သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Boston တိုက်ခိုက်မှုမှာ သုံးခဲ့တဲ့ ဗုံးအပိုင်းအစတွေ FBI တွေ့ရှိ


အိမ်ရိုက်သံတွေ၊ ဘောစေ့တွေ ထည့်ပြီး ဗုံးခွဲခဲ့တဲ့ ဟင်းချက်ပေါင်းအိုးကို FBI က တွေ့ရှိ (၁၇ ဧပြီ ၂၀၁၃)
အိမ်ရိုက်သံတွေ၊ ဘောစေ့တွေ ထည့်ပြီး ဗုံးခွဲခဲ့တဲ့ ဟင်းချက်ပေါင်းအိုးကို FBI က တွေ့ရှိ (၁၇ ဧပြီ ၂၀၁၃)
အမေရိကန်နိုင်ငံ Boston မြို့က မာရသွန် တာဝေးအပြေးပြိုင်ပွဲမှာ တနင်္လာနေ့က ဗုံးနှစ်လုံး ပေါက်ကွဲခဲ့တဲ့ ဖြစ်ရပ်ကနေ အဓိကကျတဲ့ သက်သေ အထောက်အထားတွေကို တာဝန်ရှိသူတွေ ရထားကြပါတယ်။

တွန့်လိမ်ကောက်ကွေးနေတဲ့ သတ္ထုအိုးတခုရဲ့ အပိုင်းအစတွေ၊ ဝါယာကြိုးတွေနဲ့ ဘက်ထရီတွေရဲ့ ဓာတ်ပုံတွေအပါအဝင် ဗုံးနှစ်လုံးရဲ့ အပိုင်းအစ ဓာတ်ပုံတွေကို ပြည်ထောင်စု ထောက်လှမ်းရေး အေဂျင်စီ FBI က အင်္ဂါနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

ဗုံးတွေကို အနက်ရောင် အိတ်တစ်လုံးထဲမှာ ထည့်ထားပြီး အိမ်ရိုက်သံတွေ၊ ဘောစေ့တွေ အပြည့်ထည့်ထားတဲ့ ဟင်းချက်ပေါင်းအိုးတွေလည်း ပါဖွယ်ရှိတယ်လို့ FBI က ပြောပါတယ်။

ဗုံးဖောက်ခွဲမှုရဲ့လက်သည်ကို ရှာဖွေတဲ့နေရာမှာ အထောက်အကူ ဖြစ်စေဖို့ ဘယ်လို သတင်း အချက်အလက်မျိုးကိုမဆို ပေးပို့ကြဖို့ FBI က လူထုကို ပန်ကြားထားပါတယ်။

လက်သည်ကို ဖမ်းဆီးနိုင်ဖို့ သတင်းပေးသူကို ဆုငွေ ဒေါ်လာ ၅၀,၀၀၀ ချီးမြှင့်မယ်လို့ Boston မြို့ ရဲနဲ့မီးသတ်သမဂ္ဂက ကြေညာထားပါတယ်။ ဒီဗုံးဖောက်ခွဲမှုရဲ့ လက်သည်ကို ကမ္ဘာမြေ အဆုံးအထိ လိုက်ပြီး ရှာဖွေ ဖော်ထုတ်သွားမယ်လို့လည်း စုံစမ်းစစ်ဆေးမှုကို ဦးဆောင်နေတဲ့ FBI တာဝန်ရှိသူကပြောပါတယ်။

Boston တာဝေးအပြေးပြိုင်ပွဲရဲ့ ပန်းဝင်အမှတ်နားမှာ စက္ကန့်ပိုင်းဆီပဲခြားပြီး ဗုံးနှစ်လုံး ပေါက်ကွဲခဲ့တာကြောင့် အသက် ၈ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် လူ ၃ ဦး သေဆုံးခဲ့ရပါတယ်။ တခြားလူ ၁၇၆ ယောက် ဒဏ်ရာရခဲ့ပြီး သူတို့ထဲက အများအပြားဟာ ခြေထောက်တွေ ဆုံးရှုံးခဲ့ရပါတယ်။
XS
SM
MD
LG