီးက လာပြောတယ်။ အပြင်ထွက်လို့ မရဘူး-တဲ့။ သော့တွေ ပိတ်ထားပါ-တဲ့။ ကျနော်ကလည်း မနက်က ရာသီ ဥတုလေးက ကောင်းနေတော့ လမ်းလျှောက်မလို့ ကျနော် စိတ်ကူးတာ။ အဲဒါ မထွက်ရဘူးတဲ့-ဆိုပြီး အကုန်လုံး တခါးတွေ ပိတ်ထားပါ ဆိုလို့ တခါးတွေ အကုန်လုံးပိတ်ထားရတယ်။ အသွားအလာ လမ်းလျှောက်တဲ့လူလည်း မရှိဘူး။ မနက်ဆိုရင် တချို့ဆို ခွေးလမ်းလျှောက်ပေးတဲ့သူတို့ ရှိတယ်လေ။ အဲဒါတွေလည်း ကျနော် အခု ဘာမှ မတွေ့ရဘူး။ ကားလည်းမတွေ့ဘူး၊ လူလည်း မတွေ့ဘူး။ အခုတော့ ဘာမှ မတွေ့ဘူး။ လမ်းထိပ်မှာလေ- သူတို့က ထိပ်တွေကနေ ပိတ်ထားတယ်။ ဒီဘက်ကို ကျွံလာမှာစိုးလို့ထင်တယ်။
အခင်းဖြစ်ပွားရာ Watertown နဲ့ Boston မြို့ အနားမှာ ရှိနေကြတဲ့ မြန်မာနိုင်ငံသားတွေကို ဗွီအိုအေဝိုင်းတော်သား ကိုဇော်ဝင်းလှိုင်က တိုက်ရိုက် ဆက်သွယ်မေးမြန်းခဲ့တာ ဖြစ်ပါတယ်။