သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘရာဇီးလ် အိုလံပစ်အတွက် ဇီကာ ကူးစက်ပိုး ကာကွယ်ရေး ပြင်ဆင်


 အိုလံပစ်အတွက် ဇီကာ ကူးစက်ပိုး ကာကွယ်ရေး ပြင်ဆင်နေ
အိုလံပစ်အတွက် ဇီကာ ကူးစက်ပိုး ကာကွယ်ရေး ပြင်ဆင်နေ

ဘရာဇီးနိုင်ငံ Rio de Janeiro မြို့ အခုနှစ်အတွင်း အိုလံပစ်ပွဲတော် ကျင်းပတဲ့အခါ Zika ကူးစက် ဗိုင်းရပ်စ်ပိုး မပြန့်ပွားအောင် ဟန့်တားမယ့် အစီအစဉ်တွေကို အာဏာပိုင်တွေက ထုတ်ပြန် ကြေညာလိုက်ပါတယ်။

ခြင်ကတဆင့် ကူးစက်ပြန့်ပွားနိုင်တဲ့ အဲဒီ ဗိုင်းရပ်စ်ပိုးကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေ ကလေးမွေးတဲ့အခါ မွေးရာပါ ချို့ယွင်းမှုတွေ ပါလာတာနဲ့ လေငန်းဆွဲတဲ့ ရောဂါတွေ ဖြစ်ပေါ်တတ်တဲ့ အဲဒီ Zika ဗိုင်းရပ်စ်ပိုး မပြန့်ပွားရအောင် သြဂုတ်လအတွင်း ကျင်းပမယ့် အိုလံပစ် အားကစားရုံတွေမှာ နေ့စဉ် စစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့ အိုလံပစ် စီစဉ်သူတွေက တနင်္ဂနွေနေ့မှာ ပြောကြားလိုက်တာပါ။

စစ်ဆေးရေးမှူးတွေအနေနဲ့ ခြင်တွေ အောင်းနေတတ်တဲ့ ရေဝပ်တဲ့နေရာတွေအားလုံးကို ရှင်းလင်းသွားမယ်လို့ Rio 2016 အိုလံပစ်ကျင်းပရေး ဒေသခံကော်မီတီက ပြောပါတယ်။

ခြင်တွေကို သုတ်သင် ရှင်းလင်းနိုင်အောင် အိုလံပစ် အားကစားအဆောက်အဦးနဲ့ဆိုင်တဲ့ နေရာတွေကို ပွဲမစခင် ၄ လ အလိုကတည်းက သန့်စင် စစ်ဆေးသွားမယ်လို့ ဆိုပါတယ်။

အားကစားပွဲတော် ကျင်းပနေတဲ့အချိန်မှာလည်း နေ့စဉ် စစ်ဆေးသွားမယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အားကစားသမားတွေနဲ့ ပွဲလာကြည့်သူတွေရဲ့ ကျန်းမာရေး ထိခိုက်မှာ စိုးရိမ်တဲ့အတွက် ခြင်သတ်ဆေး ဖြန်းတာကိုတော့ အခြေအနေ အချိန်အခါပေါ် မူတည်ပြီး လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

XS
SM
MD
LG