သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုလံပစ်မတိုင်ခင် ဘရာဇီး၊ ရီယိုပြည်နယ်မှာ ငွေကြေး အခက်အခဲနဲ့ကြုံ


၂၀၁၆ ရီယို အိုလံပစ်ပြိုင်ပွဲ၏ သဲသောင်ပြင် ဘော်လီဘော ပြိုင်ပွဲများ ကျင်းပမည့် Copacabana ကမ်းခြေတွင် တည်ဆောက်နေသော အားကစားကွင်းကို ဂျွန်လ ၉ရက်နေ့က တွေ့ရစဉ်။ REUTERS/Sergio Moraes
၂၀၁၆ ရီယို အိုလံပစ်ပြိုင်ပွဲ၏ သဲသောင်ပြင် ဘော်လီဘော ပြိုင်ပွဲများ ကျင်းပမည့် Copacabana ကမ်းခြေတွင် တည်ဆောက်နေသော အားကစားကွင်းကို ဂျွန်လ ၉ရက်နေ့က တွေ့ရစဉ်။ REUTERS/Sergio Moraes

တောင်အမေရိကတိုက်မှာ ပထမဆုံးအကြိမ် ကျင်းပမယ့် အိုလံပစ်ပြိုင်ပွဲ ဖွင့်ဖို့ ၂ လတောင် မလိုတော့တဲ့ အချိန်မှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ဘရာဇီးနိုင်ငံ ရီယို ပြည်နယ်က ဘဏ္ဍာရေးပြဿနာ ရင်ဆိုင်နေရတယ်လို့ ကြေငြာလိုက်ပါတယ်။

အခုလို ဘဏ္ဍာရေးအရပြဿ နာဖြစ်နေတယ်လို့ ကြေငြာလိုက်တဲ့အတွက် ရီယိုဒီဂျနေရိုးမြို့မှာ သြဂုတ်လ ၅ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ ကျင်းပမယ့် အိုလံပစ်ပြိုင်ပွဲနဲ့ စက်တင်ဘာ ၇ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ ကျင်းပမယ့် မသန်စွမ်း အိုလံပစ်ပြိုင်ပွဲတွေ အတွက် အရေးပေါ်ရန်ပုံငွေတွေကို သုံးစွဲဖို့ လမ်းဖွင့် ပေးလိုက်ပါတယ်။ အိုလံပစ်ပြိုင်ပွဲရဲ့ တချို့ စီမံကိန်းတွေဟာ ပြည်နယ် အစိုးရအပေါ်မှာ အကြီးအကျယ်တည်မှီနေတာဖြစ်ပါတယ်။

ရီယိုပြည်နယ်ရဲ့အုပ်ချုပ်ရေးမှူးအဖြစ်လက်ရှိတာဝန်ယူထားတဲ့ Francisco Dornelles က ပြိုင်ပွဲက လူထုအတွက် မရှိမဖြစ်လိုအပ်တဲ့ ဝန်ဆောင်မှုတွေပေးဖို့ အလွန် အခက်အခဲဖြစ်စေပြီး၊ ပြည်သူလုထုတွေရဲ့ လုံခြုံရေး၊ ကျန်းမာရေး၊ ပညာရေး၊ ပို့ဆောင်ရေး နဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စီမံခန့်ခွဲရေးကိစ္စရပ်တွေ အားလုံး ပြိုလဲသွားနိုင်တယ် လို့ ပြောလိုက်ပါတယ်။

အခြေအနေ တွေက ဘယ်လောက်အထိ စိုးရိမ်စရာကောင်းသလဲ ဆိုတဲ့ အပေါ်မှာတော့ သူက - မနေ့က ဖြစ်သွားခဲ့တဲ့ ကိစ္စက သမိုင်းဖြစ်သွားပါပြီ။ သူ့အနေနဲ့ သမိုင်းကိုစိတ်မဝင်စားဘဲ၊ လက်ရှိဖြစ်နေတဲ့ ပြဿနာကို ဘယ်လို ဖြေရှင်းမလဲ ဆိုတာကိုပဲ စိတ်ဝင်စားတယ်လို့ ပြောပါတယ်။

ကမ္ဘာ့ရေနံဈေး ကျဆင်မှုက ရီယိုပြည်နယ်ကို ဘဏ္ဍာရေး ပြဿနာတွေဖြစ်စေပြီး၊ တချိန်တည်းမှာပဲ ဘရာဇီးနိုင်ငံကလည်း အကြီးအကျယ် စီးပွားရေးကျဆင်းတာနဲ့ ရင်ဆိုင် နေရတာဖြစ်ပါတယ်။ ဒီပြဿနာကြောင့် ဝန်ထမ်းတွေနဲ့ ပင်စင်စားတွေဟာ လအတော်ကြာ လခတွေမရဘဲ စောင့်နေကြရပါတယ်။

အိုလံပစ်မတိုင်ခင် ဘရာဇီး ရီယိုပြည်နယ်မှာ ငွေကြေးအခက်အနဲ့ကြုံ
please wait

No media source currently available

0:00 0:00:49 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG