သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၄ ကမ္ဘာ့ဖလား အိမ်ရှင်ဘရာဇီးပြင်ဆင်မှု အားရဖွယ်မရှိ

၂၀၁၄ ကမ္ဘာ့ဖလား အိမ်ရှင်ဘရာဇီးပြင်ဆင်မှု အားရဖွယ်မရှိ
၂၀၁၄ ကမ္ဘာ့ဖလား အိမ်ရှင်ဘရာဇီးပြင်ဆင်မှု အားရဖွယ်မရှိ

၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ဘရာဇီးနိုင်ငံရဲ့ ပြင်ဆင် လုပ်ကိုင်ဆောင်ရွက်မှုတွေအပေါ် သူ့အနေနဲ့ စိုးရိမ်မကင်း ဖြစ်မိတယ်လို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် FIFA ရဲ့ ဥက္ကဋ္ဌ ဆပ်ဘလက်တာ (Sepp Blatter) က ဒီကနေ့ တိုကျိုမြို့မှာပြုလုပ်တဲ့ FIFA အလုပ်အမှုဆောင် အရာရှိတွေရဲ့ ဆွေးနွေးပွဲအပြီးမှာ ပြောကြားလိုက်ပါတယ်။

ဘရာဇီးရဲ့ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ အိမ်ရှင်နိုင်ငံအဖြစ် အဆင်သင့်ဖြစ်မှု အခြေအနေတွေကို ရှေ့လာမယ့် ၂၀၁၂ ခုနှစ်မှာ သူ့အနေနဲ့ ဘရာဇီးအစိုးရအဖွဲ့နဲ့ တွေ့ဆုံပြီး ဆွေးနွေးသွားမယ်လို့လည်း FIFA ဥက္ကဋ္ဌ မစ္စတာဘလက်တာက ဆိုပါတယ်။ လုပ်ထုံးလုပ်နည်းအရ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ အိမ်ရှင်နိုင်ငံအဖြစ် ဘရာဇီးအစိုးရရဲ့ အာမခံအကြောင်းကြားမှုကို လက်ခံမရရှိသေးဘူးလို့ FIFA က ပြောပါတယ်။

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ အိမ်ရှင်နိုင်ငံအဖြစ် လိုအပ်တဲ့ လုံခြုံရေးနဲ့ ဆက်သွယ်ရေးကွန်ယက်တွေ မွမ်းမံပြင်ဆင်ဖို့ လမ်းတံတားနဲ့ ဟော်တယ်တွေ ပြုပြင်ရေးနဲ့ အသစ် တည်ဆောက်ရေး လုပ်ငန်းတွေအတွက် နိုင်ငံခြားကနေ ဘရာဇီးမှာ အမေရိကန်ဒေါ်လာ သန်းပေါင်း တစ်သောင်းတစ်ထောင်ကျော် လာရောက် ရင်းနှီးမြှုပ်နံှကြဖို့ လိုအပ်နေသေးတယ်လို့ AFP သတင်းက ဆိုပါတယ်။

This item is part of
XS
SM
MD
LG