သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒိုနီးရှား သံအမတ်သစ် လက်ခံရေး Brazil သမ္မတ ဆိုင်းငံ့


ဘရာဇီးလ်သမ္မတ Dilma Rousseff ။
ဘရာဇီးလ်သမ္မတ Dilma Rousseff ။

ဘရာဇီးလ်-အင်ဒိုနီးရှား နှစ်နိုင်ငံအကြား ဆက်ဆံရေးကို ရှင်းရှင်းလင်းလင်း မလုပ်ရသေးသရွေ့ ဘရာဇီးလ်နိုင်ငံဆိုင်ရာ အင်ဒိုနီးရှား သံအမတ်သစ် Toto Riyanto ကို လက်ခံမှာမဟုတ်ဘူးလို့ ဘရာဇီးလ်သမ္မတ Dilma Rousseff က သောကြာနေ့မှာ ပြော လိုက်ပါတယ်။

အသစ်ခန့်အပ်လိုက်တဲ့ သံအမတ်တွေကို Brasilia မြို့တော်မှာ သမ္မတ Roussefff က အခမ်းအနားနဲ့ ကြိုဆိုတာပါ။ ဒါပေမဲ့လည်း အင်ဒိုနီးရှားသံအမတ်သစ်ရဲ့ ခန့်အပ်လွှာကို အတည်ပြုဖို့ကိစ္စကိုတော့ ဆိုင်းငံ့ထားဖို့ သူက ဆုံးဖြတ်ခဲ့ပါတယ်။
ဘရာဇီးလ်နိုင်ငံသား Rodrigo Gularte ဟာ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှုနဲ့ အင်ဒိုနီးရှားနိုင်ငံမှာ လက်ရှိ သေဒဏ် ရင်ဆိုင်နေရတာပါ။

Gularte ဟာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးမကောင်းဘူးဆိုပြီး စမ်းသပ်စစ်ဆေး သိရှိရတာက သူ့ကိုသေဒဏ်ပေးမယ့်ကိစ္စကို တားဆီးဖို့ ဘာမှ လုပ်နိုင်မှာမဟုတ်ဘူးလို့ အင်ဒိုနီးရှားရှေ့နေချုပ် က သောကြာနေ့မှာပြောပါတယ်။ မူးယစ်ဆေးဝါး သယ်ဆောင် ရောင်းဝယ်မှုနဲ့ စွပ်စွဲခံရတဲ့ ဘရာဇီးလ်နိုင်ငံသား Marco Archer Cardoso Moreira ကို ဇန်နဝါရီလမှာ အင်ဒိုနီးရှားက သေဒဏ် စီရင်ခဲ့ပါတယ်။

Moreira ကို သေဒဏ်မပေးဖို့ ဘရာဇီးလ်က ပန်ကြားတာကို အင်ဒိုနီးရှားနိုင်ငံက ပယ်ချပြီးတဲ့နောက် အင်ဒိုနီးရှား နိုင်ငံဆိုင်ရာ ဘရာဇီးလ်သံအမတ် ကို ပြန်ခေါ်ခဲ့ပါတယ်။ အင်ဒိုနီးရှား သံအမတ်ခန့်အပ်လွှာကို ငြင်းပယ်တာမဟုတ်ဘဲ ဆိုင်းငံ့ထား တာသာဖြစ်တယ်လို့ ကြိုတင်စီစဉ်မထားတဲ့ သောကြာနေ့က အကျဉ်းရုံး သတင်းစာရှင်းလင်းပွဲမှာ သမ္မတ Rousseff ကပြောပါ တယ်။

XS
SM
MD
LG