သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့ဘဏ်၊ IMF တို့နဲ့အပြိုင် အဖွဲ့များ BRICS ထူထောင်ဖွယ်ရှိ


၅ ကြိမ်မြောက် BRICS ညီလာခံ ကျင်းပစဉ်၊ မတ်လ၊ ၂၇၊ ၂၀၁၃
၅ ကြိမ်မြောက် BRICS ညီလာခံ ကျင်းပစဉ်၊ မတ်လ၊ ၂၇၊ ၂၀၁၃

BRICS လို့ခေါ်တဲ့ ဘရာဇီးလ်၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နဲ့ တောင်အာဖရိက နိုင်ငံ ၅ နိုင်ငံက ကမ္ဘာ့ဘဏ်နဲ့ IMF နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့လို နိုင်ငံ တကာ ငွေကြေးအဖွဲ့အစည်းတခု ထူထောင်တာကို ဒီကနေ့ ထုတ်ဖော်ပြောကြားဖို့ ရှိပါတယ်။

စီးပွားရေး ကြီးထွားလာနေတဲ့ နိုင်ငံ ၅ နိုင်ငံပါဝင်တဲ့ BRICS အဖွဲ့က ဘရာဇီးလ် နိုင်ငံ Fortaleza မြို့မှာ ၂ ရက်ကြာ ညီလာခံ ကျင်းပနေပါတယ်။ New Development Bank လို့ ယာယီ နာမည်ပေးထားတဲ့ ကမ္ဘာ့ဘဏ်လို အဖွဲ့အစည်းတခုကို BRICS က တနိုင်ငံ ဒေါ်လာ ၁၀ ဘီလျံနဲ့ မတည်ငွေ ဒေါ်လာ ဘီလျံ ၅၀ နဲ့ စတင်ခဲ့တာဖြစ်ပါတယ်။ ဒီငွေတွေကို ဖွဲ့ဖြိုးဆဲနိုင်ငံတွေက ဆင်းရဲတွင်းနက်မှု လျော့ပါးစေရေးအတွက် အကူငွေအဖြစ် သုံးစွဲမှာ ဖြစ်ပါတယ်။

NDB က ၂၀၁၆ ခုနှစ်မှာ ပထမဆုံး ချေးငွေကို စပြီး ထုတ်ပေးဖို့ရှိတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ IMF နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့နဲ့ စင်ပြိုင်တည်ထောင်တဲ့ ဒီအဖွဲ့အတွက် BRICS က အရေးပေါ် အရန်ငွေအဖြစ် ဒေါ်လာ ဘီလျံ ၁၀၀ မတည်ခဲ့ပါတယ်။ တရုတ်က ၄၁ ဘီလျံချပေးမှာ ဖြစ်သလို ဘရာဇီးလ်၊ အိန္ဒိယနဲ့ ရုရှားတို့က ၁၈ ဘီလျံ၊ တောင်အာဖရိကက ၅ ဘီလျံ ထည့်ဝင်ကြမှာ ဖြစ်ပါတယ်။

NDB ဌာနချုပ်ကို ဘယ်နေရာမှာ ထားမယ်ဆိုတာကိုတော့ မဆုံးဖြတ်ကြသေးပါဘူး။ ဌာနချုပ်ထားမယ့် နေရာအဖြစ် ရှန်ဟိုင်း၊ မော်စကို၊ နယူးဒေလီနဲ့ ဂျိုဟန်နက်စဘတ်မြို့တွေ ထဲက ရွေးချယ်ကြမှာ ဖြစ်ပါတယ်။

XS
SM
MD
LG