သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘော်စတွန် ဗုံးခွဲသူအကြောင်း အမေရိကန်ကို ရုရှားသတိပေးခဲ့


ဘော်စတွန် ဗုံးခွဲမှု သံသယရှိသူနှစ်ဦး
ဘော်စတွန် ဗုံးခွဲမှု သံသယရှိသူနှစ်ဦး
အမေရိကန်နိုင်ငံ ဘော်စတွန်မြို့ မာရသွန် အပြေးပြိုင်ပွဲကို ဗုံးခွဲ တိုက်ခိုက်ခဲ့တဲ့ ညီအကို ၂ ယောက်ထဲက အကိုဖြစ်သူကို ၂၀၁၁ ခုနှစ် နှောင်းပိုင်းမှာ အကြမ်းဖက်မှု တိုက်ဖျက်ရေးဌာနက စောင့်ကြည့် စာရင်းမှာ ထည့်ထားခဲ့တယ်လို့ အမေရိကန်အရာရှိတွေက ပြောပါတယ်။

အကိုဖြစ်သူ Tamerlan Tsarnaev ဟာ အစွန်းရောက် အစ္စလာမ် ဘာသာဝင်တဦးဖြစ်လာနေပြီလို့ စိုးရိမ်စရာရှိတဲ့အကြောင်း ရုရှားအစိုးရက အကြောင်းကြား ဆက်သွယ်လာတဲ့အတွက် သူ့ကို စောင့်ကြည့်စာရင်းမှာ ထည့်ထားဖို့ CIA ဗဟိုထောက်လှမ်းရေးဌာနက တောင်းဆိုခဲ့တယ်လို့ အစိုးရ အရာရှိတွေက ပြောပါတယ်။

Tamerlan Tsarnaev နဲ့ပတ်သက်တဲ့ အလားတူ သတိပေးချက်မျိုး ရုရှားအစိုးရက FBI ပြည်ထောင်စု ထောက်လှမ်းရေးဗြူရိုကိုလည်း ၂၀၁၁ ခုနှစ် အစောပိုင်းမှာ ပေးပို့ခဲ့တယ်လို့ ဆိုပါတယ်။ FBI က သူ့ကို စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပေမယ့်လည်း အဲဒီအချိန်တုန်းက
အန္တရာယ်ပေးနိုင်တဲ့သူဖြစ်တယ် ဆိုတဲ့ ခိုင်လုံတဲ့ အထောက်အထား မတွေ့တာကြောင့် သူ့အမှုကို ပိတ်လိုက်တယ်လို့ ဆိုပါတယ်။

ဧပြီလ ၁၅ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ဘော်စတွန်မြို့ ဗုံးခွဲ တိုက်ခိုက်မှုကြောင့် လူ ၃ ဦးသေဆုံးပြီး ၂၆၄ ဦး ထိခိုက် ဒဏ်ရာရပြီးတဲ့နောက် လုံခြုံရေးအဖွဲ့အချင်းချင်းကြား သတင်းအချက်အလက် ဖလှယ်မှုတွေနဲ့ပတ်သက်လို့ စိုးရိမ်ကြောင်း အမေရိကန် လွှတ်တော်အမတ်တွေက ပြောဆိုနေပါတယ်။ ဒီဗုံးခွဲမှုနဲ့ပတ်သက်လို့ စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်တာတွေကို အာဏာပိုင်တွေက အထက်လွှတ်တော်ကို ကြာသပတေးနေ့မှာ တင်ပြကြမှာ ဖြစ်ပါတယ်။

အသက်မသေပဲ ကျန်နေသေးတဲ့ ၁၉ နှစ်အရွယ် Dzhokar Tsarnaev ရဲ့အကိုဖြစ်သူ Tamerlan က ဘောစတွန် မာရသွန် အပြေးပြိုင်ပွဲရဲ့ ပန်းဝင်တဲ့နေရာအနီးမှာ ဗုံးကို ချထားခဲ့တာလို့ စုံစမ်း စစ်ဆေးရေးမှူးတွေက ပြောပါတယ်။ Tamerlan ကတော့ ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ ရဲတွေနဲ့ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားရာက ရတဲ့ဒဏ်ရာတွေနဲ့ သေဆုံးသွားခဲ့ပါတယ်။
XS
SM
MD
LG