သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗြိတိန်ရွေးကောက်ပွဲ ကွန်ဆာဗေးတစ် ပါတီ အနိုင်ရ

အနိုင်ရပါတီ ကွန်ဆာဗေးတစ်ခေါင်းဆောင် David Cameron မီဒီယာနဲ့တွေ့ဆုံ (မေလ ၈၊ ၂၀၁၅)
အနိုင်ရပါတီ ကွန်ဆာဗေးတစ်ခေါင်းဆောင် David Cameron မီဒီယာနဲ့တွေ့ဆုံ (မေလ ၈၊ ၂၀၁၅)

ဗြိတိန် ပါလီမန် ရွေးကောက်ပွဲမှာ လက်ရှိ အာဏာရ ကွန်ဆာဗေးတစ် ပါတီက အများစု အနိုင်ရပြီး ဝန်ကြီးချုပ် David Cameron က အစိုးရသစ် ပြန်လည် ဖွဲ့စည်းမယ်လို့ ပြောဆိုလိုက်ပါတယ်။ ရွေးကောက်ပွဲကြိုကာလတွေ တုန်းကတော့ မဲရလဒ်တွေ သိပ်မကွာဘူးလို့ ခန့်မှန်းထားတာပေမယ့် ကွန်ဆာဗေးတစ် ပါတီက အစိုးရ ဖွဲ့နိုင်လောက်တဲ့ လုံလောက်တဲ့ အရေအတွက်ကို အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

မစ္စတာ ကင်မရွန်းကလည်း ဝန်ကြီးချုပ် အဖြစ် နောက်ထပ် ၅ နှစ် သက်တမ်း ရယူမှာ ဖြစ်သလို သူ့ရဲ့ ကွန်ဆာဗေးတစ် ပါတီကလည်း ဗြိတိန် ပါလီမန် အောက်လွှတ်တော် အမတ် နေရာ ၆၅၀ မှာ ၃၂၆ နေရာကျော် ကို နေရာရသွားတာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲ ရလဒ် ထွက်လာပြီးနောက်မှာတော့ အတိုက်အခံ Labor ပါတီရဲ့ ဒုတိယ ခေါင်းဆောင် Ed Miliband အပါအဝင် ပါတီ ခေါင်းဆောင်တွေ နုတ်ထွက်လိုက်ကြပါတယ်။

Elizabeth ဘုရင်မကြီးကို Buckingham နန်းတော်မှာ သွားရောက်တွေ့ဆုံပြီးနောက် လူထုကို စကားပြောတာမှာတော့ မစ္စတာ ကင်မရွန်းက ဗြိတိန်နိုင်ငံ တပေါင်း တစည်းတည်း ဖြစ်စေဖို့ အုပ်ချုပ်သွားမယ်လို့ သန္နိဋ္ဌာန်ပြုပြောဆိုခဲ့ပါတယ်။ ဒါအပြင် အဖွဲ့ဝင် ၂၈ နိုင်ငံပါ ဥရောပ သမဂ္ဂမှာ ဗြိတိန် ဆက်ပြီး ပါဝင်သင့်သလား ၊ နုတ်ထွက်မလား ဆိုတာကို လူထု စစ်တမ်း တရပ် ကောက်ယူမယ်လို့လည်း ကတိပြုပြောကြားခဲ့ပါတယ်။

စကော့အမျိုးသား ပါတီက နေရာ အတော်များများ အောင်ပွဲရခဲ့တာ ဟာလည်း ရွေးကောက်ပွဲ မှာ အထူးဘဲ အံ့သြသင့်စရာ ဖြစ်ခဲ့တာပါ။ စကော့တလန် လွတ်လပ်ရေး လိုလားတဲ့ စကော့အမျိုးသားပါတီက အောက်လွှတ်တော် အမတ်နေရာ ၅၀ ကျော် ရရှိခဲ့တာကြောင့် စကော့တလန်နယ်က နေရာ အားလုံးနီးပါးကို လေဘာ ပါတီကိုကျော်ပြီး အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

အတိုက်အခံ လေဘာ ပါတီကတော့ အင်္ဂလန်နဲ့ ဝေလနယ်က အမတ်နေရာတွေကိုလည်း ကွန်ဆာဗေးတစ်ကို အရှုံးပေးခဲ့ရတာ ဖြစ်ပါတယ်။ မဲဆန္ဒရှင်တွေရဲ့ ဆုံးဖြတ် မဲပေးခဲ့မှုတွေဟာ လေဘာပါတီ အတွက်တော့ အကြီးအကျယ် စိတ်ပျက်စရာ၊ အခက်တွေ့စရာ ညတည ဖြစ်စေခဲ့ပါတယ်လို့ Labor ပါတီရဲ့ အကြီးအကဲ တဦး ဖြစ်တဲ့ Ed Miliband က ပြောဆိုပါတယ်။

စကော့နယ်မှာ ရှုံးနိမ့်ခဲ့ရတာကတော့ စကော့နယ်မှာ အမျိုးသားရေး ပြင်းထန် လာနေတာကြောင့်လို့ မှတ်ချက်ပေးပါတယ်။ လေဘာပါတီ ခေါင်းဆောင် Ed Miliband၊ Liberal Democrats ပါတီ ခေါင်းဆောင် Nick Clegg နဲ့ UKIP ပါတီ ခေါင်းဆောင် Nigel Farage (နိုင်ဂျယ် ဖရာဂျီ ) တို့လည်း ရာထူးကနေ နုတ်ထွက် သွားကြပြီ ဖြစ်ပါတယ်။

This item is part of
XS
SM
MD
LG