သုံးရလွယ်ကူစေသည့် Link များ

ဗြိတိန်နိုင်ငံခြားရေး ၀န်ကြီး Hague ရာထူးက နုတ်ထွက်မည်


ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး William Hague

ဗြိတိန်ရဲ့ ထိပ်တန်းသံတမန်ရာထူးမှာ လေးနှစ် တာဝန်ထမ်းဆောင်ခဲ့ပြီးတဲ့နောက် အဲဒီရာထူးကနေ နုတ်ထွက်တော့မှာဖြစ်တယ်လို့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဝီလျံ ဟိတ်ဂ် (William Hague) က တနင်္လာနေ့က ပြောပါတယ်။ ဒါဟာ ၂၀၁၀ ရွေးကောက်ပွဲအပြီး ဝန်ကြီးချုပ်ဒေးဗစ် ကမ်မရွမ်းရဲ့ အစိုးရအဖွဲ့မှာ ကြီးမားတဲ့အပြောင်းအလဲတွေ ဖော်ဆောင်မှုရဲ့ တစိတ်တပိုင်းလို့ ရှုမြင်ကြပါတယ်။

နိုင်ငံခြားရေးဝန်ကြီး Hague က သူ့ရဲ့ တွစ်တာအကောင့်မှာ သူ့အနေနဲ့ ရာထူးကနေ နုတ်ထွက်တော့မှာ ဖြစ်တဲ့အကြောင်း နောက်နှစ်မေလမှာ ကျင်းပဖို့ရှိတဲ့ အထွေထွေ ရွေးကောက်ပွဲကြီးမှာ သူ့အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်မှာ မဟုတ်တဲ့အကြောင်း ရေးသားထားပါတယ်။ သူ့နေရာမှာ လက်ရှိ ကာကွယ်ရေးဝန်ကြီး ဖိလစ် ဟာမန် (Philip Hammond) ကို နိုင်ငံခြားရေးဝန်ကြီးအဖြစ် အစားထိုးခန့်အပ်ဖွယ်ရှိကြောင်း ဗြိတိသျှ သတင်းမီဒီယာတွေမှာ ရေးသားဖော်ပြကြပါတယ်။

Conservative ပါတီခေါင်းဆောင် ဝန်ကြီးချုပ် David Cameron အနေနဲ့ အထွေထွေ ရွေးကောက်ပွဲကြီးမတိုင်မီ ထိပ်တန်း အစိုးရရာထူးတွေမှာ နောက်ဆုံး အပြောင်းအလဲ ခန့်အပ်မှုတွေ ပြုလုပ်နေတာဖြစ်တယ်လို့ ရှုမြင်ကြပါတယ်။ အင်္ဂါနေ့မှာတော့ မစ္စတာ ကင်မရွန်းအနေနဲ့ ခန့်အပ်မှု အသစ်တွေကို ကြေညာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

လူထုသဘောထားအမြင် ကောက်ခံချက်တွေမှာ အတိုက်အခံလေဘာပါတီနောက်က သူ့ပါတီအနေနဲ့ ၇% အမှတ်ကွာနဲ့ လိုက်နေတာကြောင့် မစ္စတာ ကင်မရွန်းအနေနဲ့ ကျား-မ မညီမျှမှု ရှိနေတာကို ပြုပြင်တဲ့အနေနဲ့ အသက်ကြီးတဲ့ အမျိုးသားအတော်များများကို ရာထူးကနေ ထုတ်ပယ်ပစ်ပြီး ထိပ်တန်းရာထူးတွေမှာ အမျိုးသမီးတွေကို တိုးခန့်အပ်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

မစ္စတာ ဟိတ်ဂ်က သူ့အနေနဲ့ အောက်လွှတ်တော်မှာ ခေါင်းဆောင်အဖြစ်သာ တာဝန်ထမ်းဆောင်သွားမယ်လို့ ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG