{{Zawgyi/Unicdoe}}
အေမရိကန္ျပည္ေထာင္စု အေရွ႕ေျမာက္ ၿမိဳ႕ႀကီးတၿမိဳ႕ျဖစ္တဲ့ ေဘာ္စတြန္ၿမိဳ႕မွာ အာရွ အေမရိကန္ အမ်ိဳးသမီးတေယာက္ကို ၿမိဳ႕ေတာ္ဝန္အျဖစ္ ၿမိဳ႕သူၿမိဳ႕သားေတြက ပထမဆုံး အႀကိမ္အျဖစ္ ေ႐ြးခ်ယ္ လိုက္ပါတယ္။
ၿမိဳ႕ေတာ္အုပ္ခ်ဳပ္ေရးအဖြဲ႔ဝင္ Michelle Wu က အျခား အုပ္ခ်ဳပ္ေရးအဖြဲ႔ဝင္ Annissa Essaibi George ကို အဂၤါေန႔မွာ အႏိုင္ရသြားခဲ့တာပါ။ ဒီမိုကရက္ပါတီက သူတို႔ ၂ ေယာက္ဟာ စက္တင္ဘာလမွာ က်င္းပခဲ့တဲ့ ကနဦး ေ႐ြးေကာက္ပြဲ မွာ အျခား ဝင္ေရာက္ယွဥ္ၿပိဳင္သူေတြကို အႏိုင္ရရွိခဲ့ၾကပါတယ္။
“က်မတို႔အားလုံးအတြက္ က်မတို႔ရဲ႕စနစ္ေတြက အလုပ္လုပ္လာေအာင္ က်မ တိုက္ပြဲဝင္ေနတာကို ဘယ္ေတာ့မွ ရပ္လိုက္လိမ့္မယ္ မဟုတ္ပါဘူး။” လို႔ ေ႐ြးေကာက္ခံလိုက္ရတဲ့ Michelle Wu က ေျပာပါတယ္။
မစ္ရွဲ ဝူ ဟာ ထိုင္ဝမ္က ေ႐ႊ႕ေျပာင္းေနထိုင္တဲ့ မိဘႏွစ္ပါးကေန ေမြးဖြါးခဲ့ၿပီး ခ်ီကာဂိုၿမိဳ႕မွာ ႀကီးျပင္းခဲ့ပါတယ္။ ဟားဗတ္ တကၠသိုလ္နဲ႔ ဟားဗတ္ဥပေဒေက်ာင္းကိုတက္ဖို႔ ေဘာ္စတြန္ကို ေ႐ႊ႕ခဲ့ၾကတာပါ။
ေဘာ္စတြန္မွာ ဘဝတေလွ်ာက္လုံး ေနထိုင္ခဲ့ၾကသူေတြကိုပဲ ေဘာ္စတြန္ ၿမိဳ႕သူၿမိဳ႕သားေတြက ေ႐ြးေလ့ရွိခဲ့ၾကပါတယ္။ မစ္ရွဲ ဝူ ရဲ႕ ေအာင္ျမင္မႈဟာ ေဘာ္စတြန္အတြက္ ေခတ္သစ္ မွတ္တိုင္တခု ျဖစ္ပါတယ္။
နယူးေယာက္ ၿမိဳ႕မွာလည္း ဒီမိုကရက္ပါတီက လူမည္းအမ်ိဳးသား Eric Adams က ၿမိဳ႕ေတာ္ဝန္ ေ႐ြးေကာက္ပြဲမွာ အႏိုင္ရရွိသြားပါတယ္။ ႏွစ္ေပါင္း ၃၀ ၾကာၿပီးတဲ့ေနာက္ လူမည္း ၿမိဳ႕ေတာ္ဝန္တေယာက္ကို နယူးေယာက္ ၿမိဳ႕သူၿမိဳ႕သားေတြ က ဒုတိယအႀကိမ္ ေ႐ြးေကာက္တင္ေျမႇာက္လိုက္ၾကတာ ျဖစ္ပါတယ္။
===========
{{Unicdoe}}
ဘော့စတွန်မြို့တော်ဝန်ရွေးကောက်ပွဲ အာရှနွယ်အမေရိကန်အမျိုးသမီးအနိုင်ရ
အမေရိကန်ပြည်ထောင်စု အရှေ့မြောက် မြို့ကြီးတမြို့ဖြစ်တဲ့ ဘော်စတွန်မြို့မှာ အာရှ အမေရိကန် အမျိုးသမီးတယောက်ကို မြို့တော်ဝန်အဖြစ် မြို့သူမြို့သားတွေက ပထမဆုံး အကြိမ်အဖြစ် ရွေးချယ် လိုက်ပါတယ်။
မြို့တော်အုပ်ချုပ်ရေးအဖွဲ့ဝင် Michelle Wu က အခြား အုပ်ချုပ်ရေးအဖွဲ့ဝင် Annissa Essaibi George ကို အင်္ဂါနေ့မှာ အနိုင်ရသွားခဲ့တာပါ။ ဒီမိုကရက်ပါတီက သူတို့ ၂ ယောက်ဟာ စက်တင်ဘာလမှာ ကျင်းပခဲ့တဲ့ ကနဦး ရွေးကောက်ပွဲ မှာ အခြား ဝင်ရောက်ယှဉ်ပြိုင်သူတွေကို အနိုင်ရရှိခဲ့ကြပါတယ်။
“ကျမတို့အားလုံးအတွက် ကျမတို့ရဲ့စနစ်တွေက အလုပ်လုပ်လာအောင် ကျမ တိုက်ပွဲဝင်နေတာကို ဘယ်တော့မှ ရပ်လိုက်လိမ့်မယ် မဟုတ်ပါဘူး။” လို့ ရွေးကောက်ခံလိုက်ရတဲ့ Michelle Wu က ပြောပါတယ်။
မစ်ရှဲ ဝူ ဟာ ထိုင်ဝမ်က ရွှေ့ပြောင်းနေထိုင်တဲ့ မိဘနှစ်ပါးကနေ မွေးဖွါးခဲ့ပြီး ချီကာဂိုမြို့မှာ ကြီးပြင်းခဲ့ပါတယ်။ ဟားဗတ် တက္ကသိုလ်နဲ့ ဟားဗတ်ဥပဒေကျောင်းကိုတက်ဖို့ ဘော်စတွန်ကို ရွှေ့ခဲ့ကြတာပါ။
ဘော်စတွန်မှာ ဘဝတလျှောက်လုံး နေထိုင်ခဲ့ကြသူတွေကိုပဲ ဘော်စတွန် မြို့သူမြို့သားတွေက ရွေးလေ့ရှိခဲ့ကြပါတယ်။ မစ်ရှဲ ဝူ ရဲ့ အောင်မြင်မှုဟာ ဘော်စတွန်အတွက် ခေတ်သစ် မှတ်တိုင်တခု ဖြစ်ပါတယ်။
နယူးယောက် မြို့မှာလည်း ဒီမိုကရက်ပါတီက လူမည်းအမျိုးသား Eric Adams က မြို့တော်ဝန် ရွေးကောက်ပွဲမှာ အနိုင်ရရှိသွားပါတယ်။ နှစ်ပေါင်း ၃၀ ကြာပြီးတဲ့နောက် လူမည်း မြို့တော်ဝန်တယောက်ကို နယူးယောက် မြို့သူမြို့သားတွေ က ဒုတိယအကြိမ် ရွေးကောက်တင်မြှောက်လိုက်ကြတာ ဖြစ်ပါတယ်။
#USPolitics #BostonMayor #VOABurmese