သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘရာဇီး ယာယီသမ္မတ တာဝန် စတင်ထမ်းဆောင်


ကြားဖြတ်သမ္မတအဖြစ် တာဝန်ယူလိုက်ပြီဖြစ်တဲ့ ဘရာဇီး ယာယီသမ္မတ Michel Temer
ကြားဖြတ်သမ္မတအဖြစ် တာဝန်ယူလိုက်ပြီဖြစ်တဲ့ ဘရာဇီး ယာယီသမ္မတ Michel Temer

ရာထူးကနေ ယာယီဖယ်ရှားခံရတဲ့ ဘရာဇီးသမ္မတ Dilma Rousseff ရဲ့နေရာမှာ ကြားဖြတ်သမ္မတအဖြစ် ဒုသမ္မတဟောင်း Michel Temer က ဒီကနေ့ တာဝန်တွေကို စတင်ယူပါတယ်။ Rousseff ကိုထောက်ခံသူ ရာနဲ့ချီ ကတော့ လမ်းမတွေပေါ်မှာ ဆက်လက် ဆန္ဒပြနေကြသလို၊ ဒေသတွင်းခေါင်းဆောင်တွေကလည်း Rousseff ကို ရာထူးကနေဖယ်ရှားခဲ့ကြတာဟာ အာဏာသိမ်းမှု ဖြစ်တယ်လို့ ဆိုပြီး ဝေဖန်ရှုတ်ချ နေကြပါတယ်။

အဂတိလိုက်စားမှု စွပ်စွဲချက်နဲ့ Rousseff ကို ရာထူးကနေ ယာယီဖယ်ရှားဖို့ အထက်လွှတ်တော်အမတ်တွေက မဲခွဲဆုံးဖြတ်ခဲ့ကြပြီး နာရီပိုင်းအကြာမှာ Temer ဟာ စီးပွားရေး နားလည်တတ်ကျွမ်းသူတွေ ပါတဲ့ ဝန်ကြီးအဖွဲ့နဲ့ ကြာသပတေးနေ့က တွေ့ဆုံပါတယ်။

Rousseff ဟာ တချိန်က Temer ရဲ့ မဟာမိတ်ဖြစ်ခဲ့ပြီး အခုတော့ နိုင်ငံရေးပြိုင်ဘက်တွေ ဖြစ်လာတာပါ။ Temer ဦးဆောင်မယ့်အစိုးရ အတွက်တော့ အကြီးအကျယ် ကျဆင်းနေတဲ့စီးပွားရေးနဲ့ ပင်စင်လစာ စနစ် ပြုပြင်ပြောင်းလဲဖို့ လိုအပ်နေတဲ့နိုင်ငံမှာ ကြီးမားတဲ့စိန်ခေါ်မှုကြီး ရှိနေပါတယ်။

ဘရာဇီးသမ္မတ တယောက်အနေနဲ့ ပထမဆုံးအကြိမ် ထုတ်ပြန်တဲ့ သူ့ရဲ့ ကြေညာချက် မှာ မစ္စတာ Temer က ပုဂ္ဂလိကဏ္ဍအတွက် စီးပွားရေး ဝန်းကျင်ကောင်းတခု ဖြစ်လာဖို့နဲ့ အစိုးရ အသုံးစရိတ် ဘတ်ဂျက်ငွေ ထိန်းညှိဆောင်ရွက်ရ တာတွေမှာ ပိုမိုကောင်းမွန်လာဖို့ အထူး လိုအပ်တဲ့အကြောင်း ပြောဆိုလိုက်ပါတယ်။

သုံးသပ်သူတွေကတော့ တိုင်းရင်းသားလူမျိုးတွေ စုပေါင်းနေထိုင်တဲ့ ဘရာဇီးမှာ မစ္စတာ Temer ရဲ့ အစိုးရဝန်ကြီးအဖွဲ့ထဲမှာတော့ အာဖရိကန်နွယ်ဖွား ဘရာဇီးလူမျိုးတွေ နဲ့ အမျိုးသမီးတွေ ပါဝင်မှုမရှိတဲ့အကြောင်းနဲ့ ဒါဟာ နှစ်ပေါင်းများစွာတွင်း ပထမဆုံးအကြိမ် ခုလို အခြေအနေ ကို ရောက်တာလို့ ထောက်ပြပြောဆိုနေကြပါတယ်။

ဘရာဇီး ယာယီသမ္မတ တာဝန် စတင်ထမ်းဆောင်
please wait

No media source currently available

0:00 0:01:20 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG