သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗြိတိန်ဝန်ကြီးချုပ်ရဲ့ မီဒီယာအကြံပေးဟောင်းကို ရဲကဖမ်းဆီး


ဗြိတိန်ဝန်ကြီးချုပ်ရဲ့ မီဒီယာအကြံပေးဟောင်းကို ရဲကဖမ်းဆီး
ဗြိတိန်ဝန်ကြီးချုပ်ရဲ့ မီဒီယာအကြံပေးဟောင်းကို ရဲကဖမ်းဆီး

သြစတြေလျနိုင်ငံသား မီဒီယာသူဋ္ဌေးကြီး ရူးပတ်မားဒေါ့ (Rupert Murdoch) ပိုင်ဆိုင်တဲ့၊ ဗြိတိန်နိုင်ငံက News of the World အမည်ရှိ လူကြိုက်များတဲ့ Tabloid စာစောင်ဟာ တယ်လီဖုန်းတွေကို ကြားဖြတ်ခိုးယူ နားထောင် ခဲ့တယ်လို့ ကျယ်ကျယ်ပြန့်ပြန့် စွပ်စွဲခံနေရတာကြောင့် အဲဒီအမှုကို စစ်ဆေးနေခြင်းရဲ့ တစိတ်တပိုင်းအဖြစ် ဗြိတိ သျှ ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းရဲ့ သတင်းမီဒီယာ အကြံပေး အရာရှိဟောင်းကို လန်ဒန်ရဲတပ်ဖွဲ့က ဇူလိုင်လ ၈ ရက်နေ့က ဖမ်းဆီးလိုက်ပါတယ်။ ဝန်ကြီးချုပ်ကင်မရွန်းရဲ့ သတင်းမီဒီယာ အကြံပေးတာဝန်ယူခဲ့တဲ့ အဲန်ဒီကော်လ် ဆန် (Andy Coulson) ဟာ တယ်လီဖုန်းစကားပြောဆိုမှုတွေကို ကြားဖြတ်နားထောင်ခြင်း စီစဉ်ခဲ့သူ ဖြစ်တယ်လို့ လန်ဒန်ရဲတပ်ဖွဲ့က ပြောပါတယ်။

News of the World အများကြိုက်စာစောင်ရဲ့ အယ်ဒီတာချုပ်ဖြစ်ခဲ့တဲ့ အဲန်ဒီကော်လ်ဆန် ကို ဝန်ကြီးချုပ် ကင်မ ရွန်းက သူ့ရဲ့ သတင်းမီဒီယာ အကြံပေးအရာရှိ နဲ့ မီဒီယာ ဆက်သွယ်ရေး အရာရှိချုပ်အဖြစ် မနှစ်က ငှားရမ်းခန့် အပ်ခဲ့တာပါ။ ဒါပေမဲ့၂၀၀၇ ခုနှစ်က News of the World စာစောင်ရဲ့ အယ်ဒီတာချုပ်အဖြစ်ကနေ နှုတ်ထွက်ခဲ့တဲ့ အဲန်ဒီကော်လ်ဆန်ဟာ သူ ဒီစာစောင်ကို တာဝန်ယူထားစဉ်အတွင်း တယ်လီဖုန်း ကြားဖြတ် နားထောင်မှုတွေ လုပ်ဆောင်ပြီး သတင်းတွေကို ရယူခဲ့တယ်လို့ စွပ်စွဲချက်တွေ ပေါ်ထွက်လာခဲ့တာကြောင့် ပြီးခဲ့တဲ့ ဇန်နဝါရီလက ဝန်ကြီးချုပ်ရဲ့ သတင်းမီဒီယာ ဆက်သွယ်ရေးအရာရှိချုပ် အဖြစ်ကနေလည်း၊ နှုတ်ထွက်ခဲ့ပါတယ်။

ဗြိတိသျှဝန်ကြီးချုပ် ကင်မရွန်းက မစ္စတာ ကော်လ်ဆန်ဟာ တယ်လီဖုန်း ကြားဖြတ်နားထောင်မှုတွေမှာ သူ မပတ်သက်ဘူးလို့ ပြောဆိုခဲ့တာကြောင့် သူဟာ ဒုတိယ အခွင့်အရေးပေးတဲ့အနေနဲ့ အလုပ်ခန့်ခဲ့တာ ဖြစ်တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့လည်း ဒါဟာ အလုပ်မအဖြစ်ခဲ့ဘူးလို့လည်း ဝန်ကြီးချုပ် ကင်မရွန်က ဝန်ခံပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG