သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

EU ထဲ ဗြိတိန် ဆက်နေ-မနေ ဆွေးနွေးနေ


ဗြိတိန်ဝန်ကြီးချုပ် David Cameron နဲ့ EU ဥရောပ ပါလီမန် ဥက္ကဋ္ဌ Martin Schulz။ (ဖေဖော်ဝါရီ၊ ၂၀၁၆)
ဗြိတိန်ဝန်ကြီးချုပ် David Cameron နဲ့ EU ဥရောပ ပါလီမန် ဥက္ကဋ္ဌ Martin Schulz။ (ဖေဖော်ဝါရီ၊ ၂၀၁၆)

ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မှာ ကျင်းပနေတဲ့ EU ဥရောပ သမဂ္ဂခေါင်းဆောင်တွေ ရဲ့ ထိပ်သီးဆွေးနွေးပွဲမှာ ဗြိတိန်နိုင်ငံ EU အဖွဲ့ဝင်အဖြစ် ဆက်လက် ရပ်တည်မှု လုပ်မလုပ် အရေးနဲ့ ပါတ်သက်ပြီး သောကြာနေ့ ညနေပိုင်းအထိ ဆက်ပြီးဆွေးနွေးနေတယ်လို့ ဗြိတိန်ဝန်ကြီးချုပ် David Cameron ကပြောပါတယ်။

သောကြာ ညနေအထိ ဆက်ပြီး အပေးအယူ ညှိနှိုင်းမှုတွေ လုပ်နေတယ်လို့ သူ့ရဲ့ တွစ်တာ စာမျက်နှာမှာ ရေးသားခဲ့တာပါ။ တကယ်လို့ အပေးအယူတဲ့ပြီဆိုရင် ကက်ဘိနက် အစည်းအဝေးကတော့ သောကြာညဘက်မှာ ကျင်းပဖို့ ရှိတယ် လို့လည်း ဆိုပါတယ်။ ဒါ့အကြောင့် လန်ဒန်ကို အရင် စီစဉ်ထား သလို လေယာဉ် နဲ့ပြန်မယ်လို့ ကြေညာခဲ့ပေမယ့် မဖြစ်နိုင်ကြောင်း ရေးသားထား တာပါ။

ကြာသပတေးနေ့မှာ စတင်တဲ့ ထိပ်သီးဆွေးနွေးပွဲမှာ ဥရောပခေါင်းဆောင်တွေဟာ ဗြိတိန်နိုင်ငံ EU အဖွဲ့ဝင်အဖြစ်ကနေ နှုတ်ထွက်မယ့် အရေးအပြင် ရွှေ့ပြောင်း ဒုက္ခသည်များဆိုင်ရာ ပြဿနာတွေကိုပါ ဆွေးနွေးခဲ့ကြပါတယ်။

ဥရောပလွှတ်တော် အကြီးအကဲ Martin Schulz က တော့ ညီလာခံဟာ အရင်စီစဉ်ထားသလို သောကြာနေ့မှာ ပြီးဆုံးနိုင်တယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။

XS
SM
MD
LG