သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘရာဇီးလ် သမ္မတကို တရားစွဲဆိုရေး မဲခွဲမည်


ဘရာဇီးလ် သမ္မတ
ဘရာဇီးလ် သမ္မတ

ဘရာဇီးလ်နိုင်ငံက လွှတ်တော်အမတ်တွေဟာ သမ္မတ Dilma Rousseff ကို တရားစွဲဆိုရေးအတွက် ဒေသစံတော်ချိန် တနင်္ဂနွေနေ့မှာ မဲခွဲ ဆုံးဖြတ်ကြမှာ ဖြစ်ပါတယ်။ ဒါဟာ ဘရာဇီးလ်နိုင်ငံမှာ လတ်တလော ရင်ဆိုင်နေရတဲ့နိုင်ငံရေး ပဋိပက္ခတွေထဲက နောက်ဆုံး ဖြစ်ရပ်လည်း ဖြစ်ပါတယ်။

အောက်လွှတ်တော်မှာရှိတဲ့ လွှတ်တော်အမတ် စုစုပေါင်းရဲ့ ၃ ပုံ ၂ ပုံရဲ့ ထောက်ခံချက် ရရှိရင် ဒီအဆိုကို အထက်လွှတ်တော်ကို ပို့မှာ ဖြစ်ပါတယ်။ သမ္မတ Rousseff အနေနဲ့ သူ့ရဲ့ ဒုတိယသမ္မတသက်တမ်း ထက်ဝက်ကျိုးတဲ့အချိန်မှာ ရာထူးက ဆင်းပေးဖို့ ဖြစ်လာနိုင်တဲ့ မဲခွဲ ဆုံးဖြတ်မှု နောက်တခုနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

သမ္မတကို တရားစွဲဆိုမယ့် အစီအစဉ်ကိုတော့ သောကြာနေ့က စတင်ခဲ့တာပါ။

၂၀၁၄ ခုနှစ် ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးမှုတွေအတွင်း အစိုးရဖက်က လိုအပ်ချက်တွေ ရှိခဲ့တာကို ဖုံးကွယ်ဖို့ ကြိုးစားတဲ့အနေနဲ့ မသမာပြီး တရားမဝင်တဲ့ ငွေကြေးဆိုင်ရာ အလွဲသုံးစားပြုမှုတွေ ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကြောင့် သမ္မတ Rousseff ကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေ လွန်ခဲ့တဲ့ လအနဲငယ်အတွင်း တိုးမြင့်လာခဲ့ပါတယ်။ သမ္မတ Rousseff ကတော့ အဲဒီ စွပ်စွဲချက်တွေကို ငြင်းပယ်ထားပါတယ်။

သူမအပေါ် ဝေဖန်သူတွေက တိုင်းပြည် စီးပွားရေး ကျဆင်းနေတာဟာ သမ္မတကြောင့် ဖြစ်ကြောင်းနဲ့ အစိုးရပိုင် Petrobras ရေနံကုမ္ပဏီအတွင်း ကြီးမားတဲ့ အကတိ လိုက်စားမှုတွေမှာ ပါဝင်နေတယ်လို့ ပြစ်တင် ပြောဆိုနေကြပါတယ်။

အသက် ၆၈ နှစ်ရှိပြီဖြစ်တဲ့ သမ္မတ Rousseff ဟာ တိုင်းပြည်ကို ၁၃ နှစ်ကြာ အုပ်ချုပ်လာခဲ့တဲ့ လက်ဝဲယိမ်း အလုပ်သမားပါတီကို ကိုယ်စားပြုပြီး ၂၀၁၀ ခုနှစ်မှာ ပထမဆုံး အကြိမ် ရွေးကောက်ခံခဲ့ရပြီး ၂၀၁၄ ခုနှစ်မှာ ပြန်လည် အရွေးခံခဲ့ရတာပါ။

XS
SM
MD
LG