သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗြိတိန် တော်ဝင်မင်္ဂလာဆောင် အပြီးသတ်ပြင်ဆင်


အိန္ဒိိယ ပန်းချီကျောင်းမှ ကျောင်းသားမျ ားရဲ့ ဗြိတိန်တော်ဝင်မင်းသား Harry နဲ့ ကြင်ယာတော်လောင်း Meghan Markle တို့ ပုံတူကားများ ရေးဆွဲလှူဒါန်းမှု (မေ ၁၈၊ ၂၀၁၈)
အိန္ဒိိယ ပန်းချီကျောင်းမှ ကျောင်းသားမျ ားရဲ့ ဗြိတိန်တော်ဝင်မင်းသား Harry နဲ့ ကြင်ယာတော်လောင်း Meghan Markle တို့ ပုံတူကားများ ရေးဆွဲလှူဒါန်းမှု (မေ ၁၈၊ ၂၀၁၈)

ဗြိတိန်နိုင်ငံ Windsor မြို့မှာ ဒီကနေ့ စနေနေ့ကျင်းပမယ့် တော်ဝင်မင်္ဂလာပွဲအတွက် အပြီးသတ်ပြင်ဆင်မှုတွေကို လုပ်နေကြပါတယ်။ ဗြိတိန်ဘုရင်မကြီးရဲ့ မြေးတော် မင်းသား Harry နဲ့ အမေရိကန်သူ လူမည်းသွေးနှောတဲ့ ရုပ်သံမင်းသမီး Magen Markel တို့ လက်ထပ် ထိမ်းမြားကြမယ့် မင်္ဂလာပွဲအတွက် အခုထဲက Windsor ရဲတိုက်ကြီးနားမှာ စတည်းချနေရာယူစောင့်နေသူတွေ မနည်းပါဘူး။

သောကြာနေ့ကတော့ သတို့သားလောင်းမင်းသား Harry နဲ့အကိုဖြစ်သူ William တို့က Windsor ရဲတိုက်ကြီးထဲကနေ ထွက်လာပြီး အပြင်မှာ စောင့်စားနေကြတဲ့ လူထုပရိတ်သတ်ကို လိုက်လံနှုတ်ဆက်ခဲ့ကြပါတယ်။ သတို့သမီးလောင်း Meghan Markle နဲ့သူ့မိခင်တို့ကတော့ သောကြာနေ့ နေ့လည်ပိုင်းက Windsor ရဲတိုက်ကြီးထဲမှာ ဘုရင်မကြီး Elizabeth နဲ့တွေ့ဆုံ လက်ဖက်ရည် သုံးဆောင်ခဲ့ကြပါတယ်။

Meghan Markle ရဲ့ဖခင်ကတော့ ခွဲစိတ်ကုသမှု ခံယူထားတဲ့အတွက် ဗြိတိန်နိုင်ငံကို မလာနိုင်ပါဘူး။ ဒီကနေ့ Windsor ရဲတိုက်ဝန်းကြီးထဲက St. George’s ဘုရားရှိခိုးကျောင်းမှာ ကျင်းပမယ့် မင်္ဂလာအခမ်းအနားကျရင် မင်းသား Harry ရဲ့ဖခင် အိမ်ရှေ့စံ Charles မင်းသားက Meghan Markle ကို မင်္ဂလာစင်မြင့်ဆီကို တွဲခေါ်လာပေးမှာ ဖြစ်ပါတယ်။

ဒီမင်္ဂလာအခမ်းအနားကို တက်ရောက်ဖို့ ဧည့်သည် ၆၀၀ လောက်ကို ဖိတ်ကြားထားပါတယ်။ ဗြိတိန်စံတော်ချိန် နေ့လည် ၁၂ နာရီ မြန်မာစံတော်ချိန် ညနေ ၅ နာရီခွဲမှာ စတင်မယ့် အခမ်းအနားကို ရေဒီယို ရုပ်သံလိုင်းတချို့က တကမ္ဘာလုံးကို တိုက်ရိုက်ထုတ်လွှင့်ကြမှာဖြစ်ပါတယ်။

ဗြိတိန် တော်ဝင်မင်္ဂလာဆောင် အပြီးသတ်ပြင်ဆင်
please wait

No media source currently available

0:00 0:01:09 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG