သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီးယူကခွဲထွက်ရေး ဗြိတိန်ဆန္ဒခံယူပွဲရလဒ် အတည်ဖြစ်


ဖေဖော်ဝါရီလ ၂၁ရက်နေ့က လန်ဒန် မြို့တော်ဝန် Boris Johnson က ဥရောပသမဂ္ဂမှ ဗြိတိန်နိုင်ငံခွဲထွက်ရေး လှုပ်ရှားမှုတွင်ထောက်ခံ ပါဝင်ကြောင်း ပြောကြားနေစဉ်။ (AP Photo/Tim Ireland)
ဖေဖော်ဝါရီလ ၂၁ရက်နေ့က လန်ဒန် မြို့တော်ဝန် Boris Johnson က ဥရောပသမဂ္ဂမှ ဗြိတိန်နိုင်ငံခွဲထွက်ရေး လှုပ်ရှားမှုတွင်ထောက်ခံ ပါဝင်ကြောင်း ပြောကြားနေစဉ်။ (AP Photo/Tim Ireland)

ဗြိတိန်နိုင်ငံအနေနဲ့ EU ဥရောပသမဂ္ဂ ကနေခွဲထွက်ရေးကိစ္စ ဆန္ဒခံယူပွဲရဲ့ ထွက်ပေါ်လာတဲ့ ဆုံးဖြတ်ချက်ဟာ နောက်ဆုံးအတည် ဖြစ်လိမ့်မယ်လို့ ဗြိတိန် ဝန်ကြီးချုပ် David Cameron က ပြောဆိုလိုက်ပါတယ်။

ဒါဟာ ကျနော်တို့တိုင်းပြည်အတွက် အလွန်အရေးပါတဲ့ ဆုံးဖြတ်ချက် ဖြစ်သလို နောက်ဆုံးအတည်ဖြစ်မယ့် ဆုံးဖြတ်ချက်ဖြစ်တယ်ဆိုတာကို ကျွန်တော်တို့ ရှင်းရှင်းလင်းလင်း သိထားကြမယ်လို့ သူ့အနေနဲ့ ယုံကြည်ကြောင်း တနင်္လာနေ့မှာ ဝန်ကြီးချုပ် Cameron က လွှတ်တော်ကို ပြောကြားခဲ့ပါတယ်။

ဒုတိယအကြိမ် ဆန္ဒခံယူပွဲ ကျင်းပဖို့ လန်ဒန်မြို့တော်ဝန် Boris Johnson ရဲ့ တောင်းဆို ချက်ကို ဝန်ကြီးချုပ်က ပယ်ချလိုက်ပါတယ်။ မြို့တော်ဝန်က ခွဲထွက်ရေး မဲပေးဆုံးဖြတ်မှု က ဗြိတိန်နိုင်ငံအနေနဲ့ EU နဲ့ သပ်မှတ်ချက်တွေကို ပြန်ညှိနှိုင်းနိုင်လိမ့်မယ်လို့ အကြံပြု ထားပါတယ်။

XS
SM
MD
LG