သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗြိတိန်မင်းသား William ရဲ့ဇနီး Kate မီးဖွားဖို့ ဆေးရုံရောက်


ဗြိတိန်နိုင်ငံက မင်းသား William ရဲ့ဇနီး Kate ဟာ သားဖွားချိန် နီးလာနေပြီ ဖြစ်တာကြောင့် ဆေးရုံတင်လိုက်ပြီလို့ တော်ဝင်နန်းတော် အရာရှိတွေက ပြောပါတယ်။

စနေ၊ တနင်္ဂနွေ သီတင်းပတ်ကုန်ပိုင်းအတွင်း Kensington နန်းတော်ကို သွားရောက် လည်ပတ်ခဲ့ကြတဲ့ Kate နဲ့ William တို့ဟာ ဒီကနေ့ တနင်္လာနေ့မနက် ၆ နာရီလောက်မှာ လန်ဒန်မြို့လယ်မှာရှိတဲ့ Saint Mary’s ဆေးရုံကို ရောက်သွားကြတာ ဖြစ်ပါတယ်။

ဗြိတိန်နိုင်ငံမှာ လက်ရှိအဆိုပြုထားတဲ့ ဥပဒေအရ အခုမွေးလားတဲ့ ရင်သွေးငယ်ဟာ အနာဂတ် ဗြိတိန်နိုင်ငံရဲ့ ဘုရင်၊ သို့မဟုတ် ဘုရင်မ ဖြစ်လာမှာပါ။ ဒီဥပဒေကိုတော့ ဗြိတိန်ပါလီမန်ကနေ အတည်ပြုပေးရဦးမှာ ဖြစ်ပါတယ်။

အခုမွေးဖွားမယ့် ကလေးငယ်ဟာ မင်းသား ဝီလျံရဲ့ညီ မင်းသား ဟယ်ရီရဲ့ နန်းတက်ပိုင်ခွင့် တတိယအဆင့်ကို အစားထိုးရယူပြီး ဘုရင်မကြီး Elizabeth ရဲ့ သားကြီး မင်းသားကြီး Charles နဲ့ သူ့ရဲ့သား မင်းသား ဝီလျံတို့ပြီးရင် တတိယမြောက် နန်းလျာလောင်း ဖြစ်လာမှာပါ။

ဗြိတိန်နိုင်ငံမှာ သားယောကျ်ားလေးကသာ နန်းသက် ဆက်ခံပိုင်ခွင့်ရှိကြောင်း ရာစုနှစ်ပေါင်း များစွာကတည်းက သတ်မှတ် ကျင့်သုံးလာတဲ့ အစဉ်အလာရှိတကြောင့် အရင်မွေးဖွားတဲ့ မင်းသမီးကို နောက်မှ မွေးတဲ့ မင်းသားငယ်က ကျော်ပြီး နန်းဆက်ကို အစားထိုး ရယူသွားလေ့ ရှိပါတယ်။
XS
SM
MD
LG