သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

EU က ထွက်-မထွက် ထပ်မံဆန္ဒခံဖို့ ဗြိတိန်သားတချို့ဆန္ဒပြ


London Brexit protests
London Brexit protests

ဥရောပသမဂ္ဂ EU ကနေ ဗြိတိန်နိုင်ငံ နုတ်ထွက်မယ့်ကိစ္စကို လူထုဆန္ဒခံယူပွဲအသစ်တခု ပြန်လုပ်ဖို့ တောင်းဆိုပြီး စနေနေ့က လူ ထောင်ပေါင်းများစွာ လန်ဒန်မြို့လည်ခေါင်မှာ ချီတက် ဆန္ဒပြကြပါတယ်။

ဗြိတိန်နုတ်ထွက်ရေးအတွက် အစိုးရနဲ့ EU အကြား သဘောတူညီချက်မှာ လူထုသဘောထားအမြင် ပါဝင်ခွင့်ရရေး ဆန္ဒပြပွဲ စီစဉ် သူတွေက တောင်းဆိုကြတာပါ။ ၂၀၁၆ ခုနှစ်ကလုပ်တဲ့ လူထုဆန္ဒ ခံယူပွဲမှာ ထောက်ခံမဲအများစုနဲ့ နုတ်ထွက်ရေး အတည်ဖြစ် ထားပေမဲ့လည်း အဲဒီအချိန်ကတည်းက ဆိုရင် နုတ်ထွက်တဲ့အတွက် ဆုံးရှုံးနစ်နာမယ့် ငွေကြေးပိုင်းနဲ့ ရှုပ်ထွေးမှုဆိုင်ရာ အချက်အလက် အသစ်တွေ ထွက်လာတယ်လို့ ဆန္ဒပြသူတွေက ပြောကြပါတယ်။

ဆန္ဒပြပွဲမှာပါဝင်မယ့် ဗြိတိန်နိုင်ငံတဝန်းက တက်ကြွလှုပ်ရှားသူ ထောင်ပေါင်းများစွာကို ဘတ်စ်ကား အစီး ၂၅၀ လောက်နဲ့ လန်ဒန်မြို့ကိုပို့ပေးခဲ့ပြီး ပါဝင်သူ ၅၀၀,၀၀၀ ကျော်တယ်လို့ ပွဲစီစဉ်သူတွေက ခန့်မှန်းပါတယ်။

ဗြိတိန်ဝန်ကြီးချုပ် Theresa May ကတော့ လူထုဆန္ဒခံယူပွဲ ထပ်လုပ်ဖို့ကိစ္စကို ပယ်ချထားပါတယ်။

ဗြိတိန်နိုင်ငံဟာ ၂၀၁၉ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့မှာ EU ကနေ ခွဲထွက်ဖို့ ရက်သတ်မှတ်ထားပေမဲ့ နုတ်ထွက်ရေးဆိုင်ရာ စေ့စပ် ညှိနှိုင်းတာတွေမှာ သဘောတူညီချက်မရဘဲဖြစ်နေတာပါ။ အထူးသဖြင့် အိုင်ယာလန်သမ္မတနိုင်ငံနဲ့ မြောက်ပိုင်းအိုင်ယာလန် အကြား အနာဂတ်မှာဖြစ်လာမယ့် နယ်စပ်ကို သတ်မှတ်တဲ့အပေါ် ညှိနှိုင်းလို့မရသေးပါဘူး။ အဲဒီနယ်စပ်ဟာ EU ထဲကနေ ဗြိတိန် နုတ်ထွက်ပြီးတဲ့နောက် EU နဲ့ United Kingdom အကြား ကုန်းပိုင်းနယ်နိမိတ် ထိစပ်တဲ့ တခုတည်းသောနေရာ ဖြစ်လာမှာပါ။ အိုင်ယာလန်သမ္မတနိုင်ငံက EU အဖွဲ့ဝင်ဖြစ်ပြီး မြောက်ပိုင်းအိုင်ယာလန်ကတော့ UK ထဲမှာ ပါနေတာကြောင့် ဖြစ်ပါတယ်။

EU က ထွက်-မထွက် ထပ်မံဆန္ဒခံဖို့ ဗြိတိန်သားတချို့ဆန္ဒပြ
please wait

No media source currently available

0:00 0:01:17 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG