သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘရာဇီးလ်သမ္မတသစ် ခန့်အပ်


ဘရာဇီးလ်နိုင်ငံမှာ သမ္မတသစ် ဖြစ်လာတဲ့ Michel Temer က ပြဿနာတွေနဲ့ ရင်ဆိုင်နေရတဲ့ သူ့နိုင်ငံအတွက် ခေတ်သစ်အစိုးရတရပ်ကို ထူထောင်မှာဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့က သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုပြီး မကြာခင်မှာပဲ ကတိပေးလိုက်ပါတယ်။

အရင်သမ္မတဟောင်း Dilma Rousseff ကို အစိုးရဘတ်ဂျက်ငွေ ရသုံးစာရင်းဆိုင်ရာ ဥပဒေချိုးဖောက်မှုနဲ့ ရာထူးကနေ ဖယ်ရှားဖို့ ဘရာဇီးလ် အထက်လွှတ်တော်က ထောက်ခံမဲ ၆၁ မဲ ကန့်ကွက်မဲ ၂၀ နဲ့ မဲခွဲဆုံးဖြတ်ခဲ့ကြတာပါ။

ဘရာဇီးလ်နိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတဖြစ်တဲ့ Dilma Rousseff ကို တနင်္လာနေ့က ၁၄ နာရီ ကျော် မေးမြန်းစစ်ဆေးခဲ့ပြီးတဲ့နောက်မှာ အပြစ်ရှိကြောင်း ဆုံးဖြတ်ချက်ချခဲ့တာဖြစ်ပြီး အင်္ဂါနေ့ကတော့ သူ့အပေါ် စွဲချက်တင်ထားတာကို နောက်ဆုံးအဖြစ် ချေပခွင့် ပေးခဲ့ပါတယ်။ တရားရုံးရဲ့ အခုလို ဆုံးဖြတ်ချက်အတွက် အထက်လွှတ်တော်အမတ် ၈၁ ဦးထဲက အနည်းဆုံး ၅၄ ဦးက ထောက်ခံမဲပေးမှ ဒီဆုံးဖြတ်ချက်ဟာ အတည်ဖြစ်ပါတယ်။

သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုပြီးတဲ့နောက်မှာ ပြုလုပ်တဲ့ ရုပ်သံကနေ တိုက်ရိုက်ထုတ်လွှင့်တဲ့ ဝန်ကြီးများအဖွဲ့ အစည်းဝေးမှာ Temer က သူဟာ ဘရာဇီးလ်နိုင်ငံရဲ့ စီးပွားရေးကို ပြုပြင်ဖို့၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ရအောင် ဆွဲဆောင်ဖို့၊ အလုပ်လက်မဲ့ဦးရေ လျှော့ချဖို့နဲ့ ပင်စင်စနစ်ကို ပြန်လည် ပြုပြင်ဖို့တွေကို အဓိက ဦးစားပေး လုပ်ဆောင်မယ်လို့ ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ သူ့ လုပ်ဖော်ကိုင်ဖက် မဟာမိတ်တွေကြား အကွဲကွဲ အပြားပြား ဖြစ်တာကိုတော့ သည်းခံမှာ မဟုတ်ဘူးလို့ သတိပေးခဲ့ပါတယ်။

Rousseff ဟာ ၂၀၁၄ ရွေးကောက်ပွဲမှာ လူကြိုက်များစေဖို့ ကြိုးစားခဲ့ရာမှာ အစိုးရဘတ်ဂျက် လိုငွေပြတာကို နိုင်ငံတော် ဘဏ်တွေက ငွေတွေယူပြီး တရားမဝင် သုံးစွဲခဲ့တယ်လို့ အစွပ်စွဲခံခဲ့ရတာပါ။ သူကတော့ အမှား ဘာတခုမှ မလုပ်ခဲ့ဘဲ အတိုက်အခံတွေက သူ့ကို ဖြုတ်ချဖို့ ကြိုးစားမှုတခုလို့ ချေပခဲ့ပါတယ်။

ဘရာဇီးလ်သမ္မတသစ် ခန့်အပ်
please wait

No media source currently available

0:00 0:01:30 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG