သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့ဖလားအကြို ဘရာဇီးမှာ ဆင်းရဲသား ရပ်ကွက်တွေ ဖယ်ရှားခံရ


မူးယစ်ဆေးရောင်းဝယ်မှု နာမည်ဆိုးထွက်တဲ့ shantytown ဆင်းရဲသားရပ်ကွက်ကို မူးယစ်အထူးနှိမ်နင်းရေး ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ပြီးနောက် ရဟတ်ယာဉ်ဖြင့် ကင်းလှည့်နေပုံ။ (မတ်လ ၂၁၊ ၂၀၁၄)
မူးယစ်ဆေးရောင်းဝယ်မှု နာမည်ဆိုးထွက်တဲ့ shantytown ဆင်းရဲသားရပ်ကွက်ကို မူးယစ်အထူးနှိမ်နင်းရေး ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ပြီးနောက် ရဟတ်ယာဉ်ဖြင့် ကင်းလှည့်နေပုံ။ (မတ်လ ၂၁၊ ၂၀၁၄)
ဘရာဇီးစစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင် ၁ ထောင်လောက်ဟာ လက်နက်အပြည့်တပ်ဆင်ထားတဲ့ စစ်ကားတွေနဲ့ အတူ ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့လေဆိပ်နားက ဆင်းရဲသားရပ်ကွက်ကြီးထဲကို ဝင်ရောက်စီးနင်းခဲ့ကြပါတယ်။

Mare Favela ဆိုတဲ့ အဲဒီဆင်းရဲသားရပ်ကွက်ကြီးကို တနင်္ဂနွေနေ့က ဝင်ရောက်စီးနင်းမှုဟာ အခုနှစ်ကျင်းပမယ့် ကမ္ဘာ့ဖလားနဲ့ ၂၀၁၆ အိုလံပစ်ပြိုင်ပွဲမတိုင်ခင် ရီယိုမြို့မှာ ထကြွသောင်းကျန်းမှုတွေမရှိအောင် နှိမ်နှင်းတဲ့ အစိုးရရဲ့ နောက်ဆုံး နှိမ်နှင်းမှုဖြစ်ပါတယ်။

အဲဒီရပ်ကွက်ဟာ မူးယစ်ဆေးမှောင်ခိုရောင်းဝယ်မှုတွေ အကြီးအကျယ် လုပ်တဲ့နေရာဖြစ်ပြီး ရီယိုမြို့ရဲ့ အန္တရာယ်အများဆုံး နေရာ တနေရာလည်း ဖြစ်ပါတယ်။

လုံခြုံရေးတွေကြိုးပမ်းမှုတွေကို ၂၀၀၈ ကစပြီးလုပ်ဆောင်လာခဲ့တာဖြစ်ပြီး ရီယိုမြို့မှာ ရာဇဝတ်မှုတွေကို နှိမ်နှင်းတဲ့ ရဲစခန်း ၃၇ ခုကို ထားရှိခဲ့ပါတယ်။
XS
SM
MD
LG