ကမ္ဘာဖလား ဗိုလ်လုပွဲ အိမ်ရှင် Brazil ဘောလုံးအသင်းက တိုက်စစ်မှူး နေမာဟာ ခါးဒဏ်ရာရသွားတဲ့အတွက် ကမ္ဘာဖလားပွဲတွေမှာ ဆက် မကန်နိုင်တော့ပါဘူး။ Brazil အသင်း လေ့ကျင့်နေတဲ့ Rio de Janeiro မြို့ကနေ သူ့ရဲ့နေအိမ်ရှိရာ Sao Paulo မြို့တောင်ပိုင်းကို စနေနေ့က ရဟတ်ယဉ်နဲ့ သူ့ကို ပို့ဆောင်ခဲ့ရပါတယ်။
သောကြာနေ့တုန်းက Colombia အသင်းနဲ့ကွာတားဖိုင်နယ်ပွဲမှာ ပွဲပြီးခါနီးမှာပဲ Colombia အသင်းက Juan Zuniga ရဲ့ဒူးနဲ့ နေမာရဲ့ နောက်ကျောကို တိုက်မိခဲ့တဲ့အတွက် နေမာရဲ့ ကျောရိုးအဆစ်တခု ကျိုးသွားခဲ့ပါတယ်။
စနေနေ့မနက်တုန်းက Brazil အသင်းလေ့ကျင့်နေတဲ့ ကွင်းကို နေမာသွားခဲ့ပေမယ့် ခါးဒဏ်ရာကုဖို့အတွက် ထမ်းစင်နဲ့ သူ့ကို ရဟတ်ယာဉ်ပေါ်တင်ခေါ်သွားခဲ့ပါတယ်။
အင်္ဂါနေ့ကျရင် ဆီမီးဖိုင်နယ်မှာ Brazil နဲ့ Germany အသင်းတို့ ကန်ကြရမှာဖြစ်ပါတယ်။ Brazil အသင်းအားထားတဲ့ တိုက်စစ်မှူး နေမာက ကမ္ဘာ့ဖလားပွဲတွေမှာ ဆက် မကန်နိုင်တော့ပေမယ့် Brazil အသင်း ကမ္ဘာ့ဖလားရဖို့ သူ့ရဲ့အိမ်မက်တွေကို သူ့အသင်းက အကောင်အထည် ဖော်ပေးပါလိမ့်မယ်လို့ နေမာက ပြောကြားခဲ့ပါတယ်။