သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘရာဇီးလ်နိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတသစ် ကျမ်းသစ္စာကျိန်


ဘရာဇီးလ် သမ္မတသစ် မစ်စ် ဒီလ်မာ ရူးဆက်ဖ်(ဝဲ)။ ဇန်နဝါရီ ၂၊ ၂၀၁၁။
ဘရာဇီးလ် သမ္မတသစ် မစ်စ် ဒီလ်မာ ရူးဆက်ဖ်(ဝဲ)။ ဇန်နဝါရီ ၂၊ ၂၀၁၁။

ဘရာဇီးလ်နိုင်ငံမှာ ပထမဆုံး အမျိုးသမီး သမ္မတကို ခန့်အပ်လိုက်ပြီ ဖြစ်ပါတယ်။ ဘရာဇီးလ်မြို့တော်ရဲ့ လမ်းမတွေပေါ်မှာ မိုးသည်းသည်းမည်းမည်း ရွာသွန်းနေတာကို မမှုဘဲ ပထမဆုံး အမျိုးသမီး သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုပွဲကို တက်ရောက်လာတဲ့ ဒီလ်မာ ရူးဆက်ဖ် (Dilma Rousseff) ကို ကြိုဆိုဖို့ ထောင်သောင်းချီတဲ့ လူထုဟာ တန်းစီ စောင့်ဆိုင်းခဲ့ကြပါတယ်။

မစ်စ် ရူးဆက်ဖ်ဟာ အမျိုးသမီး လုံခြုံရေးတပ်ဖွဲ့ ခြံရံပြီး ရိုးစ်ရွိုက်စ်ကားနဲ့ ဘရာဇီးလီယားမြို့ထဲကို လှည့်လည်ခဲ့တာ ဖြစ်ပါတယ်။ ဘရာဇီးလ် လွှတ်တော်အမတ်တွေကို ပထမဆုံး မိန့်ခွန်းပြောကြားရာမှာ မစ်စ် ရူးဆက်ဖ်က သူမဟာ နိုင်ငံတွင်း အလွန်အမင်း ဆင်းရဲမွဲတေမှုတွေကို ပပျောက်အောင် ကူညီမယ့်အပြင် အဆက်မပြတ် တက်လာနေတဲ့ လူသုံးကုန်ပစ္စည်း ဈေးနှုန်းကို ထိန်းချုပ်နိုင်အောင်လည်း လုပ်ဆောင်မယ်လို့ ကတိပေးခဲ့ပါတယ်။

အသက် ၆၃ နှစ် ရှိပြီဖြစ်တဲ့ မစ်စ် ရူးဆက်ဖ်ဟာ နိုင်ငံရေးလောကမှာ လူကြိုက်များတဲ့ လူးဝစ်ဇ် အင်နာစီယို လူလာ ဒါ ဆေးလ်ဗား (Luiz Inacio Lula da Silva) ဒါမှမဟုတ် လူလာလို့ အများခေါ်ကြတဲ့ နိုင်ငံရေး ခေါင်းဆောင်ရဲ့ ဦးဆောင်မှုကို ခံယူခဲ့သူဖြစ်ပြီး လူလာရဲ့နောက်မှာ နိုင်ငံရဲ့ သမ္မတ ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။

မစ္စတာ ဒါဆေးလ်ဗား လက်ထက်မှာ ဘရာဇီးလ်နိုင်ငံဟာ ရုရှား၊ အိန္ဒိယ၊ တရုတ်နိုင်ငံတွေနဲ့အတူ ကမ္ဘာ့စီးပွားရေး အင်အားကြီး နိုင်ငံကြီးတခု ဖြစ်လာခဲ့တာပါ။ သူ့ရဲ့ သမ္မတသက်တမ်း ၈ နှစ်တာကာလ အတွင်းမှာ နိုင်ငံသား သန်း ၃၀ လောက်ဟာ လူလတ်တန်းစား အနေအထားကို ရောက်လာခဲ့ပါတယ်။

XS
SM
MD
LG