၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ပထမ ပွဲဦးထွက်အဖြစ် အိမ်ရှင် ဘရာဇီးလ်အသင်းက Croatia အသင်းကို အနိုင်ရသွားပြီဖြစ်တဲ့အတွက် ကမ္ဘာ့ဖလား အနိုင်ရနိုင်ဖို့ ရှေ့တလှမ်း တိုးသွားပြီ ဖြစ်ပါတယ်။ ဒါပေမယ့် ပြိုင်ပွဲအတွင်း ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်အပေါ် မေးခွန်းထုတ်စရာ ဖြစ်ခဲ့ပါတယ်။
Sao Paulo မြို့က Corinthians အားကစားကွင်းမှာ ကြာသပတေးနေ့က ကျင်းပတဲ့ ဒီပွဲမှာ အများစုက အရှုံးလိမ့်မယ်လို့ တွက်ထားကြတဲ့ Croatia အသင်းကို ပွဲစပြီး ၁၁ မိနစ်အကြာ ၁ ဂိုး ဂိုးမရှိနဲ့ အနောက်က လိုက်နေရာက အဆုံးသတ်မှာ ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားတာ ဖြစ်ပါတယ်။ ပင်နယ်တီဂိုး အပါအဝင် ဘရာဇီးလ်က နံမည်ကြီး တိုက်စစ်မှူး Naymar က ၂ ဂိုးသွင်းခဲ့ပြီး ဒဏ်ရာရ အချိန်ပိုအတွင်း Oscar က နောက်ဆုံး တတိယဂိုးကို သွင်းယူလိုက်တာပါ။
ကစားချိန် ၇၁ မိနစ်အကြာ Crotia ဂိုးရှေ့မှာ သိပ်မပြင်းထန်လှတဲ့ တိုက်ခိုက်မှု ဖြစ်ပေါ်ခဲ့ရာက ကွင်းလယ်ဒိုင်လူကြီးက ဘရာဇီးလ် အသင်းကို ပင်နယ်တီပေးလိုက်တာကို Naymar က ကန်သွင်းလိုက်တဲ့အတွက် ဘရာဇီးလ် က ၂ ဂိုး ၁ ဂိုး ဦးဆောင်နေခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ပင်နယ်တီပေးတဲ့ကိစ္စအပေါ် Croatia ကစားသမားတွေက ဒိုင်လူကြီးထံ အသနားခံကြပေမယ့် ဘယ်လိုမှ မအောင်မြင်ခဲ့ပါဘူး။
ပွဲချိန် ၈၃ မိနစ်အကြာမှာ Croatia အသင်းက ချေပဂိုးသွင်းလိုက်နိုင်ပေမဲ့ ဘရာဇီးလ် ဂိုးသမားနဲ့ ဖောင်းဖြစ်သွားတဲ့အတွက် ဒိုင်လူကြီးက အဲဒီဂိုးကို မပေးခဲ့ပါဘူး။
၂၀၁၄ ခုနှစ် ကမ္ဘာ့ဘောလုံးပြိုင်ပွဲရဲ့ ပထမဆုံး ဂိုးဖြစ်တဲ့ Croatia အတွက် ဂိုးကိုတော့ ဘရာဇီးလ် နောက်တန်းသမား Mercelo က မမျှော်လင့်ပဲ ကိုယ့်ဂိုးကိုယ် သွင်းလိုက်ရာက ရရှိသွားတာဖြစ်ပါတယ်။