သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘရာဇီးလ် နိုက်ကလပ်မီး လူ ၂၅၀ နီးပါးသေဆုံး


Santa Maria မြို့က နိုက်ကလပ်မီးလောင်မှု ငြိမ်းသတ်ဖို့ ကြိုးစားနေကြတဲ့ မီးသတ်သမားများ။ (ဇန်နဝါရီလ ၂၇ ရက်၊ ၂၀၁၃)။
Santa Maria မြို့က နိုက်ကလပ်မီးလောင်မှု ငြိမ်းသတ်ဖို့ ကြိုးစားနေကြတဲ့ မီးသတ်သမားများ။ (ဇန်နဝါရီလ ၂၇ ရက်၊ ၂၀၁၃)။
ဘရာဇီးလ်နိုင်ငံတောင်ပိုင်း Santa Maria မြို့က လူပြည့်ကျပ်နေတဲ့ နိုက်ကလပ်တခုမှာ မီးလောင်တာကြောင့် လူ ၂၄၅ ယောက်ထက် မနည်း သေဆုံးပြီး ၂၀၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ ဘရာဇီးလ် တာဝန်ရှိသူတွေက ပြောပါတယ်။

Kiss ဆိုတဲ့ နိုက်ကလပ်မှာ တနင်္ဂနွေနေ့အစောပိုင်းက မီးလောင်ခဲ့တာလို့ တာဝန်ရှိသူတွေ ကပြောပါတယ်။ မီးလောင်ရတဲ့ အကြောင်းရင်း အတိအကျကို မသိရသေးပေမဲ့လည်း တီးဝိုင်းဟာ မီးရှုးမီးပန်းတွေကို အသုံးပြုခဲ့တယ်လို့ဆိုပါတယ်။

သေဆုံးသူအများအပြားဟာ အသက်ရှုမရအောင် မွန်းကျပ်တာ ဒါမှမဟုတ် လူတွေ ကြောက်လန့်တကြား နဲ့ တွန်းထိုး ထွက်ပြေး ကြတာတွေကနေ ထိခိုက်မိပြီး သေဆုံးတာဖြစ်တယ်လို့ ဆိုပါတယ်။ သေဆုံးသူတွေရဲ့ အလောင်းတွေကို အရေးပေါ် ကူညီကယ်ဆယ်ရေး တာဝန်ရှိသူတွေ ဆက်ပြီး ရေတွက်နေတာနဲ့အမျှ သေဆုံး သူ အရေအတွက် တိုးလာနိုင်ပါတယ်။

အဲဒီမီးလောင်မှုဖြစ်ပြီးတဲ့နောက် ဘရာဇီးလ်သမ္မတ Dilma Rousseff ဟာ ချီလီနိုင်ငံခရီးစဉ်ကို ရက်လျှော့ပြီး တနင်္ဂနွေနေ့ အစောပိုင်းက နိုင်ငံဆီ ပြန်သွားပါတယ်။

အဲဒီ Santa Marina မြို့ဟာ အဓိကတက္ကသိုလ်တခု ရှိတဲ့မြို့ဖြစ်ပြီး လူဦးရေ ၂၅၀,၀၀၀ လောက် ရှိပြီးတော့ အာဂျင်တီးနားနဲ့ ဥရုဂွေးနိုင်ငံတွေ နယ်စပ်နားက ဘရာဇီးလ်တောင်ပိုင်းအစွန်းမှာ တည်ရှိတာပါ။
XS
SM
MD
LG